တိုက်ပွဲ
-
Feb- 2024 -7 February
KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား
KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၄ လ အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း ၂ ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ ဝှေခါစစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။
Read More » -
7 February
NUG ထိန်းချုပ်ထားတဲ့ ကောလင်းမှာ ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကောလင်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့ကစ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါ တယ်။ စစ်ကောင်စီတပ်ဘက်က…
Read More » -
6 February
နမ်တိန့် – ဖားကန့်လမ်းပိုင်း အချိန်ကန့်သတ်နဲ့သွားလာခွင့်ပြု
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ထိန်းချုပ်ထားတဲ့ နမ်တိန့်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဖားကန့်–နန့်တိန်းကြားလမ်းပိုင်း သွားလာခွင့်ကို အချိန်ကန့်သတ်ထားတယ်လို့သိရပါတယ်။ “မနက်ခင်းပိုင်းဖွင့်တယ် မနက် ၁၀ နာရီ ၁၁ နာရီ တော့အဆင်းကားတွေကော အတက်ကားတွေကောသွားခွင့်ပေးတယ်။ ၁၂…
Read More » -
5 February
ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ
“ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာ”လို့ ပြောပါတယ်။
Read More » -
2 February
ဘလောင်ဒိန်ဆာတပ်စခန်းသိမ်းပိုက်ကြောင်း ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု
ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းကြား ဘလောင်ဒိန်ဆာ တပ်စခန်းကို ( ဒေသအခေါ်) ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်တွေ ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ ကပြောပါတယ်။ ဘလောင်ဒိန်ဆာ တပ်စခန်းကို ဖေဖော်ဝါရီ…
Read More » -
2 February
နန့်တိန်းတပ်စခန်း KIA နဲ့ PDF အပြီးသတ်တိုက်ခိုက်သိမ်းပိုက်
ဖားကန့်မြို့နယ် နန့်တိန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဒီကနေ့ညမှာဘဲ အပြီးသတ်သိမ်းလိုက်နိုင်ပြီလို့ KPDF တာဝန်ရှိသူကပြောပါတယ်။ အဲဒီနန့်တိန်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းကနေ ဝှေခါစစ်တပ်စခန်းနဲ့တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ…
Read More » -
Jan- 2024 -31 January
ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီ နဲ့ SNA ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်၊ SNAတပ်နဲ့ ပျူစောထီးတွေပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရွှေပြည်အေးမြို့အနီးဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ် ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
Read More » -
29 January
မိုးကောင်းနဲ့ ဖားကန့်လမ်းမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်စခန်း ဆုတ်ခွာ
မိုးကောင်းမြို့နယ် နာ့ဟိုင်ကျေးရွာ(Namsheng)မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ရက်ပိုင်းအတွင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်သွားလမ်း မိုးကောင်းနဲ့ ကားမိုင်းကြားမှာရှိတဲ့ နာ့ဟိုင်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ တပ်စခန်းတစ်ခုလုံးက ကားမိုင်းဗျူဟာကုန်းနေရာဆီ ဆုတ်ခွာသွားကြတယ်လို့…
Read More » -
29 January
ကိုင်းထိပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်ပြီးစီးကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းအောက် ကိုင်းထိပ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြုပြောဆိုပါတယ်။ မံစီမြို့နဲ့ မံဝိန်းကြီးမြို့ကြားမှာတည်ရှိတဲ့ ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကြီးကို ဇန်နဝါရီ ၂၉ ယနေ့နံနက်ပိုင်း ၉ နာရီခန့်မှာ အပြီးစီးသိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ “ကိုင်းထိပ်တပ်စခန်းကို မနေ့ကတည်းက တိုက်ပြီး ဒီမနက် ၉ နာရီခွဲလောက်မှာတော့ အပြီးအားလုံး သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ သတင်းပို့လာတယ်။ သူတို့ရဲ့ တပ်ရင်းက မဂျီဂုန်ဗျူဟာဆိုတော့ အဲ့ဘက်ကို အားလုံးထွက်ပြေးကုန်တာဖြစ်နိုင်တယ်”ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ KIA တပ်ရင်း ၂၇ နယ်မြေရှိ မိုင်းခေါင်အနီး စစ်ကောင်စီ ခလရ ၁၀၂ မဂျီဂုန်တပ်ရင်းဗျူဟာကုန်းအောက်က ကိုင်းထိပ်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၈ နေ့ နေ့လည်ပိုင်းကစပြီး KIA ဘက်က လက်နက်ကြီး၊ ဒရုန်းစစ်ဆင်ရေးတွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ဒီနေ့ မနက်အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိုင်းထိပ်စစ်တပ်စခန်းက မံစီနဲ့ မံဝိန်းကြီးကြား ကားလမ်းမပေါ်ရှိ တစ်ခုတည်းသော အကြီးဆုံးတပ်စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၃ တပ်ရင်း ၂၇၊ တပ်ရင်း ၁ အပါအဝင် PDF တွေပူးပေါင်းပြီး ကိုင်းထပ်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ဒရုန်းစစ်ဆင်ရေးဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကိုင်းထိပ်စစ်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ အများပိုင်းသုံးပြီး တိုက်စစ်အဖြစ် တိုက်ခိုက်ပြီးနောက် စစ်တပ်စခန်းထဲက စစ်သားတွေ မခံနိုင်တော့လို့ မနေ့ညနေပိုင်းပဲ ထွက်ပြေးသွားကြတာဟုတ်တယ်။ မနေ့ည ၈ နာရီမှာ သူတို့ရဲ့ ခံတပ်ထဲဝင်နိုင်ပြီး ဒီမနက်တော့ အပြီးသိမ်းလိုက်တာဖြစ်တယ်”ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်း–ကချင်–တရုတ်နယ်စပ်မှာ တည်ရှိတဲ့ မံဝိန်းကြီးစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကိုင်းထိပ်စစ်တပ်စခန်းကုန်းကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ “အဲ့ဘက်မှာက စစ်တပ်စခန်းမရှိတော့ဘူး။ မံစီနဲ့ မံဝိန်းကြီးသွားတဲ့ ကားလမ်းတစ်လျှောက်ပေါ့။ အဲ့ဒီကိုင်းထိပ်နဲ့ မံဝိန်းကြီးကြားက ကျောက်ဖျာစစ်တပ်စခန်းလည်း သူတို့ဟာသူတို့ ဆုတ်ခွာသွားပြီးဖြစ်တယ်။ အခုအဲ့ကားလမ်းတစ်လျှောက် စစ်တပ်စခန်းမရှိတော့ဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောပါတယ်။ လက်ရှိ မံဝိန်းကြီးဒေသ နဲ့ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့အပြင် ဗန်းမော်မြို့ဘက်မှာလည်း စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီး အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ By – ဂျာဘောက်ရာ
Read More » -
29 January
မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား
ကချင် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မြို့တွင်းကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က KIAနဲ့ကာကွယ်ရေးတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ မိုးမိတ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ တပ်ဆုတ်သွားပြီဖြစ်ပြီး မြို့တွင်းကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတယ်လို့ ဘေးလွှတ်ရာရောက်နေတဲ့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။ “လက်တလောက ဟိုဘက်အဖွဲ့အစည်းတွေကပြန်ဆုတ်သွားတယ်လို့ပြောတယ်ဗျ တပ်ကတော့ မြို့ထဲ ဝင်ပြီး ရှင်းလင်းရေးတွေလုပ်တယ်လို့ သတင်းရပါတယ် မနေ့က ကယ်ဆယ်ရေးလုပ်နေတဲ့ တစ်ယောက် ကဖုန်းဆက်လာတယ် မြို့ထဲကို ပေးမဝင်ဘူးလို့ပြောတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ပိုင် ရုပ်သံချန်နယ်လ်တွေနဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာလည်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ထိန်းချုပ်ထားပြီလို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထဲကို ဝင်လာနိုင်တဲ့နေရာတွေအားလုံးကို လုံခြုံရေးတွေချပြီးနေရာယူထားသလို မြို့ရှောင်လမ်း၊ အုန်းချောရွာသစ် နဲ့ မြို့ပတ်ပတ်လည်နေရာတချို့ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ မြို့တွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေလို့ပေးမဝင်တာဖြစ်တယ်လို့ပြောပေမဲ့ စစ်ကောင်စီတပ်ဘက်က မြို့တွင်းထဲကဆိုင်တွေထဲဝင်ပြီးတန်ဖိုးကြီးပစ္စည်းတွေသယ်ယူ တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “သူတို့ဘက်ကပြောတာပေါ့နော် မြို့ထဲ ဗုံးတွေဘာတွေထောင်ထားထဲ့မှာစိုးလို့ ပြည်သူတွေထိမှာစိုးလို့ ပြောတာပေါ့နော် ဒါပေမဲ့ ခံစားရတဲ့ပြည်သူတွေကတော့ အကုန်လုံးကပြောတာပေါ့နော် မြို့တွင်းထဲက ပစ္စည်းတွေဆိုရင် ထော်လာဂျီတွေနဲ့တိုက်ပြီးကိုယူတယ်တဲ့ ဆိုင်ကယ်ဆိုင်တွေကလည်း တစ်စီးပြီးတစ်စီး ယူတယ်လို့ ပြောတယ်ဗျ” လို့ ပြောပါတယ်။ မိုးမိတ်မြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့ တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကလည်း ခရိုင်အဆင့်ရှိတဲ့ မိုးမိတ်မြို့ကို လက်မလွှတ်ရရေး လေကြောင်းနဲ့ပစ်ခတ်တာအပြင်၊ လက်နက်ကြီးတွေနဲ့ အစွမ်းကုန်ခုခံခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့သလို နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့လို့ မြို့တွင်းရဲ့ ၄ ပုံ ၃ ပုံလောက်ကပျက်ဆီးသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ မြို့တွင်းအရပ်သားသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပေမယ့် အသေးစိတ်အခြေနေကို ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲကြောင့် KNG က အတည်မပြုနိုင်သေးပါဘူး။ ဒါ့အပြင် တစ်ဖက်မှာ တိုက်ပွဲစဖြစ်လာပြီး ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ မြို့တွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်သွားခဲ့ရာ ဒီကနေ့အထိ အဆက်အသွယ်မရပျောက်ဆုံးနေတဲ့ အရပ်သားကလည်း ရာနဲ့ချီရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ မိုးမိတ်မြို့နယ်ထဲမှာတော့ ခလရ ၂၂၃ ၊ခလရ ၂၇၆ တပ်ရင်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၄၈ တပ်ရင်းတို့အပြင် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် ဗျူဟာတစ်ခု တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာ သူတွေကသုံးသပ်ကြပါတယ်။ By – အမိုး
Read More »









