တိုက်ပွဲ

  • Jan- 2024 -
    24 January

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်လိုက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

    ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။ အဲဒီတပ်စခန်းကို KIA ဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကနေ…

    Read More »
  • 24 January

    နန့်မွန်းမှာ တပ်သားသစ်စုဆောင်းနေတဲ့ ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ

    အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့က တပ်သားသစ်စုဆောင်းရေး လုပ်နေတဲ့ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က နန့်မွန်းမြို့ထဲကို ငမျိုးဆိုတဲ့…

    Read More »
  • 17 January

    ဖားကန့်သွားလမ်းကို စစ်တပ်ဘက်က သွားလာခွင့်ပိတ်ဆို့ထား

    စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့ ဖားကန့်သွားကားလမ်းမကြီးတစ်လျှောက် ကုန်တင်ကားနဲ့ ခရီးသည်တွေကို စစ်တပ်ဂိတ် ၃ နေရာမှာ သွားလာခွင့်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ကားမိုင်းမြို့အဝင်ဂိတ်၊ နန့်ယားစစ်တပ်ဂိတ်၊ ဖားကန့်လယ်ပြင် ရမ်းချက်စစ်တပ်ဂိတ် နေရာတွေမှာ အတက် အဆင်း လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတယ်လို့ ကားမိုင်းဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကားမိုင်းတင်မဟုတ်ဘူး နန့်ယားနဲ့ လယ်ပြင် ရမ်းချက်ဂိတ် ဒီ ၃ နေရာမှာ ပိတ်ထားတယ်။ စစ်တပ်ဘက်ကနေ ပိတ်ထားတာ။ ဘာလို့ပြန်ပိတ်တာလဲတော့ သေချာမသိရဘူး။ ကားတွေက သူတို့ရောက်တဲ့နေရာမှာ သွားလို့မရဘဲ ရပ်စောင့်နေကြတာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ မိုးကောင်းမြို့နယ်ကနေ ဖားကန့်ဘက်ကို တက်လာတဲ့ ကုန်တင်ကားတွေက ကားမိုင်းမြို့အဝင်ဂိတ်နေရာမှာ ဆက်တက်လို့မရဘဲ ပိတ်ဆို့ခံထားရပြီး ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ ကုန်တင်ကားတွေကလည်း လယ်ပြင်ရမ်းချက်စစ်တပ်ဂိတ်မှာ ပိတ်ဆို့ခံထားရတယ်လို့ သိရပါတယ်။ ဖားကန့်လမ်းကို စစ်ကောင်စီဘက်က ပိတ်ဆို့လိုက်တဲ့အကြောင်းအရင်းဟာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်တိန့်ကျေးရွာမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ကြားထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် တန်ပြန်ပိတ်ဆို့မှုဖြစ်နိုင်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဆိုင်းဖရာဒေသခံ အမျိုးသားတစ်ယောက်က သုံးသပ်ပြောဆိုပါတယ်။ “၁၅ ရက်နေ့မှာဖြစ်တဲ့ တိုက်ပွဲမှာ အရာရှိတစ်ယောက်ထိသွားတယ်လို့ကြားတယ်။ အဲဒါဖြစ်တာနဲ့ တစ်ခါတည်း တိုက်လေယာဉ် ၂ စီးနဲ့လာခဲ့တာဟုတ်တယ်။ အဲဒီနောက်မှာပဲ လမ်းပိတ်တာတွေ ဖြစ်လာတာဟုတ်တယ်”လို့ပြောပါတယ်။ ဖားကန့်လမ်းကို ဇန်နဝါရီလ ၁၈ ရက်နေ့အထိ သွားလာခွင့်ပိတ်ဆို့ထားမယ်လို့ သိရပြီးတော့ လမ်းပိတ်ဆို့ခံထားရတာနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့်ပိတ်ဆို့ထားတာကို အသေစိတ်သိရှိဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို လမ်းကြောင်းပိတ်ဆို့ခံထားရတာကြောင့် ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ ဂေါ့လူယာန်၊ ပျားအုံ၊ တံတားညီနောင် နဲ့ ကပ်မှော် စတဲ့ ကျေးရွာနေပြည်သူတွေက သွားလာရေးအခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်လောက်ကနေ ဖားကန့်သွား လမ်းမပေါ်မှာရှိတဲ့ နမ်တိန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လက်ရှိမှာ နမ်တိန့်ကျေးရွာ အပြင် ကျေးရွာ ၇ က ဒေသခံပြည်သူတစ်ချို့လည့် တောတွင်းနေရာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲလည်းဖြစ်ပါတယ်။…

    Read More »
  • Dec- 2023 -
    18 December

    တာလောကြီးတစ်ဝိုက်ကို စစ်တပ်က ကင်းထောက်ကာ လေယာဉ်နဲ့ ပစ်ခတ်

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ် နဲ့ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ တာလောကြီးရွာထိပ်မှာ အထိုင်ချနေတဲ့ ရှမ်းနီ ပြည်သူ့စစ်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရေကြည်ဒေသခံ…

    Read More »
  • 8 December
    photo - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    ဗန်းမောက်မှာ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်စခန်းတစ်ခု ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်း – ကချင်အစပ် ဗန်းမောက်မြို့နယ်ထဲက ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ အထိုင်ချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ ဗန်းမောက်မြို့နယ် နဲ့ ပင်လည်ဘူးမြို့နယ်အစပ်မှာရှိတဲ့ အဲ့ဒီတပ်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တွေပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။…

    Read More »
  • 7 December

    မဘိန်း- ငအို ကားလမ်းပိုင်းမှာ စစ်ကောင်စီဗုံးကျဲခံရမှုကြောင့် လိုင်းကားတစ်စီးထိမှန်ပြီး အရပ်သား ၂ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

    ကချင် – ရှမ်းပြည်နယ်အစပ် ရှမ်း​မြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုး–မဘိန်းကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က KIA တပ်ရင်း ၁၂ နယ်မြေ…

    Read More »
  • Nov- 2023 -
    27 November

    မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို  နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး  ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း  The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။ “မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။  လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။   အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက် ၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင်…

    Read More »
  • 20 November

    နမ္မချီးအထိုင်ချတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

    မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု နမ္မချီးကျောက်စိမ်းမှော် ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာလ ၁၉ ရက်နေ့ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်အား ၆၀ ကျော်လောက်နဲ့ နမ္မချီးကျောက်စိမ်းမှော်ကို ထိန်းချုပ်ထားတဲ့…

    Read More »
  • 14 November

    နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ဒေသခံများအားလုံးထွက်ပြေးတိမ်းရှောင်နေရ

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ်းခမ်းမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLAဘက်က သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီဖြစ်ပေမယ့် နမ့်ခမ်းမြို့နဲ့တစ်မိုင်ကျော်ဝေးတဲ့ စစ်တပ်ကုန်းစခန်းသိမ်းပိုက်နိုင်တာမရှိသေးတာကြောင့် နှစ်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ တအောင်းလက်နက်ကိုင်အဖွဲ့ TNLA ဘက်က နမ့်ခမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့က နမ့်ခမ်းမြို့တွင်း TNLA ထိန်းချူပ်မှုအောက်က ပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုအခြေအနေတွေ သတင်းစာမျက်နှာတွေမှာ…

    Read More »
  • 13 November

    ရခိုင်မှာ နယ်ခြားစောင့်စခန်း၂ခုသိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်တွေမြို့အဝင်အထွက် လမ်းတွေပိတ်ထား

    ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်စခန်း ၂ ခုကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက် စစ်တွေမြို့အဝင်အထွက်တပ်ထိန်းဂိတ်နဲ့ ရန်ကုန်–စစ်တွေလမ်းတစ်လျှောက် ဂိတ်စခန်းတွေကိုပိတ်လိုက်ပြီလို့ဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ ရသေ့တောင်မြို့နယ်…

    Read More »
Back to top button