လူ့အခွင့်အရေးချိုးဖောက်မှု
-
Apr- 2024 -13 April
ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ် ဇီဝကဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ အမျိုးသမီးဖြစ်သူကပြောပါတယ်။…
Read More » -
12 April
မိုးညှင်း ကစ်သစ်လစ်သာသနာပြု ဘုန်းတော်ကြီးတစ်ပါးသေနတ်ခတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေ (၂)ရပ်ကွက် ကတ်သစ်လစ်ဘုရားကျောင်းမှာကတ်သစ်လစ်ဘုန်းတော်ကြီးတစ်ပါး ဝတ်ပြုကိုးကွယ်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁၂ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာ စိန်ပတ်ထရစ်ဘုရားကျောင်းထဲအသင်းသားတွေနဲ့ဝတ်ပြုကိုးကွယ်နေတဲ့အချိန် အမည်မသိလူ ၂ ယောက်ဝင်လာပြီး သေနတ်ပစ်သွားတာဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “၆ နာရီလောက်မှာ ဘုရားကျောင်းထဲ မစ္ဆာတရားပေးနေတဲ့အချိန် လူနှစ်ယောက်ဝင်လာပြီး ဝင်ပစ်သွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ အခုမြစ်ကြီးနား ဆေးရုံဘက်ပို့လိုက်ပြီ။ သေနတ်ဒဏ်ရာက ၃ နေရာလောက်မှာ ထိသွားတယ်”လို့ပြောပါတယ်။ သေနတ်ပစ်ခတ်ခံရတဲ့ဘုန်းတော်ကြီးဆရာတော်ဟာ အသက် ၄၀ ကျော်အရွယ် ဖာသာရ်ပေါလ်ခွေရှင်းအောင်ဆိုသူဖြစ်ပြီး ပေါင်တစ်ဖက်၊ မေးစေ့နဲ့ လက်တစ်ဖက် ၃ နေရာမှာသေနတ်ဒဏ်ရာရရှိထားတယ်လို့ ပြောပါတယ်။ ဘုရားကျောင်းဝင်းထဲကိုရောက်လာပြီး သေနတ် ၅ ကြိမ်ထက်မနည်း ပစ်ခတ်သွားတဲ့ လူ ၂ ယောက်က မျက်နှာတစ်ခုလုံးအုပ်ထားပြီး ထွက်ပြေးသွားတာကြောင့် ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကို မသိလိုက်ရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် အခုလို ဘုရားကျောင်းဝင်းအတွင်းအထိ လာရောက်ပစ်ခတ်သွားတဲ့ အဖွဲ့အစည်းတွေဟာ ကချင်လူမျိုးတွေကိုမလိုလားအပ်တဲ့ အဖွဲ့အစည်းတစ်ခုခုကသာ ဖြစ်တယ်လို့ မိုးညှင်းဒေသခံ အမျိုးသားက သုံးသပ်ပြောဆိုပါတယ်။ “ဒီအခြေအနေကို ကြည့်ရမယ်ဆိုရင် ကချင်လူမျိုးတွေကို မလိုလားအပ်တဲ့ သူတွေသာဖြစ်တယ်။ အခုဆိုရင် ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လာတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဘယ်အဖွဲ့အစည်းလဲဆိုတာ အားလုံးသိမှာပါ”လို့ပြောဆိုပါတယ်။ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပွားနေတဲ့အခြေအနေတစ်ခုမှာ ဘာသာရေးအသီးသီးက သင်းအုပ်၊ သင်းထောက်၊ ဘုန်တော်ကြီးတွေနဲ့ ရိုးရာလူကြီးတွေ အသက်အန္တရာယ်စိုးရိမ်ရနေရတဲ့ကာလဖြစ်နေပြီလို့ဆိုပါတယ်။…
Read More » -
10 April
MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊…
Read More » -
1 April
ဂျန်မိုင်ရွာမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံး၊၂ ဦးဒဏ်ရာပြင်းထန်
မံစီမြို့နဲ့ လွယ်ဂျယ်ကြားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မံစီ – လွယ်ဂျယ်သွားလမ်း အင်ဘာပါမရောက်ခင်က ဂျန်မိုင်ကျေးရွာ ယာဉ်ရပ်နားရာနေရာမှာ ဧပြီလ ၁…
Read More » -
Mar- 2024 -26 March
စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မတ်လ ၂၆ ရက်နေ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နောင်လိုက်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ ၂ ဦးအနက် အမျိုးသမီးဖြစ်သူကတော့ ဦးခေါင်းမှာထိမှန်ထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အဖွားကတော့ ခေါင်းနောက်အနောက်ပိုင်းမှာ ထိပြီး အဖိုးကတော့ ကျောအနောက်နားမှာဘဲ ပေါက်သွားတာ”လို့ ဆိုပါတယ်။ ဗုံးကျည်ထိမှန်ထားတဲ့ အသက် ၆၀ ကျော်အရွယ် အဖိုးနဲ့ အဖွားကိုတော့ ဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဗန်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့ ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း နောင်လိုက်ကျေးရွာမှာ ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေပေမယ့် ဗန်းမော်မြို့ စစ်ကောင်စီတပ် စကခ(၂၁) ကနေ လက်နက်ကြီးတွေနဲ့ ညနေ ၄နာရီ ၅မိနစ်ခြားတစ်ကြိမ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ နေအိမ်ထဲမှာဘဲ ပိတ်မိနေကြတယ်လို့ တခြားဒေသခံတစ်ဦးက ခုလိုဆက်ပြောပါတယ်။ “ဒီမနက်ပြေးမယ်လုပ်တော့ လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဒါကြောင့် အိမ်ထဲမှာဘဲ နေနေတယ် လက်နက်ကြီးတွေနဲ့ရောထုနေတာဘဲ ၄နာရီလောက်အထိ”လို့ ဆိုပါတယ်။ နောင်လိုက်ကျေးရွာဟာ မတ်လ ၁၄ရက်နေ့က KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဒါဆိုင်းရွာအခြေစိုက် ခလရ (၂၃၇)တပ်ရဲ့ တောင်ချေအောက်မှာရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၂ ကျော် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ခလရ ၄၇ တပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲနဲ့အကြောင်းမဲ့ လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ကောင်ဂျာကျေးရွာနေ ဦးလမာတူးရဲ့ ဇနီးဖြစ်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသမီး တစ်ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၂၅ ဝန်းကျင်အရွယ် ကလေးအမေတစ်ဦးနဲ့ လက်နက်ကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး ထိုးစစ်ရှိန်မြင့်လာတာနဲ့အမျှ လက်ရှိ ဗန်းမော်ခရိုင်တွင်းမှာရှိတဲ့ မြို့နယ်တွေမှာဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မိုးမောက်မြို့နယ်၊မံစီမြို့နယ်နဲ့ရွှေကူမြို့နယ်တွေမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – Hope
Read More » -
19 March
မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအပြင် နေရာတိုင်းမှာ…
Read More » -
18 March
ဆရာခွန်ဂျော်လီ(Sara Hkun Jaw Li)ပစ်သတ်ခံရ
“သူရဲ့ ကွန်ပျူတာဆိုင်ထဲမှာ ပထမလူ ၂ ယောက်က မိတ္တူကူးယူမယ်ဆိုပြီးဝင်လာတယ်တဲ့။ အဲဒီမိတ္တူကူးပေးလိုက်ပြီး ဘယ်လောက်မကြာဘူး နောက်ထပ် လူ ၂ ယောက်က ဝင်လာပြီး သူ့ရဲ့ ကွန်ပြူတာ အခန်းမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတယ်”လို့ပြောပြပါတယ်။
Read More » -
15 March
နန်းကွေ့ရွာမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်လို့ တစ်ဦးကျည်ထိမှန်
“သူတို့က အဲဒီနန်းကွေ့ချောင်းသာနားမှာ စစ်သားတွေ စစ်ဆေးနေတာတွေ့တော့ ကြောက်လို့ ပြန်ကွေ့တော့ စစ်သားတွေက ရပ်လို့အော်တာ မရပ်တော့ သေနတ်နဲ့ အသားကုန်ပစ်တာ ဆိုင်ကယ်အလယ်မှာစီးတဲ့ တစ်ယောက်က သေနတ်မှန်သွားတယ်”လို့ ဆိုပါတယ်။
Read More » -
14 March
မိုးမောက်မှာလက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလို့ ဒေသခံများလုံခြုံရေးစိုးရိမ်နေရ
ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ လက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ မိုးမောက်မြို့ထဲ ဒါဆိုင်းကျေးရွာအနီးမှာရှိတဲ့ ခလရ (၂၃၇) တပ်စခန်းကို KIA ဘက်က မနေ့ညမှာ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒါဆိုင်းစခန်းမသိမ်းမီ မတ်လ ၁၂ ရက်နေ့ စစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ မိုးမိတ်စစ်ရှောင်စခန်းက လူငယ်တစ်ဦးနဲ့ အမှုဆောင်ဆရာတစ်ပါး ထိခိုက်ဒဏ်ရာရ ရှိခဲ့တဲ့အပြင် နေအိမ်တစ်လုံးပေါ် လည်းကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ မိုးမောက်မြို့ဒေသခံအမျိုးသား တစ်ယောက်က KNG ကိုပြောပါတယ်။ “စစ်ရှာင်စခန်းထဲကျတာတော့မဟုတ်ဘူး၊ အနီးအနားမှာကျတာပေါ့၊ အဲ့တာ စစ်ရှောင်စခန်းက လူငယ်တစ်ယောက်ထိပြီး အခုဆေးရုံတင်ထားရတယ်၊ ပြီးတော့ မနေ့တနေ့ကကျတော့ အမှုတော်ဆောင်ဆရာတစ်ယောက် လက်မောင်းမှာထိသွားတယ်၊ မနေ့ညကကျတော့ နေအိမ်တစ်ခုမှာ ကျတာ ပေါ့၊ ကျည်တွေက နေရာတကာမှာအရမ်းကျတယ်၊ လမ်းပေါ်မှာတွေရော”လို့ပြောပါတယ်။ ဒါ့အပြင် လူမနေတော့တဲ့ RC စစ်ရှောင်စခန်းမှာလည်း လက်နက်တွေ မကြာခဏ ကျရောက်တာမျိုးတွေရှိပြီး မူကြိုကျောင်းမှာလည်း လက်နက်ကျတာတွေရှိပေမဲ့ ကျောင်းပိတ်တဲ့အချိန်ဖြစ်တာကြောင့် ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲနေတဲ့အပြင် တစ်ဖက်မှာ လုံခြုံရေးအရ စျေးဆိုင်တွေလည်းဖွင့်လှစ်ရောင်းချတာတွေမရှိတော့တဲ့အတွက် စားဖို့သောက်ဖို့အတွက်လည်း ခက်ခဲမှုတွေရှိလာတယ်လို့ မိုးမိတ် KBC စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုက အဲ့လိုလက်နက်သံတွေကြားနေရတော့ အပြင်ထွက်ဝယ်ဖို့ကလည်း ကြောက်ရတယ်၊ ရောင်းတဲ့သူတွေကလည်း ကြောက်လို့ ဆိုင်မဖွင့်တော့တဲ့သူတွေရှိတော့ ကျွန်မတို့က စားဖို့သောက်ဖို့ကို လည်းစိုးရိမ်နေရတာပေါ့၊ သေနတ်သံ၊ လက်နက်သံတွေကြားပြီးဆိုရင်လည်း ကလေးတွေအတွက်က စိုးရိမ်ရနဲ့ တစ်ခါကြားရင် တစ်ခါကြောက်ရနဲ့ ဘယ်အချိန်မှာဘယ်လိုကျလာမလဲဆိုတာကိုဘဲ စောင့်ပြီးစိုးရိမ်နေကြရတာပေါ့”လို့ပြောပါတယ်။ မိုးမောက်မြို့တွင်း ဒေသခံပြည်သူတွေကို လမ်းတွေမှာ ဖမ်းဆီးစစ်ဆေးတာ၊ ဖမ်းဆီခေါ်ဆောင်တာမျိုးမရှိပေမဲ့ လက်နက်ကြီး လက်နက်ငယ်သံတွေမကြာခဏ ကျရောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားလာရေးအခက်အခဲကြုံနေရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မိုးမောက်မြို့တွင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၀ ကြိမ်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး လက်ရှိချိန်ထိလည်း လက်နက်တွေ ကျရောက်နေပေမဲ့ လက်နက်ထိသေဆုံးတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။ မိုးမောက်မြို့နယ်ဟာ ဗန်းမော်ခရိုင်ထဲမှာပါဝင်ပြီး အထိုင်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ ဒါဆိုင်းတပ်စခန်းကိုတော့ KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ By – Bu Bu
Read More » -
13 March
ဗန်းမော်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စကခ ၂၁ စစ်တပ်က ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်တွေဟာ ကမ်းနီကျေးရွာအပါအဝင် ရွာ ၄ ရွာမှာကျရောက်ပေါက်ကွဲလို့ အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းကနေ ဗန်းမော်မြို့ပတ်ပတ်လည်ကို နေ့၊ည မပြတ်လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ဗန်းမော်မြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်အနောက်ဘက် အလယ်ကျွန်းရှိ မိုးစိမ်းကျွန်းနှင့် မိုင်းကာကျေးရွာအပြင် ကမ်းနီကျေးရွာနဲ့ စင့်ကင်ရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုက ပတ်ပတ်လည်ပစ်နေတာ သေတဲ့သူတွေရဲ့နာမည်စာရင်း အတိကျတော့သိရဖို့ခက်တယ် တိတိကျကျပြောလို့ရတာက အသက် ၁၀နှစ်အောက် ကလေး ၃ယောက်ပါတယ် အမျိုးသမီး ၂ ယောက်ပါတယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသူတွေဟာ မိုင်းကာရွာ အသက် ၃၀ နှစ်ဝန်းကျင်အမျိုးသမီးတစ်ဦး၊ မိုးစိမ်းကျွန်း တစ်နှစ်ကျော်အရွယ်ကလေးတစ်ဦး၊ စင့်ကင်ရွာ အသက် ၅၇ နှစ်အရွယ် မဝင်းချစ်နဲ့ ကမ်းနီရွာမှာနောက်ထပ် ကလေး ၁၀အောက်ကလေး ၃ ဦးနဲ့ အသက် ၃၀ ဝန်းကျင် မိခင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက KPDF တွေမြို့ထဲဝင်ရောက်နေပြီဆိုတဲ့အကြောင်းပြချက်နဲ့ မြို့တွင်းမြို့ပြင် အရပ်သားတွေပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ ပစ်သတ်တာတွေများလာနေပြီဖြစ်တယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ လက်ရှိ မြို့ရှောင်လမ်း၊ ၃မိုင်၊ အရှေ့သာစည်၊ ၂ မိုင်အောင်သာ၊ဟန်းတဲရပ်ကွက်တွေမှာ လမ်းမပေါ်ထွက်လာတဲ့သူမှန်သမျှ စစ်တပ်က ပစ်သတ်နေလို့ သေဆုံးတဲ့ အရပ်သား ၁၀ ဦးထက်ဦးထက်မနည်းရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပစ်သတ်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို သိခွင့်မရဘဲ စစ်တပ်က မှောက်လျက်အနေထားနဲ့ပစ်သတ်ထားပြီး နာရေးကူညီမှုအသင်းကလည်း မှောက်လျက်အနေထားနဲ့ သယ်ယူဖို့နဲ့ ဓါတ်ပုံမှတ်တမ်းတွေမရိုက်ဖို့ ခံဝန်ကတိရေးထိုးပြီး သယ်ယူနေကြတယ်လို့ ဆိုကြပါတယ်။ “နာရေးကူညီမှုအသင်းတွေအများကြီးရှိတယ် အဲထဲကမှသူတို့ရွေးပြီးခေါ်တာလို့သိရတယ် မှောက်တဲ့အနေထားနဲ့ပစ်သတ်ထားတယ် မျက်နှာကြည့်ခွင့်မရှိ လူနာတင်တဲ့သူတွေကလည်း မှောက်လျက်တင်ပြီး မီးရှို့ရတယ်ပြောတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကစပြီး မြစ်ကြီးနား– ဗန်းမော်မြို့လမ်းမတစ်လျှောက် စစ်ကောင်စီတပ်စခန်းကို KIA ကစခန်းသိမ်းတိုက်ပွဲ စတင်လာတဲနေ့ကတည်းကနေစပြီး ဗန်းမော်မြို့မှာအကြောင်းမဲ့ဖမ်းဆီးခံရတဲ့သူတွေလည်း များလာနေပြီဖြစ်သလို လက်ရှိဗန်းမော်မြို့မှာ MPT နဲ့ဖုန်းလိုင်းတစ်ချို့လည်းပိတ်ခံထားရတယ်လို့ဆိုပါတယ်။ By – ဇမီ
Read More »









