တိုက်ပွဲ
-
Feb- 2023 -23 February
မံစီတွင် စစ်ကောင်စီတပ် နှင့် KIA တပ်ရင်း ၂၇ တိုက်ပွဲ ပြင်းထန်
ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအနီးတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၅ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ရှေ့တန်းသတင်းရင်းမြစ် များထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီခန့်တွင် မိုင်းခေါင် (Mung Hkawng) အနီး လိုင်ကာဇွပ်ဂျာ…
Read More » -
20 February
ဆိုင်းတောင် စစ်တပ်ကုန်းကို KIA၊ PDFက ဒရုန်းဖြင့် တိုက်ခိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်တပ်ကုန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ည ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် PDF နှင့် နီးစပ်သူများမှ သိရသည်။ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ ရပ်ကွက် ၂ အနီးရှိ စစ်ကောင်စီ စစ်တပ်ကုန်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည…
Read More » -
14 February
စစ်တပ်သတင်းပေးနှင့် ဒုတပ်ရင်းမှူးအဖွဲ့ကို KIA ဖမ်းဆီးလိုက်ပြီးနောက်တပြိုင်နက် စစ်ကောင်စီတပ်မှ ဆဒုံးမြို့အတွင်း မာရှယ်လော ထုတ်ပြန်
ကချင်ပြည်နယ် ဆဒုံးမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ စစ်တပ်သတင်းပေးတစ်ဦးကို KIA တပ်ရင်း ၃ မှ ဖမ်းဆီးလိုက်ပြီးနောက် ည ၉ နာရီနောက်ပိုင်းအပြင်မထွက်ရ မာရှယ်လောထုတ်ပြန်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဆဒုံးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးလုပ်ကိုင်နေသည့်သူအား…
Read More » -
14 February
KIA တပ်ရင်း ၉ နေရာကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး KIA တပ်ရင်း ၉ ကောင်းဆတ်ဘွမ် (Kawng Sak Bum) ဘက်ကသို့ စစ်ကောင်စီတပ်မှ ယနေ့နေ့လည် ၁၁ နာရီဝန်းကျင်မှစကာ ဂျက်လေယာဉ်တစ်စီးဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများမှ သိရသည်။ KIA…
Read More » -
13 February
ဆားလင်းကြီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ပုလဲနယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံမှသိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် ဆားလင်းကြီးမြို့နယ် ကျားတက်ကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့ကို…
Read More » -
8 February
ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ၂ နေရာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်ထံမှသိရသည်။ တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်…
Read More » -
8 February
စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်
စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ…
Read More » -
7 February
ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့
ရှမ်းပြည်နယ် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဂျာယန် ပြည်သူ့စစ်တပ်စခန်းဝင်ရောက် စီးနင်းမှုတွင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ဒေသခံ ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု သိရသည်။ လားရှိုးမြို့ အရှေ့မြောက်ဘက် ဂျာယန်ကျေးရွာတွင် တပ်စခန်းချနေသည့် စစ်ကောင်စီလက်အောက်ခံ Kachin Defense Army KDA ပြည်သူ့ စစ်စခန်းတစ်ခုကို တအောင်း TNLA တပ်ဖွဲ့မှ…
Read More » -
Jan- 2023 -26 January
ကားမိုင်း ဗျူဟာကုန်း နှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်း ဗျူဟာကုန်းနှင့် နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၂၆ ရက် ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ ကားမိုင်း…
Read More » -
23 January
ဖားကန့်တွင် ကုမ္ပဏီဝင်းတစ်ခုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ၊ PDF ကသွားရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ အဲဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းတွင်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယူမာကျေးရွာ၏ အနောက်ဘက်ကြော ရပ်ကွက်သုံးရှိ အဲဗားကုမ္ပဏီဝင်းတွင် ယခုရက်ပိုင်းအတွင်းမှလာရောက် တပ်စွဲ…
Read More »









