,
ပူတာအိုမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိသည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ (more…)
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီစဉ်တွင် ပါဝင်ခဲ့သော နောင်မွန်မြို့နယ်မှ ကချင် ခရစ်ယာန် ဓမ္မဆရာတော် ၃ ဦး ကို ပုဒ်မ ၅၀၅(က) ဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပြည်သူ့စစ်တို့က တရားစွဲဆိုထားကြောင်း သိရသည်။ (more…)
ဒေါ့ဖုန်းယန်မြို့တွင်း ဘာသာရေးအဆောက်အဦးနှင့် ဆေးရုံ ၊ အစိုးရရုံးတို့တွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထားခြင်းကို အလိုမရှိကြောင်း ဒေသခံများ ပြောသည်။ (more…)
ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသော ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ယနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ (more…)
ကချင်ဒေသများတွင် အာဏာသိမ်းစစ်တပ်က သူ၏ဆုံးရှုံးမှုအတွက် လက်တုန့်ပြန်သည့်လုပ်ရက်အနေဖြင့် အရပ်သားပြည်သူများကို ပစ်ခတ် သတ်ဖြတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၁၆ ရက်နေ့တွင် အစီရင်ခံစာဖြင့် ထောက်ပြထားသည်ကို တွေ့ရသည်။ (more…)
ရွှေကူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ဟု မသင်္ကာသူများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အိမ်ထောင်စု စာရင်းနှင့်တကွ လိုက်လံ ရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။ (more…)
ပူတာအိုမြို့နယ် ဖတ်မာ (Hpak Ma Mare) ကျေးရွာတွင် အရှိန်ဖြင့်မောင်းလာသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းက ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ခဲ့သောကြောင့် ခြေကျိုးသည်အထိ ဒဏ်ရာ ရရှိထားကြောင်း သိရသည်။ (more…)
ကချင်ပြည်နယ်၊ ချီဖွေမြို့စစ်ရှောင်စခန်း၂ တွင် နေထိုင်သည့် မူကြိုဆရာမ တစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်အသွယ်ရှိသည်ဟု တိုင်တန်းထားသူရှိသည့်အတွက် ဇွန်လ ၁ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။ (more…)
တနိုင်းမြို့နယ် တနိုင်းချောင်းအောက် တလူး (Daru) ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ၂ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။ (more…)
ဗန်းမော်မြို့ စနေပရဟိတအသင်းခေါင်းဆောင် ဦးလွင်ကိုချစ်ကို အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့က ညနေ ၂နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။ (more…)