လူ့အခွင့်အရေးချိုးဖောက်မှု

  • Jul- 2023 -
    5 July
    စစ်ကိုင်းတိုင်းတစ်နေရာက စစ်ဘေးရှောင်များ (ပုံဟောင်း)

    မိဿလင်ကုန်းရွာက ဒေသခံ ၅၀ကျော် ဓားစာခံအဖြစ်ဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မိဿလင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းမှာ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ၅၀ကျော်ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးတောင်ဘို့မှာအထိုင်ချထားတဲ့ စစ်ကောင်တပ်အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ကိုးတောင်ဘို့ကနေ ၂မိုင်ခန့်အကွာမှာရှိတဲ့ မိဿလင် ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က…

    Read More »
  • 4 July
    ဟုမ္မလင်းမြို့အဝင်ဆိုင်းဘုတ်

    ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦး မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွားတဲ့  Non-CDM ကျောင်းဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးတို့ ပြန်လွတ်လာခြင်းမရှိသေးတဲ့အပြင် မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ပြတ် နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာအုပ်စု တာပန်ကျေးရွာက စစ်ကောင်စီအစိုးရဖွင့်လှစ်ထားတဲ့မူလတန်းကျောင်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ကျောင်းဝင်းထဲမှာရှိတဲ့ ဆရာ၊မတွေရဲ့အဆောင်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်တယ် အဲ့တာ PDF ကဖမ်းတာလား ရှမ်းနီကဖမ်းတာလား…

    Read More »
  • 4 July
    သတ်ဖြတ်ခံလိုက်ရတဲ့ ပကဖဝင် ၅ ဦး

    တလိုင်းကျေးရွာစီးနင်းခံရပြီး PDF ၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်း  ဝင်ရောက်စီးနင်းလာပြီး ရွာထိပ်မှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ဝင် ( ပကဖ) ၅ ဦးကို သတ်ဖြတ်သွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက…

    Read More »
  • 3 July
    နန့်သာရွာက လေတန်ချောင်းပုံ

    နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “နန့်သာရွာထဲမှာသတ်ခံရတာ…

    Read More »
  • 3 July
    ဖားကန့်မြို့တွင်းတစ်နေရာ

    ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး

    ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည် မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ “ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့်နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။ ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိသေးပါဘူး။ ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်းထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ကအရပ်သားတွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီးခံရမှုဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။

    Read More »
  • Jun- 2023 -
    16 June

    KIA တပ်သား နှင့် ဇနီး တို့အား သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO ဘက်က လုပ်ဆောင်နေ

    မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း KIA တပ်မဟာ ၈ နယ်မြေ၊ တပ်ရင်း ၄၁ ရှေ့တန်း ကင်းစခန်းတစ်နေရာတွင် KIA တပ်သားတစ်ဦးကိုသတ်ဖြတ်ပြီး ဇနီးဖြစ်သူကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို အရေးယူနိုင်ရန် KIO/KIA ဘက်က လုပ်ဆောင်နေသည်ဟု သိရသည်။ သတ်ဖြတ်ခံထားရသော လင်းမယား ၂ ဦး၏ ရုပ်လောင်းကို ဇွန်လ ၁၃ ရက်နေ့ သွားရောက်တွေ့ရှိခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည့် အသက် ၄၀…

    Read More »
  • 16 June

    အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားနေအိမ် မီးရှို့ခံရမူ ၇ သောင်းကျော်ရှိလာ

    အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့မူများကြောင့် နေအိမ်ပေါင်း ၇ သောင်းကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု Data For Myanmar ၏ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ…

    Read More »
  • 8 June

    ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကျေးရွာ ၇၅ ရွာမီးရှို့ခံရ

    ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၇၅ ရွာအထိ ရှိလာပြီး မီးဘေးသင့်ပြည်သူ ၃ သောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ၂၀၂၃ ဖေဖော်ဝါရီလမှစပြီး…

    Read More »
  • 6 June

    ဖားကန့်လမ်းတွင် လိုင်စင်မဲ့အကြောင်းပြကာ ကားအများအပြားကို စစ်တပ်ဖမ်းဆီးထား

    ဖားကန့်သွားလမ်း ကားမိုင်းနှင့် နန့်ယားစစ်တပ်ဂိတ် ၂ နေရာတွင် စစ်ကောင်စီတပ်သည် လိုင်စင်မဲ့ကားများကို အကြောင်းပြကာ ကားအများအပြားကို ဖမ်းဆီးထားသည်ဟု သိရသည်။ ဇွန်လ ၃ ရက်နေ့မှစတင်ကာ မြစ်ကြီးနား၊ မိုးကောင်းဘက် မှတဆင့် ဖားကန့်မြို့ဘက်သို့ တက်လာသည့် အိမ်စီးကားနှင့်…

    Read More »
  • May- 2023 -
    30 May

    သေရာပါမယ့် နာကျည်းချက်များစွာနဲ့ အမေအို

    အသက် ၆၀ နှစ်အရွယ် ဒေါ်တိုးဟာ သမီးလေး ဖမ်းဆီးခံလိုက်ရတဲ့အဖြစ်ဆိုးကို တစ်ပိုင်းတစ်စပြောနေရင်းမှာဘဲ ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ငိုချလိုက်ပါတော့တယ်။ စကားတောင် ဆက်မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုနေတဲ့ ဒေါ်တိုးဟာ ခနအကြာမှာတော့ စီးကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး “ ဒီစစ်တပ်ကို သေတဲ့ထိ…

    Read More »
Back to top button