,
‘ဖားကန့်မြို့နယ် မှော်ပုံကျေးရွာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ PDF အဖွဲ့များ စုဝေးနေချိန် ရုတ်တရက် စီးနင်းတိုက်ခိုက်ခံရမှုကြောင့် PDFအဖွဲ့ဝင်အချို့ သေဆုံးခဲ့ရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး ခဲ့ရသည်ဟု ဖားကန့် PDF ခေါင်းဆောင် အောင်ဟိန်းမင်း ပြောသည်’ ဟူသော သတင်းအမှားတစ်ခု ထပ်မံ ပြန့်နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့် သတင်းအမှားကို စစ်တပ်လော်ဘီ “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး “Manaw Myay (မနောမြေ)”
မိုးကောင်းမြို့နယ် ပင်းကြိုင်းကျွေးရွာ အောင်မြင်ရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့ KIA/PDF အဖွဲ့မှ ဓားပြတိုက်မှု ပြုလုပ်ခဲ့သည် ဟူသော သတင်းအမှားကို စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များတွင် ဖြန့်နေကြသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို ပုံမှန် သတင်းအမှားဖြန့်နေကျ “ဗလမင်းထင်” ဆိုသည့် ဖေ့စ်ဘုတ်အကောင့်တွင် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖော်ပြခဲ့ပြီး သူနှင့်အတူ “ Manaw Myay” “Oo Sitt” “ Kachin Land” စသည့်အကောင့်များနှင့်တွဲပြီး ဖြန့်ဝေထားသည်။ ရေးသားဖြန့်ဝေထားသော အကြောင်းအရာတွင် “တနင်္ဂနွေနေ့ ကချင်လူမျိုးများ ဘုရားကျောင်းတက်နေချိန်မှာ မျက်နှာအုပ်ပြီး
“NUG ငွေတိုက်စာချုပ်ဝယ်မှုနဲ့ သမ္မတဟောင်း ဦးထင်ကျော်ဖမ်းဆီးခံရ DVB အတည်ပြုဆိုကြေညာပြီ” ဆိုပြီး Youtube ပေါ်တွင် ကြည်ရှုသူများပြားအောင် လုပ်ကြံဖန်တီးထားသော သတင်းခေါင်းစဥ်အမှားဖြင့် ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို ထပ်မံ တွေ့ရသည်။ အဆိုပါ သတင်းခေါင်းစဥ်ဖြင့် အမှားကို ပရိတ်သတ် ၄ သောင်း ငါးထောင်ကျော် (Subscribers 45.1K) ရှိသော “People Tv” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ (၉) ရက်နေ့တွင်
“မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ” ဟူသော သတင်းအမှားတစ်ပုဒ် Youtube ပေါ်တွင် ထပ်မံ ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ပရိတ်သတ် ၃ သောင်း ငါးထောင်ကျော် (Subscriber 34.8K) ရှိသော “တော်လှန်ရေး” အမည်ရှိသည့် Youtube Channel တွင် ယနေ့ စက်တင်ဘာလ (၆) ရက်နေ့တွင် နေ့လယ် ၁၂ နာရီခွဲ့ခန့်တွင် စတင်ဖြန့်ဝေလာခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ သုံးရာအထိ
ဒေါ့ဖုန်းယန်မြို့နယ်တွင် ‘တပ်မတော်မှ လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ရာ KIA စစ်သားများ သေဆုံးသွား’ ဆိုသည့် စစ်ရေးနှင့်ပတ်သက်သော ဝါဒဖြန့်သတင်းအမှားတစ်ခု ထပ်မံ ပျံ့နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သတင်းအမှားကို စက်တင်ဘာလ (၄) ရက်နေ့တွင် ‘Truth Media’ Telegram အကောင့်မှ စတင်ဖြန့်ဝေခဲ့ပြီး ‘The Fighters Media (TFM)’ နှင့် ‘အလင်္ကာစစ်’ စသည့် Telegram အကောင့်များတွင်လည်း ဖြန့်ဝေလာခဲ့သည်။ ရေးသားထားသောအကြောင်းအရာမှာ “ဗန်းမော်၊ ဒေါ့ဖုန်းယန်နယ်မြေကို နေ့လည် ၃ နာရီကျော်လောက်က KIA
မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ ဌာနချုပ်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် KIA ၏ လက်နက်တိုက်များ ပေါက်ကွဲဖျက်ဆီးခဲ့ပြီး KIA နှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟူသော သတင်းအမှားတစ်ပုဒ်ကို ထပ်မံ ပြန့်နှံနေသည်ကို တွေ့ရသည်။ အဆိုပါအကြောင်းအရာကို Manaw Myay ဖေ့စ်ဘုတ် စာမျက်နှာတွင် ဩဂုတ်လ ၂၆ ရက်နေ့က ရေးသားဖော်ပြထားပြီး လက်ရှိအချိန်တွင် ပြန်လည် မျှဝေသူ ၂၁၁ ခု ရှိနေပြီ ဖြစ်သည်။ ဖော်ပြထားသော အကြောင်းအရာတွင် “ဗုံးကြဲတိုက်ခိုက်မှုအတွင်း KIA ဘက်မှ လက်နက်ခဲယမ်းတိုက် တလုံး၊
ပြည်သူအများစု အသုံးပြုနေသော “Wave Pay Level 1 အကောင့်များ နှင့် KBZ Pay Level 1 အကောင့်များကို စက်တင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားပီး ပိတ်သိမ်းတော့မည်” ဆိုသော သတင်းအမှားများသည် လတ်တလော Telegram အကောင့်များတွင် ပြန့်နှံနေသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရာများကို ဩဂုတ်လ ၂၄ ရက်နေ့တွင် “Ko Kant” Telegram အကောင့်တွင် စတင်ရေးသားပြီး “Snow Queen” “BaNyunt” စသည့် Telegram အကောင့်များတွင်လည်း ပြန်လည် မျှဝေထားသည်ကို တွေ့ရသည်။ Wave Money Call Center 09790009000 နှင့်
“မင်းအောင်လှိုင်မိသားစုလုံးကို UN တပ်တွေ ဖမ်းလိုက်ပြီး မင်းအောင်လှိုင် ဘဝပျက်ပြီဟေ့” ဆိုပြီး ပရိသတ်အကြိုက် သတင်းခေါင်းစဥ်ဖြင့် ကြည့်ရှုသူများပြားအောင် လုပ်ဆောင်နေသည့် Youtube ဗီဒီယိုများလည်း ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားများကို “DVB Myanmar Media” Youtube Channel တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီး နာရီပိုင်းအတွင်း ကြည့်ရှုသူ နှစ်ထောင်နီးပါးရှိခဲ့သည်။ ယခု သတင်းအမှားကို ဖြန့်ဝေနေသော “DVB Myanmar Media” ဆိုသော ချန်နယ်မှာ ယခင်က “Ayaytawbon” ဆိုသည့် နာမည်ကို နာမည်ပြောင်းလဲထားခြင်း ဖြစ်သည်။ အဆိုပါ ချန်နယ်တွင် ဖော်ပြထားသော အကြောင်းအရာအားလုံးမှာ သတင်းအမှားများသာ ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် KIAအဖွဲ့က လာပစ်သတ်သွားသည်ဆိုပြီး သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “True Media” Telegram အကောင့်တွင် ဩဂုတ်လ ၂၁ ရက်နေ့က ယခုလို ရေးသားခဲ့သည်။ “ကချင်ပြည်နယ်၊ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ယနေ့ KIAအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း
မနက်ဖြန် ဇူလိုင်လ ၃၁ ရက်နေ့ နိုင်ငံအနှံ လူထုသစ္စာအဓိဌာန်ပြုပွဲ ပြုလုပ်ရန်အတွက် စစ်အာဏာရှင်ဆန့်ကျင်သူများ ကြိုးပမ်းနေစဉ် တစ်ဖက်တွင်လည်း လူထုသစ္စာအဓိဌာန်ပြုပွဲ မဖြစ်မြောက်ရေး စစ်တပ်ထောက်ခံသူများက ထုတ်ပြန်ချက်အတု၊ သတင်းအမှားဖြင့် ဖြန့်ဝေကာ ကြိုးစားနေသည်ကို တွေ့ရှိနေရသည်။ အဆိုပါ ထုတ်ပြန်ချက်အတုကို ဇူလိုင်လ (၃၀) ရက်နေ့စွဲဖြင့် “Lynn Khant” ဖေ့စ်ဘုတ်အကောင့်နှင့် “ပြည်သတင်းမှန်” “Kyaw Win Maung” “ရွှေဘ” နှင့် “တပ်ကြပ်ကြီးဖိုးကွန်း” စသည့် Telegram