တိုက်ပွဲ
-
Nov- 2023 -8 November
ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့မနက်ပိုင်းကစလို့ ကာကွယ် ရေးပူးပေါင်းတပ်ဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို…
Read More » -
8 November
စစ်ကောင်စီတပ်များ အုပ်စုလိုက်အညံ့ခံလိုက်တဲ့အတွက် ပင်လည်ဘူးမြို့ထပ်ပြီး သိမ်းပိုက်ရရှိ
စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို မနေ့က နိုဝင်ဘာလ ၇ ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေး တပ်မတော်KIA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ကိုင်း–ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကိုအတည်ပြုပါတယ်။ ပင်လည်ဘူးမြို့ပေါ် မြို့မရပ်ကွက် ရဲစခန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့က…
Read More » -
8 November
ကသာတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင် စုန်ဆင်းလာတဲ့ သံခွန်မော်တော်ယာဥ်ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်ကစစ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေကူမြို့နယ်…
Read More » -
6 November
ကောလင်းမြို့ကို သိမ်းပိုက်လိုက်ပြီလို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အတည်ပြု
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထိုင်ထားတဲ့ တပ်စခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံး နဲ့ စာသင်ကျောင်းတွေကို KIA၊ AAကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာဒီကနေ့ မှာတော့ ကောလင်းမြို့ကို သိမ်းပိုက်ထိန်းသိမ်းလိုက်ပြီလို့ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါ တယ်။ “ကျနော်တို့ ခရိုင်ကွပ်ကဲရေးမှူးနဲ့ ခရိုင်အတွင်းက PDF နဲ့ ပကဖတွေပူးပေါင်းပြီးထိန်းသိမ်းလိုက်ပါပြီဗျ မြို့တစ်မြို့လုံးကိုထိန်းသိမ်းလိုက်တာဖြစ်ပါတယ် မြို့မှာရှိတဲ့တပ်ဖွဲ့တွေလည်း…
Read More » -
1 November
ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊KPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIAနှင့်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက်အင်အားသုံးပြီးစစ်ရေးလှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ်…
Read More » -
1 November
ဖားကန်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ
ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဘွမ်ရာယန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဖားကန့်လမ်း နန့်ယား၊ နမ်တိန့် ဘက်ကနေ စစ်အင်အား ၈၀ ဝန်းကျင်လောက်…
Read More » -
1 November
စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေ
မြစ်ကြီနား– ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ဆယ်စုနှစ်တစ်စုကြာအထိုင်တပ်စခန်းတွေ ဆက်တိုက်လက်လွတ်လာနေရတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာာလ ၃၁ ရက်နေ့ကစပြီး KIOဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ဆို ၂ ရက်ဆက်တိုက်ရှိပြီ ဒီလိုင်ဇာနားက အလျမ့်ဘွမ် (Alen…
Read More » -
Oct- 2023 -31 October
မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်း) ရွာမှာတပ်စွဲတဲ့ စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ ၄ တပ်ရင်း ၈ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက် မနက်ကစပြီး မန်ဟိုင်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၈ တပ်ဖွဲ့က နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီမခွဲခင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာ KNG ကို ပြောပါတယ်။ “စစ်တပ်ရဲ့ ရှေ့တန်း စခန်းကြီးဖြစ်တယ်။ တပ်ရင်း ၈ တပ်ဖွဲ့တွေ ၂ ရက်ကြာလောက် တိုက်ခိုက်လိုက်ရတာပေါ့။ မနေ့ည ၆ နာရီမခွဲခင် သိမ်းလိုက်နိုင်တာပေါ့။ ရိက္ခာအစားသောက်တွေ အမြောက်အများ သိမ်းယူနိုင်တယ်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများလည်း သိမ်းပိုက်နိုင်တယ်ပြောတယ်”လို့ရှေ့တန်းသတင်းရင်းမြစ် ဖြစ်သူ မန်တုံဒေသခံတစ် ဦးက ပြောပါတယ်။ သိမ်းပိုက်လိုက်တဲ့ စခန်းကနေ လက်နက်ရိက္ခာပစ္စည်း အမြောက်အများသိမ်းယူရရှိထားပြီး စစ်တုံ့ပန်း ၃ ယောက်ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တပ်စခန်းကြီးဟာ မန်တုံမြို့အခြေစိုက် ခလရ ၃၂၄ အောက် မိုင်းမော်(ခေါ် ) မန်ဟိုင်းရွာတောင်ကုန်းက ရှေ့တန်းစခန်းကြီး ဖြစ်ပြီး နှစ် ၄၀ ခန့် ကြာပြီဖြစ်တဲ့ တပ်စခန်းဖြစ်သလို အင်အား ၇၀–၈၀ ပုံမှန်တပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ကြောင်း ပြောပါတယ်။ “အဲ့ဒီစခန်းကျသွားတာ စစ်တပ်ဘက် တော်တော်ကြပ်သွားပြီ။ KIA ဘက်ကတော့ အရေးကြီးတဲ့ အောင်ပွဲပေါ့။ အဲ့ဒီ မိုင်းမော်…
Read More » -
31 October
ကန်တော်ယန်အထိုင်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော
မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ…
Read More » -
31 October
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြို့ ၂ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၅ ရက်မြောက်အဖြစ် စစ်ဆင်ရေးများဆက်လက် ဆောင်ရွက်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေး ၅ ရက်အတွင်း ကိုးကန့် အထူးဒေသ ၁ အတွင်းမှာရှိတဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်တို့ကို အပြီးသတ် သိမ်းပိုင်းနိုင်ခဲ့သလို သိန္နီမြို့ကိုလည်း…
Read More »









