Fact Checkသတင်း

‘Kachin News Group (official)’ YouTube အတု နှင့် ‘Kachin News Group’ YouTube အစစ် ခွဲခြား သိရှိစေရန်

သတင်းအမှားတင်ဆက်ကာ ဝင်ငွေရှာနေသော ‘Yangon Time’ ဆိုသည့် Youtube Channel တစ်ခုသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ‘Kachin News Group (official)’ ဆိုသည့် နာမည်ပြောင်းကာ သတင်းဌာနအတုအယောင် အဖြစ် လုပ်ဆောင်နေသည်ကို စီစစ် တွေ့ရှိရသည်။

Kachin News Group (KNG) သတင်းဌာန၏ ပရိသတ်များ ခွဲခြားသိရှိစေရန်မှာ ချန်နယ်အတုသည် Subscribers 35.7K သာရှိပြီး တရားဝင်စီစစ်မှု အမှတ်အသား Gray Mark လည်း မပါရှိပေ။ ထို့အပြင် တင်ထားသော ဗီဒီယိုများမှာလည်း သတင်းခေါင်းစဥ်အမှားများဖြင့် ဖန်တီးပြုလုပ်ထားသည်ကို တွေ့ရသည်။

အဆိုပါ YouTube ချန်နယ်သည် ယခင်ကတော်လှန်ရေး’  ‘Yangon Time’ ဆိုသည့် နာမည်များဖြင့် သတင်းအမှားဖော်ပြခဲ့ပြီး ယခု ‘Kachin News Group (official) ဆိုသည့် နာမည်ကို ပြောင်းလဲကာ သတင်းအမှားထပ်ဖြန့်နေသည်။

Kachin News Group Youtube Channel အတု

‘Kachin News Group’ သည် ကချင်ပြည်နယ် သတင်းမီဒီယာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသတွင်း သတင်းများကို နေ့စဉ် တင်ဆက်နေသော သတင်းဌာနတစ်ခုဖြစ်သည်။ Youtube တွင် ‘Kachin News Group’ ဆိုသော နာမည်ဖြင့် subscriber 51.8K နှင့် Gray mark ပါရှိသော ချန်နယ်သည်သာ KNG အစစ်အမှန်ဖြစ်ပါသည်။

ယခုဖော်ပြခဲ့သော Youtube Channel အတုသည် Kachin News Group သတင်းဌာနအပေါ် ပရိသတ် အထင်မှား အမြင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို တွေ့မြင်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် စက်တင်ဘာလ () ရက်နေ့ ‘မင်းအောင်လှိုင် ရုရှားရောက်နေလို့ စိုးဝင်မှ အာဏာ ကောက်သိမ်း MWD မှာ တရားဝင် ကြေငြာနေပြီ’ နှင့် (၂၃) ရက်နေ့တွင် ‘NUG ကို ပယ်ချပြီ တရားမဝင်ဘူးတဲ့ ကြေငြာပြီဆိုပြီး သတင်းခေါင်းစဥ်အမှားများဖြင့် ဗီဒီယိုဖန်တီးပြုလုပ်ထားသည်ကို ‘Kachin News Group’ Fact Check အစီစဉ်တွင် သတင်းအမှားများ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် Gray Mark ပါရှိသော YouTube ချန်နယ်သာလျှင် ‘Kachin News Group’ သတင်းဌာန အစစ်အမှန်ဖြစ်ကြောင်း နှင့် ‘Kachin News Group (Official)’ ဆိုသော ချန်နယ်သည် အတုသာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

Show More

Related Articles

Back to top button