လူ့အခွင့်အရေးချိုးဖောက်မှု
-
Aug- 2023 -3 August
ကျောက်ထိုးကြီးရွာက အိမ်ခြေ ၄၀ ကျော်ကို စစ်တပ်ကမီးရှို့
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ထိုးကြီးကျေးရွာက လူနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃၁ ရက်နေ့ကနေ ဒီကနေ့မနက်ထိ ၄ ရက်ကြာ တပ်စွဲခဲ့တဲ့စစ်အင်အား ၁၀၀ နီးပါးရှိတဲ့ ခလရ ၁၂၁ တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့က ကျောက်ထိုးကြီးကျေးကို ၃ ရက်ဆက်တိုက်မီးတင်ရှို့ခဲ့ပြီး စုစုပေါင်းအိမ်…
Read More » -
Jul- 2023 -24 July
ဝိုင်းမော်မှာ ရှမ်း လူငယ် ၃ ယောက် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုခံရ၊ တစ်ဦးပြင်းထန်ဒဏ်ရာရရှိ
ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာနားမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ ဂိတ်နေရာမှာ ဖြတ်ကျော်လာတဲ့ ရှမ်းလူငယ် ၃ ဦးကို သေနတ်ပစ်ခတ်လိုက်တဲ့အတွက် လူငယ်တစ်ဦး ပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်မှာ…
Read More » -
24 July
ဟိုပင်မှာ လင်မယား နှစ်ယောက်သတ်ဖြတ်ခံရမှု KIO/KIA ဖြေရှင်းပေးနိုင်မှု မရှိသေး
KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေမှာ KIA တပ်သားတစ်ဦး နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးဖို့တောင်းဆိုထားပေမယ့် တာဝန်ရှိတဲ့ KIO အနေနဲ့ ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းမှာ KIO တပ်မဟာ ၈ အရာရှိတွေက အမှုဖြေရှင်းပေးတော့မယ်ဆိုပြီး မိသားစုဝင်တွေကို…
Read More » -
22 July
နမ်ဆန်ယန်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးဖြင့်လာရောက်ဗုံးကျဲတိုက်ခိုက်၊ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုရှိ
တစ်လဝန်းကျင်ခန့်အကြာ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ဗုံးကျဲသွားကြောင်း သိရသည်။ “၁၁ နာရီလောက်ဖြစ်မယ် ၃ စီးနဲ့လာတိုက်သွားတယ်။ နမ်ဆန်ယန်ရွာထဲမှာကို…
Read More » -
19 July
နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ…
Read More » -
19 July
နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ…
Read More » -
17 July
ခင်ဦးမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်စစ်ဘေးရှောင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထားပါတယ်။ ဇူလိုင်၁၆ရက်နေ့ မနေ့က နေ့လည် ၁နာရီလောက်မှာ အင်းပတ် ကွေ့ဈေးတန်းကအထိုင်ချစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကသူတို့စခန်းနဲ့မီတာ ၃၀၀လောက်အကွာမှာရှိတဲ့ အင်းပတ်ရွာကို ဝင်ရောက်စီးနင်းပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန် ကြားရေးအဖွဲ့ကတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “ အင်းပတ်ကပေါ့ စစ်ဘေးရှောင်နှစ်ဦး လက်နက်ကြီးထိတာပေါ့တစ်ဦးကတော့ပွဲချင်းပြီးဆုံးသွားတယ် တစ်ဦးကတော့ ဆေးကုသမူခံယူနေရဆဲပါ”လို့ပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသူဟာ…
Read More » -
14 July
ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…
Read More » -
14 July
ဝက်လက်မှာကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦးသတ်ဖြတ်ခံရ၊နေအိမ်၂၀၀နီးပါးကိုမီးရှို့ဖျက်ဆီးသွား
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တောင်ဘက်ခြမ်း ရထားသံလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ကြာစစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၂၀၀နီးပါးမီးရှို့ခဲ့တဲ့အပြင် ကျောင်းဆရာတစ်ဦးနဲ့ဒေသခံတစ်ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့မနက်ပိုင်းကနေ မနေ့ကညပိုင်းအထိ ဝက်လက်နယ်တောင်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းပတ်ထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေပါသတ်ဖြတ်ခံခဲ့ရတာလို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “၁၂ ရက်နေ့က သာလိုင်းရွာကိုစဝင်တာပေါ့ အသက် ၇၀ကျော်အဘိုးကြီး တစ်ယောက်ကိုပစ်သတ်သွားတယ်…
Read More » -
12 July
ကလေးမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့တမင်ပဲပစ်တာပဲလားတော့မသိဘူး တောင်ဖီလာရပ်ကွက်က အိမ်တစ်လုံးပေါ်ကိုလက်နက်ကြီးကျ တယ် လူပျိုကြီးနဲ့အပျိုကြီးမောင်နှမ နှစ်ယောက်အတူနေကြတာအမဖြစ်သူကတော့လည်ပင်းထိပြီး ချက်ချင်းသေသွားတယ် မောင်ကတော့ ရင်ဘက်ကိုမှန်ပြီးဆေးကုသခဲ့ရတယ် သက်သာနေပါပြီ” လို့ ပြောပါတယ်။ ကြို့သုံးပင်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကတော့လူထိခိုက်ဒဏ်ရာရသေဆုံးတာတွေမရှိပေမဲ့ နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကလေးမြို့နဲ့ထိစပ်နေတဲ့…
Read More »








