တိုက်ပွဲသတင်း

ဒုံးတပ်အပါ ထောက်ပို့တပ်စခန်းအကြီးဖြစ်တဲ့ နွမ်လန့် တပ်စခန်း ၂ ခုကို KIA က တစ်ရက်ထဲ သိမ်းပိုက်

တိုက်ပွဲမှာ ၂ ဖက် စစ်တပ် ထိခိုက်သေဆုံးမှုရှိ

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဒုံးတပ်အပါ စစ်တပ်ရဲ့ ထောက်ပို့တပ်စခန်းတစ်ခုဖြစ်တဲ့ နွမ်လန့်တပ်စခန်းကြီးကို KIA ပူးပေါင်းတပ်တွေက မတ်လ ၂၁ ရက်နေ့ တစ်ရက်တည်းမှာပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၁ ရက်နေ့  KIA တပ်တွေက ဒေါ့ဖုန်းယန်အနီး ကျန်ရှိနေတဲ့ တပ်စခန်း ၅ ခုထဲကနေ နွမ်လန့်(Numlang) တပ်စခန်း ၂ ခုနဲ့ နောင်ကွန်(Nawng Kawn) အမြှောက် ၃ နေရာကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နွမ်လန့်မှာ ခမရ ၄၃၈ တပ်ရင်း နဲ့ ခမရ ၆၁၆ ဒုံးတပ်  ခုတည်ရှိတာဖြစ်ပြီး ညနေပိုင်း  နာရီလောက်မှာ ခမရ ၄၃၈ ကို စသိမ်းနိုင်ခဲ့သလို   နာရီလောက်မှာ ဒုံးတပ်ကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ နွမ်လန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ 

“ ၄၃၈ နဲ့ ၆၁၆ တပ်စခန်း  ခုကိုတော့ မနေ့ည  နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီ။ ဒီကနေ့ ကတော့ တပ်စခန်းအတွင်းထဲကနေ လက်နက်ခဲယမ်းတွေကို သိမ်းယူတော့မယ်လို့ကြားတယ်။ တစ်ရက်ထဲမှာပဲ သိမ်းလိုက်တာဖြစ်ပါတယ်လို့ပြောပါတယ်။

နွမ်လန့် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး တပ်တွင်းကျန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ   နာရီလောက်မှာ ထွက်ပြေးသွားကြတာကြောင့် စခန်းကို သိမ်းလိုက်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

နွမ်လန့်တပ်စခန်းဟာ ခံစစ်အများအပြားနဲ့ လုံခြုံရေးယူထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်တာကြောင့် မနေ့က တိုက်ပွဲမှာ KIA ဘက်က  ဦး ကျဆုံးသွားပြီး ၁၀ ဦးကျော်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။

လက်ရှိ နွမ်လန့် တပ်စခန်းတစ်ခုလုံးကို KIA က ထိန်းချုပ်ထားပြီဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ ဒီကနေ့မှာ စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

KIA က ထပ်မံသိမ်းယူလိုက်တဲ့ နွမ်လန့်တပ်စခန်းဟာ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်း၊ ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်းတို့နဲ့ အလားတူ အရေးပါတဲ့ တပ်စခန်းကြီး ဖြစ်သလို ဒုံးတပ်အထိုင်ချထားတဲ့တပ်ရင်းဖြစ်ပါတယ်။

ဒါ့ပြင် နွမ်လန့်တပ်စခန်းဟာ ဗန်းမော်ဘက်ကနေ တင်ပို့လာတဲ့ စစ်အင်အားအပါအဝင် စစ်ရိက္ခာတွေကို ဒါဆိုင်း ခလရ ၂၃၇ တပ်ရင်းကနေတဆင့် နွမ်လန့်တပ်ရင်းထဲကို သယ်ပို့ယူပြီးတော့ ဒေါ့ဖုန်ယန်နဲ့ KIO လိုင်ဇာဗဟိုဌာနချုပ်နေရာဘက်ကို ထောက်ပို့ပေးနေတဲ့ အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

ဒါ့ကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်မှာကျန်ရှိနေတဲ့ တပ်စခန်းတွေကနေ စစ်တပ်ရဲ့အဆစ်အမြစ်ဖြစ်စေတဲ့ ထောက်ပို့စခန်းတစ်ခုကိုထပ်မံသိမ်းယူလိုက်တာဖြစ်တယ်လို့ နွမ်လန့်ဒေသခံကဆက်ပြောပါတယ်။

အဓိကတော့ နွမ်လန့်တပ်ကနေ မိုးမောက်မြို့နယ်မှာရှိတဲ့ အလောဘွမ့်တပ်စခန်းဘက်ကိုအင်အားဖြည့်တင်းပေးတယ်။ ပြီးရင် ဒေါ့ဖုန်းယန်ကနေအထက်မှာရှိတဲ့ တဆင့်ခယာဘွမ့်၊ ဖွန်းပရန်ဘွမ့်၊ စစ်ရိက္ခာတွေကိုနွမ်လန့်တပ်စခန်းမှာအရင် တင်ပို့ပြီးတော့ အထက်ကို ပြန်ပို့ပေးတဲ့ သူတို့ရဲ့ ရိက္ခာသိုလှောင်နေရာတစ်ခုပေါ့လို့ပြောပါတယ်။

မိုးမောက်မြို့နယ်မှာရှိတဲ့ အလောဘွမ့်ဘက်ကိုလည်း စစ်အင်အားနဲ့ စစ်ရိက္ခာတွေကို နွမ်လန့်တပ်စခန်းကနေ သယ်ပို့ပေးနေတဲ့ တပ်စခန်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဗန်းမော်မြို့ကနေ တက်လာရင် ဒေါ့ဖုန်းယန်မရောက်မှီ ဒါဆိုင်း၊ မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နောင်ကွန်၊ စလောင်းကုန်း နဲ့ နွမ်လန့် စတဲ့ စစ်ကောင်စီတပ်စခန်း အများအပြားရှိပါတယ်။

KIA တပ်တွေက မတ်လ  ရက်နေ့ကစပြီး ဒေါ့ဖုန်းယန်အပါ KIO လိုင်ဇာဗဟိုဌာနချုပ်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအကြီး ၁၀ ခုအထက်နဲ့ ရှေ့တန်းစခန်းငယ် စုစုပေါင်း ၃၀ ကျော်လောက်ကို ၁၀ ရက်ကျော်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီတပ်စခန်းတွေ သိမ်းပိုက်လိုက်ပြီးနောက်ကျန်ရှိနေသေးတဲ့ ဒါဆိုင်း၊ မြို့သစ်၊ ကုန်းလော၊ စီဟတ်၊ နောင်ကွန်၊ စလောင်းကုန်း နဲ့ နွမ်လန့် စတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူဖို့အတွက် မတ်လ ၂၁ ရက်နေ့မှာ နွမ်လန့်နဲ့ နောင်ကွန်မှာရှိတဲ့ တပ်စခန်းကို စတင်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

နောင်ကွန်တပ်ဟာ နွမ်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း  မိုင်အကွာမှာရှိပြီး လက်ရှိအချိန်အထိသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

KIO လိုင်ဇာဗဟိုဌာနချုပ်အနီးတဝိုက်မှာ နှစ်ပေါင်း ၂၀ ကျော်လောက် သက်တမ်းကြာမြင့်ပြီး တပ်စွဲထားတဲ့ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်စခန်းတွေ ကင်းစင်လာပြီးတော့ သိမ်းယူထားတဲ့ တပ်စခန်းနေရာမှာ KIA ကထိန်းချုပ်ထားပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button