လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ပြည်သူ  ၂ ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် နောင်လိုက်ကျေးရွာမှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံပြည်သူ  ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ မတ်လ ၂၆ ရက်နေ့ ဒီမနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နောင်လိုက်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူ  ဦးအနက် အမျိုးသမီးဖြစ်သူကတော့ ဦးခေါင်းမှာထိမှန်ထားတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။

အဖွားကတော့ ခေါင်းနောက်အနောက်ပိုင်းမှာ ထိပြီး အဖိုးကတော့ ကျောအနောက်နားမှာဘဲ ပေါက်သွားတာလို့ ဆိုပါတယ်။

ဗုံးကျည်ထိမှန်ထားတဲ့ အသက် ၆၀ ကျော်အရွယ် အဖိုးနဲ့ အဖွားကိုတော့ ဒီနေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ  ဗန်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေကနေပြီးတော့  ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာလည်း နောင်လိုက်ကျေးရွာမှာ ဒေသခံတစ်ချို့ ထွက်ပြေးတိမ်းရှောင်ဖို့ပြင်ဆင်နေပေမယ့်  ဗန်းမော်မြို့ စစ်ကောင်စီတပ် စကခ(၂၁ကနေ လက်နက်ကြီးတွေနဲ့ ညနေ ၄နာရီ ၅မိနစ်ခြားတစ်ကြိမ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ နေအိမ်ထဲမှာဘဲ ပိတ်မိနေကြတယ်လို့ တခြားဒေသခံတစ်ဦးက ခုလိုဆက်ပြောပါတယ်။

ဒီမနက်ပြေးမယ်လုပ်တော့ လေယာဉ်နဲ့ ဗုံးလာကြဲလို့  ဒါကြောင့် အိမ်ထဲမှာဘဲ နေနေတယ် လက်နက်ကြီးတွေနဲ့ရောထုနေတာဘဲ ၄နာရီလောက်အထိလို့ ဆိုပါတယ်။

နောင်လိုက်ကျေးရွာဟာ မတ်လ ၁၄ရက်နေ့က KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့  ဒါဆိုင်းရွာအခြေစိုက် ခလရ  (၂၃၇)တပ်ရဲ့ တောင်ချေအောက်မှာရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့နယ် ကောင်ဂျာကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၂ ကျော် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ခလရ ၄၇ တပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲနဲ့အကြောင်းမဲ့ လက်နက်ကြီး  ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် ကောင်ဂျာကျေးရွာနေ ဦးလမာတူးရဲ့ ဇနီးဖြစ်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသမီး တစ်ဦးလက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အသက် ၂၅ ဝန်းကျင်အရွယ် ကလေးအမေတစ်ဦးနဲ့ လက်နက်ကြီးထိမှန်ပြီးထိခိုက်ဒဏ်ရာ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး ထိုးစစ်ရှိန်မြင့်လာတာနဲ့အမျှ လက်ရှိ ဗန်းမော်ခရိုင်တွင်းမှာရှိတဲ့ မြို့နယ်တွေမှာဖြစ်တဲ့ ဗန်းမော်မြို့နယ်၊မိုးမောက်မြို့နယ်၊မံစီမြို့နယ်နဲ့ရွှေကူမြို့နယ်တွေမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button