တိုက်ပွဲ
-
Feb- 2024 -27 February
တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း)…
Read More » -
26 February
နန့်ရီတောင်ကုန်းမှာရှိတဲ့ စစ်တပ်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်နေ
ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာမှာ ဒီနေ့ညနေပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်မ တော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅…
Read More » -
26 February
ကောလင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံထားရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ထိန်းချုပ်လိုက်တဲ့နေ့ကစ နေ့တိုင်းဆိုသလို…
Read More » -
26 February
ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ၅ ရက်ကြာရှိလာပြီး ကောလင်းမြို့နဲ့ဝန်းသိုဘက်ကနေပါ ပင်လည်ဘူးကို စစ်ကူလာတာမျိုးတွေပါရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က မြို့သိမ်း တိုက်ပွဲအဖြစ် ပင်လည်ဘူးမြို့ကိုတိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေတာဖြစ် တယ်လို့…
Read More » -
26 February
ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ
ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တွေထိန်းချုပ်ထားတဲ့ အထက်လေးလမ်းဆုံဂိတ်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေက အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ် LPDF အဖွဲ့က သိရပါတယ်။ ရွှေကူ – ဗန်းမော်–မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ LPDF တွေရဲ့ အထက်လေးလမ်းဆုံဂိတ်ကို စစ်ကောင်စီတပ်အင်အား…
Read More » -
26 February
ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး ၂ ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ ၄ ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်”လို့ပြောပါတယ်။ ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ၂ ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ အင်းတော်နယ်ထဲမှာတင် နန့်တဲ၊ ဘူးတလက်နဲ့ ကျောင်းကုန်းနေရာတွေမှာ အထက်ကိုတက်လို့မရအောင် ပိတ်ဆို့ထးတာကြောင့် ကားအကြီးအသေးအရီသည်းကား အစီး ၅၀၀ လောက် ပိတ်ဆို့နေပြီး ရွှေဘိုဘက်ခြမ်းမှာလည်း ရာကျော်ပိတ်ဆို့မှုရှိနိုင်တယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ခရီးသည်ကားတွေဟာအထက်ကို ဆက်တက်လို့မရဘဲ အင်းတော်နယ် မဲဇာတောင်ခြေအနီးတဝိုက်မှာ ပိတ်ဆို့မှု အများဆုံးဖြစ်နေတယ်လို့ လက်ရှိပိတ်ဆို့ခံထားရတဲ့ ကားသမားတစ်ယောက်က အခုလိုပြောပြလာပါတယ်။ “မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေက ကျောက်တန်းမှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားတာကြားလို့ အင်းတော်နယ်ဖက်မှာ ပိတ်ထားတာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ရှေ့ဆက်တိုးလို့မရဘူး ။ ဒီကအဖွဲ့အစည်းတွေလည်း မမောင်းခိုင်းဘူး။ အသံတွေက ကြားနေရသေးတယ်”လို့ပြောပြပါတယ်။ ပိတ်ဆို့ထားတာ ၄ ရက်လောက်ကြာမြင့်လာချိန် အင်းတော်ဘက်က ခရီးသည်ကားအသေးတစ်ချို့ ဒီကနေ့စပြီးရှောင်ကွင်းလမ်းဘက်ကနေသွားလာနေကြပြီလို့ သိရပေမယ့် ကုန်တင်ကားအကြီးတွေနဲ့ ခရီးသည်ယာဉ်အကြီးတွေကတော့ သွားလာလို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးဘက်ကနေတက်လာပြီး ရွှေဘိုမြို့နယ်ခြမ်းမှာပိတ်ဆို့နေတဲ့ ကားသမားတွေရဲ့အခြေနေကိုလည်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရသေးဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကို မကြာခဏပိတ်ဆို့ခံထားရတာရှိသလို မန္တလေး– မြစ်ကြီးနား လမ်းမ နန့်စီးအောင်ဂိတ်မှာလည်း စစ်ရေးအခြေနေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တစ်ပတ်ခန့်ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 February
စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ
ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေဆောင်ရွက်ရာမှာ စစ်ကောင်စီစစ်သားတွေရဲ့ ရုပ်အလောင်း ၇၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်ခဲရမ်းတွေလည်း ဆယ်ဘီးကားတစ်စီခန့် သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာနဲ့ ခြေကုပ်ယူထားတဲ့ စီးခမ်းကြီးဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF၊AA ရွှေကူနယ်…
Read More » -
22 February
ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ
“မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
Read More » -
21 February
ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ
“စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
Read More » -
21 February
စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုများ
“ကျနော်တို့ဘက်ကကျတာက ၉ ယောက် AA ထဲက တစ်ယောက်ပါတယ် ခုလက်ရှိလည်း စိစစ်နေတုန်း KPDF ထဲက အများဆုံးပဲဒဏ်ရာရတာလည်း ၄၀ ယောက်ကျော်တယ် ကျဆုံးသွားတဲ့ ၉ယောက်ထဲက ၆ ယောက်ကတော့ကျွန်တော်တို့ မီးရှို့သဂြိုလ်ခဲ့ပြီ”လို့အထက်ပါ တာဝန်ရှိသူ ကပြောပါတယ်။
Read More »









