တိုက်ပွဲသတင်း

ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးနေသော ရုပ်အလောင်းများကို ကောက်ယူနေသော အရပ်သားများကို စစ်တပ်က ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ယနေ့ ညနေ ၅ နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးသည် ၁၀ မိနစ်ခြားကာ နှစ်ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ညနေအခြေနေက ကျနော်တို့ကပထမအကြိမ်ရှင်းလင်းရေးလုပ်ပြီး နောက်တစ်ကြိမ်လုပ်ဖို့အသွား မနက်က အခင်းဖြစ်တဲ့နေရာအရောက်မှာ ပထမအကြိမ်ဂျက်ဖိုက်တာနဲ့ ၆လုံးချတယ်။ ပြီးတော့၁၀မိနစ်ခြားပြီး ထပ်ပစ် တယ် ဒီညနေကိုနှစ်ကြိမ်ထပ်လာပစ်တယ်။ ဘယ်နေရာတွေကျလဲတော့ကျနော်တို့လည်း ပြေးခဲ့ရတော့ မသိခဲ့ ရပါဘူး”ဟုမြေပြင်မှကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မနက်ပိုင်း ဗုံးကျဲခံရမှုဖြစ်စဉ်တွင် ဒဏ်ရာပြင်းထန်သော အရပ်သားတချို့လည်း ထပ်မံ သေဆုံးမှုရှိနေကြောင်း သူက ဆက်ပြောသည်။

“ဆေးရုံလူနာအခြေနေက ၅နာရီမထိုးခင် နောက်ဆုံးအတည်ပြုနိုင်ခဲ့တာက ၁၀ယောက်ကျော်လောက်ထပ် သေတယ်လို့သိရတယ် နောက်ထပ်စိုးရိမ်ရသူတွေလည်ရှိသေးတယ်လို့သိရတယ်”ဟုမြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လက်ရှိ ပဇီကြီးကျေးရွာတွင် ကျန်ရှိနေသည့်ဒေသခံများသည် ကျေးရွာအတွင်း မပြန်နိုင်သေးဘဲ ဘေးလွှတ်ရာသို့ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Show More

Related Articles

Back to top button