လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဆရာခွန်ဂျော်လီ(Sara Hkun Jaw Li)ပစ်သတ်ခံရ 

မိုးကောင်းမြို့နယ် နမ္မတီးဒေသခံ ဆရာခွန်ဂျော်လီ Sara Hkun Jaw Li ကို ဒီကနေ့ နေလည် ၁၂ နာရီဝန်းကျင်လောက်မှာ မျက်နှာအုပ်ထားတဲ့ လူ  ယောက်ဝင်ရောက်လာပြီး သေနတ်နဲ့  ကြိမ်အထက်ပစ်ခတ်သွားတဲ့အတွက် သေဆုံးသွားပြီလို့ နမ္မတီး လမ်းခွကျေးရွာ KBC အသင်းတော်က ဆရာတစ်ယောက်က ပြောပါတယ်။

သူရဲ့ ကွန်ပျူတာဆိုင်ထဲမှာ ပထမလူ  ယောက်က မိတ္တူကူးယူမယ်ဆိုပြီးဝင်လာတယ်တဲ့။ အဲဒီမိတ္တူကူးပေးလိုက်ပြီး ဘယ်လောက်မကြာဘူး နောက်ထပ် လူ  ယောက်က ဝင်လာပြီး သူ့ရဲ့ ကွန်ပြူတာ အခန်းမှာပဲ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ပြောပြပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဆရာခွန်ဂျော်လီဟာ လူမျိုးရေးအတွက် စိတ်အားထက်သန်ပြီး ဒေသအကျိုးပြုလုပ်ငန်းတွေမှာ အမြဲဦးဆောင်ပါဝင်ကူညီပေးနေသူတစ်ဦးဖြစ်ပြီး ပစ်သတ်ခံရချိန် ဦးခေါင်းနေရာမှာ သေနတ်ဒဏ်ရာ  ချက်၊ ကိုယ်ပေါ် ဝမ်းဗိုက်နေရာမှာ  ချက်တွေ့ရတယ်လို့ ဆက်ပြောပြပါတယ်။

ဆရာခွန်ဂျော်လီဟာ ပစ်သတ်ခံရတဲ့နေရာမှာတင်အသက်မသေသေးဘဲ ဆေးရုံကို ခေါ်သွားတဲ့ လမ်းတဝက်မှာအသက်သေဆုံးသွားပြီး လက်ရှိမှာ နမ္မတီးပြည်သူ့ဆေးရုံ ရင်ကွဲရုံမှာ ဆရာဝန်းတွေ စစ်ဆေးဖို့ရှိနေတာကြောင့် ရုပ်ကလပ်ကို နေအိမ်ကိုမသယ်ယူနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဖြစ်ဖြစ်ချင်းက အသက်မသေသေးတော့ မြစ်ကြီးနားဆေးရုံကိုခေါ်သွားဖို့လမ်းတဝက်မှာ အခြေအနေမကောင်းတော့ နမ္မတီးဆေးရုံကို ခေါ်သွားတယ်။ ဆေးရုံရောက်တာနဲ့ အသက်ထွက်သွားတယ်။ လက်ရှိ ရင်ကွဲရုံမှာ ဆရာဝန်တွေ စစ်ဆေးဖို့လုပ်နေတယ်။ စစ်ချက်ရမှာ အလောင်းကို ပြန်ယူလို့ရမှာဖြစ်တယ်လို့ပြောပါတယ်။

ဆရာခွန်ဂျော်လီ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကို အသေးစိတ်မသိရသေးဘဲ ဆက်လက်စုံစမ်းနေသေးသလို လာရောက်ပစ်သတ်သွားတဲ့ လူ  ယောက်က ဗမာစကားပြောပြီး ရှမ်းအသံဝဲတဲ့သူတွေဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဆရာခွန်ဂျော်လီဟာ သေဆုံးချိန်မှာ အသက် ၄၇ နှစ်အရွယ်ရှိပြီးတော့ နမ္မတီးမြို့ လမ်းခွကျေးရွာမှာ အမျိုးသမီးနဲ့ အတူ သား/သမီး  ယောက်နဲ့ နေထိုင်နေတာဖြစ်ပါတယ်။

ဆရာခွန်ဂျော်လီဟာ နိုင်ငံရေးကင်းရှင်းပြီး အသင်းတော်လုပ်ငန်းနဲ့ ထိန်းနိုင်ဇုံနယ် ကချင်နှစ်ခြင်းအသင်းတော် KBC ရဲ့ လူငယ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့​အပြင် ဒေသအတွင်း မူယစ်ဆေးဝါတိုက်ဖျက်ရေး (Pat Ja San)လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေသူနေတစ်ဦးလည်းဖြစ်ပါတယ်။

အခုလို အသင်းတော်လုပ်ငန်းနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ မားမားမတ်မတ်ကူညီဆောင်ရွက်ပေးနေတဲ့ ဆရာခွန်ဂျော်လီ သေဆုံးသွားတဲ့အပေါ်မှာ ကချင်တစ်မျိုးသားလုံးအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ဆက်ပြောဆိုထားပါတယ်။

ဆရာခွန်ဂျော်လီ အခုလို ရုတ်တရက်သေဆုံးသွားတဲ့အပေါ်မှာ အလွန်ယူကြုံးမရဖြစ်နေရပါတယ်။ လခွကျေးရွာတစ်ခုတင်မဟုတ်ပဲ ကချင်တစ်မျိုးသားလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ ဘာလို့ဆိုတော့ အသင်းတော်လုပ်ငန်း၊ ဒေသလုပ်ငန်းကအစ သူကပဲလုပ်ငန်းတတ်တာဟုတ်တယ်။ လူငယ်တွေပူးပေါင်းပါဝင်လာနိုင်ဖို့အတွက်လည်း သူကအရမ်းဦးဆောင်တတ်တာဟုတ်လို့ပြောပါတယ်။

၂၀၁၃ ခုနှစ်လောက်ကတည်းကနေ ပညာဆက်လက်ဆည်းပူးနိုင်ဖို့ရန်အတွက် အသင်းတော်လုပ်ငန်းတွေ ယနေ့အထိ ယာယီရပ်နားထားပြီး လူမျိုးရေး ကစ္စအဝဝတွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးနေရင်း အခုလို ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button