လူ့အခွင့်အရေးချိုးဖောက်မှု
-
May- 2024 -20 May
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး
တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊ ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။
Read More » -
16 May
မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။ မေလ ၁၃ ရက်နေ့ မံစီမြို့ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိိုက်ခံနေတာကြောင့် မြို့တွင်းနှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွင်း စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် ရဲစခန်း၊ စစ်တပ်နဲ့ နီးစပ်တဲ့လူနေရပ်ကွက်က နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ မံစီမြို့ခံ တစ်ဦးက KNGကိုပြောပါတယ်။ “လေယာဥ်ကဒီနေ့မနက်လည်းလာဝဲတယ် မနက်အစောကြီးနှစ်လုံးကျဲသွားတယ်။ မနေ့ကတော့တစ်ရက်ထဲကို အလုံး ၂၀ ကျော်ကျဲသွားတယ် ကောင်ရာရပ်ကွက်ထဲကစာသင်ကျောင်းထိပြီးပျက်စီးသွားတယ် မနေ့ကအထိဆိုရင်အိမ်ကအလုံး ၂၀ ကျော်တော့မီးလောင်သွားပြီ။ အဲ့တာကလုံးဝရစရှိကိုမရှိအောင်လောင်သွားတာ တစ်ချို့မီးဖို့ချောင်ပဲလောင်တာလည်းရှိတယ် မနေ့ကလည်းအိမ်နှစ်လုံးမီးဖိုချောင်တစ်လုံးလောင်သွားတယ်”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောချက်အရ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မံစီမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ရာရပ်ကွက်က လူနေအိမ် ၁၀ လုံးကျော်၊ ဂျိမ်းဖော့မြေရပ်ကွက် လူနေအိမ် ၁၀ လုံးကျော်နဲ့ မံစီမြို့နယ် နမ့်ခမ်းကျေးရွာက လူနေအိမ် ၂လုံး၊ မီးဖိုချောင်တစ်လုံး စုစပေါင်း လူနေအိမ် ၂၀ ကျော်အပါအဝင် စာသင်ကျောင်းတစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။ လူနေအိမ်အများဆုံးမီလောင်ပျက်စီးသွားတဲ့ ကောင်ရာရပ်ကွက်နဲ့ ဂျိမ်းဖော့မြေရပ်ကွက်ဟာ မံစီးမြို့မရဲစခန်း နဲ့ နီးတဲ့ရပ်ကွက်တွေဖြစ်တဲ့အပြင် ထွေအုပ်ရုံး၊…
Read More » -
14 May
မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ
“ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။
Read More » -
13 May
နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး ၅ ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။ “ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ ၅ ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။ နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ KIA လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
13 May
မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံဖမ်းမိ
ကချင်ပြည််နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူကိုဖမ်းဆီးရမိပြီလို့သိရပြီး တရားခံကို သေဒဏ်စီရင်ပေးဖို့ ဒေသခံ ၅၀၀၀ ဝန်းကျင် ဒီနေ့မှာ လမ်းလျှောက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။ မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့ တရားခံဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကိုဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်း နဲ့ ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ တရားခံကို မေလ ၁၂ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ဖမ်းဆီးလိုက်ပြီလို့ လေယာဥ်ကွင်းရပ်ကွက်နေရပ်ကျေးတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းမိတာက မနေ့က နေ့လည် ၁ နာရီလောက်မှာဖမ်းမိတာ သူကလေယာဥ်ထဲက သံပန်း၊ ပရိဘောဂတွေလုပ်တဲ့ဆိုင်မှာနေတာ အဲ့သူနေတဲ့နေရာမှာဖမ်းမိလိုက်တာ ဖမ်းပြီးရဲစခန်းထဲတခါတည်းခေါ်သွားတယ်”လို့ ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ကိုကျော်သူရကိုဟာ မဂွန်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်တဲ့အပြင် လက်ကိုင်ဖုန်းကိုပါလုယက်သွားတာဖြစ်ပြီး အဲဒီလက်ကိုင်ဖုန်းကို ဖုန်းဆိုင်မှာလာရောင်းရာကနေ တစ်ဆင့်ခြေရာခံမိကာဖမ်းဆီးလိုက်နိုင်တာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမိးက ဆက်ပြောပါတယ်။ “လက်တွေဘာတွေချိုးလိုက်ခံထားရတာလို့ သိရတယ်။ နောက်ပြီးတော့ မုဒိန်းပါကျင့်ပြီးသတ်လိုက်တာ ကလေးမဆီကလုသွားတဲ့ဖုန်းကို ဖုန်းSecond ရောင်းတဲ့ဆိုင်မှာရောင်းခဲ့တာ အဲ့ကနေသူ့ကိုတဆင့်မိသွားတာ”လို့ နောက်ထပ် ပူတာအိုမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။ မုဒိန်းမှုကျူးတဲ့သူကို မနေ့က ပူတာအိုရဲ၊ ရဝမ်ပြည်သူ့စစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီးဖမ်းဆီးလိုက်တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ နစ်နာသူမိသားစုဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့်က တရားခံကို သေဒဏ်စီရင်ပေးဖို့နဲ့ မုဒိန်းမှုကင်းစင်အောင်ပူးပေါင်းဆောင်ရွက်ကြဖို့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “လူကတော့ ၅၀၀၀ လောက်ပါတယ် လေယာဥ်ကွင်းကနေ ကောင်ကထောင်ရပ်ကွက်အထိလမ်းတလျောက်ဟာလူတန်းနဲ့ပြည့်သွားတာ အဓိကသူတို့စာရွက်ကိုင်ပြီးတောင်းဆိုတာတော့အမှုမှန်ပေါ်ပေါက်ဖို့ ၊မှန်မှန်ကန်ကန်ပြစ်ဒဏ်ချပေးဖို့ နောက်နောင်ဒါမျိုးမဖြစ်အောင်ပူးပေါင်းပါဝင်ဖို့ပါတယ် ဒါပေမယ့်ကြွေးကြော်တဲ့နေရာမှာတော့တရားခံကိုသေဒဏ်ပေးဖို့ပိုပြီးတောင်းဆိုကြတယ်”လို့ ဆန္ဒပြမှုမှာပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့ မဂွမ်ရိန်ဒူနော်ဟာ မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ မိခင်ဖြစ်သူနဲ့အတူ မုန့်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန့်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး မဂွန်ရိမ်ဒူနော်က နေအိမ်ကိုတစ်ယောက်တည်း ပြန်လာရာ လူပြတ်တဲ့ လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၊ ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ By – Zaw Zaw
Read More » -
11 May
ပူတာအိုမှာ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ
ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ အမျိူးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ဒုတ္တန်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုသူဟာ မေလ ၁၀ ရက်နေ့ မနေ့ နေ့လည်ပိုင်းမှာ ဒုတ္တန်ရပ်ကွက် လူသွားလူလာပြတ်တဲ့ သက်ကောတောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိတဲ့ပူတာအိုမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “သိရသလောက်သူ့ကို သူတို့မိဘတွေက ဆိုင်ကယ်ဆီထည့်ဖို့ဓာတ်ဆီသွားရှာခိုင်းတာတဲ့ ခိုင်းတာကတော့ နေ့ခင်းကြီးပါပဲ သူတစ်ယောက်ထဲသွားခိုင်းလိုက်တာ နောက်မနက်မှအလောင်းက သက်ကေတောမှာတွေ့တာ။ အိမ်ပြန်မလာတော့ရှာကြည့်တဲ့အခါမှတွေ့တာလို့ပြောပါတယ်။ သက်ကေတောဆိုတော့ လူမြင်ကွင်းရှင်းတဲ့နေရာဖြစ်သွားတာ”လို့သူကပြောပါတယ်။ မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်််ရဲ့ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးနက်ထားတဲ့ဒဏ်ရာတွေနဲ့အတူ မုဒိန်းကျင့်ခံထားရတဲ့အနေထားနဲ့ သေဆုံးနေတာလို့သိရပြီး အလောင်းကိုတော့ ဒီနေ့မနက်မှာ ရှာတွေ့ရာကနေ နေအိမ်သယ်ယူခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ “တော်တော်စိတ်မကောင်းစရာပါ ခလေးမရဲ့လည်ပင်းမှာတော့ဒဏ်ရာတွေတွေ့တယ် ညစ်ထားတာ၊အဲ့လိုတစ်ခုခုနဲ့ထိုးထားတာလုပ်သွားတဲ့လူကိုတော့မမိသေးဘူးပြောတယ်”လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ ပြစ်မှူကျူးလွန်ထားသူတွေကိုတော့ စုံစမ်းဖော်နေဆဲလို့ဆိုပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၊ ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ By – Zaw…
Read More » -
Apr- 2024 -26 April
လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆင်ဘို အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်း ၄…
Read More » -
23 April
ခါမ်းပါတ်နဲ့ ကလေးမြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၃ ယောက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ခါမ်းပါတ်မြို့နယ်နဲ့ကလေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်က မနေ့က ဧပြီလ ၂၂ ရက် နေ့ မနက်အစောပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ကလေးမြို့နဲ့ခါမ်းပါတ်မြို့ နှစ်ခုအစပ်က စောဘွားရေရှင်ဆိုတဲ့ရွာနဲ့…
Read More » -
19 April
မြစ်ကြီးနားမှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်မြေမြုပ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်၂၀ကျော်အရွယ် လူငယ်တစ်ဦးသတ်ဖြတ်ပြီး မြေမြုပ်ခံထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးနေတဲ့လူငယ်ကတော့ ပျောက်ဆုံးနေတာ ၄ ရက်ကြာပြီးနောက် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင် မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာဘက် JZ Resort အကျော် (ဒေသအခေါ်) မိုင်ဒေးကွင်းဆိုတဲ့ တောအုပ်တစ်နေရာမှာ ဒေသခံတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ နန်းကွေ့ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာ ခြံလုပ်တဲ့ခြံပိုင်ရှင်တွေလို့ပြောရမလား သူတို့ဘက်ကနေပြီးတော့ သွားတွေ့တာပေါ့အဲနေရာက လူတွေထင်းတွေဘာတွေလိုက်ကောက်တဲ့…
Read More » -
18 April
ကချင်၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ
ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်က ထီးချိုင့်မြို့နယ် တောမရွာကို ဧပြီလ ၁၅ ရက်နေ့မှာတစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကြိမ် ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Tigyaing Revolution က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကသာမြို့နယ်ထဲကညောင်ပင်ဝင်းရွာကို ဧပြီလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။…
Read More »









