တိုက်ပွဲ
-
Mar- 2024 -14 March
ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်
ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀…
Read More » -
14 March
ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ
မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။
Read More » -
14 March
မိုးမောက်နယ် ဒါဆိုင်း(Dasai) တပ်စခန်းကို KIA က သိမ်းပိုက်နိုင်
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာအနီးမှာရှိတဲ့ ဒါဆိုင်း(Dasai Dap) စစ်ကောင်စီတပ်ရဲ့ ခလရ ၂၃၇ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ မတ်လ ၁၄ ရက် ဒီကနေ့ မနက်ပိုင်းက အပြီးသတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်ကလည်း အဆက်မပြတ်…
Read More » -
12 March
ကသိုဏ်းတောင်(Kasen Bum)တပ်စခန်းကို KIA က အပြီးသတ်ရှင်းလင်း
KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တာမခံတပ်စခန်းသိမ်းပိုက်အပြီး မတ်လ ၁၁ နေ့ ညနေပိုင်းပိုင်းလောက်မှာ ကသိုဏ်းတောင်တပ်စခန်းကို ထပ်မံပိတ်ဆို့တိုက်ခိုက်လာချိန်မှာဘဲ စစ်ကောင်စီတပ်သားတွေက တပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကို ပြောပါတယ်။
Read More » -
11 March
တာမခံကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိတိတိုက်ခိုက်ခံရ
“တိုက်ပွဲ ဖြစ်တော့မနေ့ကလက်နက်ကြီးတွေအတော်ထုတယ် ဆိုင်းအောင်ရွာထဲက ဘုန်းကြီးကျောင်းမှာတစ်လုံးကျတယ်အဲ့မှာအလှူလုပ်ဖို့ထမင်းချက်နေတဲ့လူတွေရှိတဲ့ မီးဖိုချောင်ထဲကျတာတစ်ယောက်ကပွဲချင်းပြီး ၂ယောက်က ဒဏ်ရာရတယ် တစ်ယောက်ပါးစပ်ပြဲသွားတယ်”လို့ အထက်ဖော်ပြပါအရပ်သားတစ်ဦးကပြောပါတယ်။
Read More » -
11 March
စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်
မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ “နောက်ဆုံးအခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။” ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းကြီးတွေကတော့ ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိကြောင်း သိရပါတယ်။ လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း ၊ တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက် မနက်အစောပိုင်းကပြီး မြစ်ကြီးနား – ဗန်းမော်ကားမတစ်ကြောရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လိုင်ဇာမြို့ကို အမြဲလက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တပ်ပေါင်းစုတွေ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့မနက်ထိ ၃ ရက်အတွင်းက အခြေအနေဖြစ်ပါတယ်။ လက်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံတွေ ပြောပါတယ်။ အဲ့ဒါအပြင် စစ်တပ်က နေ့တိုင်းလေကြောင်းကနေ အပြင်းအထန် လာရောက်ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာတွေမှာ စစ်ကောင်စီက ရွာသားတွေကို ထွက်ပြေးခွင့်မပေးပဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပဲ စုထားတာကြောင့် ဒေသခံပြည်သူအမြောက်အများ ပိတ်မိနေတာလည်း ရှိပါတယ်။…
Read More » -
11 March
ကသာနဲ့မဘိမ်းကြားက ခလရ ၁၂၁ တပ်ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်
စစ်ကိုင်း– ကချင် နဲ့ ရှမ်းမြောက်အစပ် ကသာမြို့နယ်နဲ့မဘိမ်းမြို့ကြားက ငအိုးရွာမှာရှိတဲ့ စစ်ကောင်စီ တပ် ခလရ–၁၂၁ ကို ဒီကနေ့မနက်ပိုင်း ၂ နာရီဝန်းကျင်လောက်ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ တွေက အလှစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါ တယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ၊ ကျောင်းသားတပ်မတော် ABSDF အပါအဝင် ရခိုင့်တပ်တော် AA တို့ကပါ ဒီတိုက်ခိုက်မှုမှာ ပါဝင်တိုက်ခိုက်နေကြတယ်လို့ ကသာမြို့မတိုက်နယ် ပကဖ တာဝန်ခံဆီကသိရပါတယ်။ “ဒီမနက်တိုက်တာဗျ အလှစ်အငိုက်ဝင်ဆော်လိုက်တာဗျ အခြေနေကတော့ကောင်းပါတယ် သူတို့ ဘက်က ကျဆုံးမှုတော့ရှိနိုင်တယ် တချို့ခဲယမ်းတွေလည်းရရှိတာရှိပါတယ်။ စခန်းသိမ်းတာမျိုး တော့မဟုတ်ဘူး အချိန်အခါကြည့်ပြီးဝင်ဆော်လိုက်တာ အခုတော့ နောက်ပြန်ဆုတ်ထားပါတယ်” လို့ ကသာမြို့မတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကပြောပါတယ်။ စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကတော့ ဒီကနေ့ မနက်ပိုင်း၈နာရီနဲ့ ၁၁နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ကင်းထောက် လေယာဥ်နဲ့ပတ်ဝဲပြီးစောင့်ကြည့်တာမျိုးတွေလုပ်နေတယ်လို့သူက ဆက်ပြော ပါတယ်။ အဲ့ဒီ ခလရ ၁၂၁ တပ်စခန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးရွာအနီး ကသာနယ် ရွှေလီတံတားအစပ်မှာတည်ရှိတာဖြစ်ပြီး အင်အား၂၀၀ ကျော်နဲ့တပ်စွဲထားတာလို့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ လက်ရှိ တိုက်ပွဲဟာခေတ္တငြိမ်နေပြီး အဲ့ဒီတပ်စခန်းအနီးတစ်ဝှိုက်က ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ “မနက် ၂ နာရီလောက်တိုက်ပွဲဖြစ်တာဆိုတော့ မိုးလည်းမလင်းသေးတဲ့အခါကျတော့ ပြည်သူတွေ ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတာပေါ့ ကသာဘက်ကရောကြိုရှောင်နေကြတယ် “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက စစ်သားတွေ နဲ့ မြို့လှ၊ ကသာ၊ ရှမ်းမြောက်ဘက်တွေမှာ စစ်ရေးလှုပ်ရှားတဲ့တပ်ရင်းတွေ စုပေါင်းပြီး အထိုင်ချထား ကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီတပ်စခန်းဟာ ဗန်းမော်–မန္တလေး လမ်းမကြီးပေါ်မှာတည်ရှိပြီး ငအိုးရွာနဲ့ မိုင်တစ်ဝက် လောက်အကွာမှာရှိတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ KIA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ ခလရ–၁၂၁ တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကသာ၊မြို့လှ အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ဒေသတချို့ကို စစ်ကြောင်းတွေပတ်ထိုးလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ ၇ ရက်နေ့က စပြီးတော့ မြစ်ကြီးနား–ဗန်းမော်လမ်းပိုင်းက စစ်ကောင်စီရဲ့တပ်စခန်းတွေကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး ဗျူဟာကျတဲ့တောင်ကုန်းတွေနဲ့တပ်စခန်းကြီးတွေကို သိမ်းပိုက်ထား ပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
11 March
အောင်မြေ(၂) ဒေသခံပြည်သူရာချီ ပိတ်မိခံထားရဆဲဖြစ်ပြီး အစားအသောက်ပြတ်လပ်၊
တိုက်ပွဲကြေင့် ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို စစ်တပ်က ကယ်ထုတ်ဖို့ ခွင့်မပြုတာကြောင့် ဒေသခံရာချီပိတ်မိနေဆဲဖြစ်ပြီး ထွက်လာတဲ့ သူတွေပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။ မတ်လ ၈ ရက်နေ့ကစပြီး ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေကို ရွာထဲကနေ ထွက်လာလို့မရအောင်…
Read More » -
9 March
အောင်မြေ ၁ ၊ အောင်မြေ ၂ တစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်နဲ့ လက်နက်ကြီးဖြင့်ပါ ပစ်ကူနေ
ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာနဲ့ ရွှေညောင်ပင်ကြားက ၉ မိုင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို လေယာဉ်နဲ့လည်း လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ ဒီမနက်အစောပိုင်းကနေ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ကနေ စစ်ယာဉ်တန်းနဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ခါးရှီ၊ အောင်မြေ…
Read More » -
9 March
လဂျားယန်-လိုင်ဇာမြို့အဝင်ပေါက် စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
လဂျားယာန်ကျေးရွာကနေ လိုင်ဇာမြို့ကိုဝင်တဲ့ Masen Kawng စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြု ပြောဆိုပါတယ်။ အဲဒီစခန်းကို ဒီမနက်အစောပိုင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီလောက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က KNG ကို…
Read More »









