စစ်ပြေးဒုက္ခသည်များ

  • Feb- 2024 -
    19 February

    အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက အထိုင်တပ်စွဲလာတဲ့ အင်အား ၂၀ ကျော်ဝန်းကျင်သာရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ…

    Read More »
  • 17 February

    မုံးကိုးမြို့ထဲခိုလှုံနေတဲ့ စစ်ရှောင်များကို MNDAA ကအတင်းအဓ္မမောင်းထုတ်

    ရှမ်းမြောက် မုံးကိုးမြို့ထဲမှာ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို ကိုးကန့် MNDAA တပ်ဖွဲ့က အတင်းအဓမ္မလာရောက်မောင်းထုတ်နေတယ်လို့ သိရပါတယ်။ မုံးကိုးမြို့ ရက်ကွက် ၄ ရှိ အဆောက်အအုံတစ်ခုမှာ ၃ နှစ်ကျော်ကြာစစ်ရှောင်ခိုလှုံနေကြတဲ့ ကောင်းလုံကျေးရွာဒေသခံ အိမ်ခြေ ၁၅ ကို…

    Read More »
  • 13 February

    ယာယီစစ်ရှောင်စခန်းနဲ့ နေထိုင်ဖို့ပြင်ဆင်နေတဲ့ မအူပင်စစ်ရှောင်တွေ အကူအညီလိုအပ်နေ

    “အစားအသောက်တွေလည်း လိုအပ်ပါတယ်။ အခုအရေးတကြီးလိုအပ်နေတာက ဆေးဝါးတွေလည်းဖြစ်တယ်။ ဒီမှာနေတာ တစ်ပတ်လောက်ရှိလာပြီ ဖျားနာတဲ့သူတွေ အရမ်းများလာတယ်။ ပြီးရင် ခြင်ထောင်တွေလည်း လိုအပ်တယ်။ နောက်ပြီး အဝတ်အထည်တွေလည်း လိုအပ်ပါတယ်”လို့ပြောပြပါတယ်။

    Read More »
  • 13 February

    အိုးမဲ့ အိမ်မဲ့ နမ့်ဖတ်ကာစစ်ရှောင်တွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ တိုက်ပွဲကြောင့် နေစရာအိမ်မရှိတော့ဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေအတွက်ကူညီထောက်ပံ့မှု အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး နမ့်ဖတ်ကာစစ်ရှောင်တွေဟာနေရပ်ပြန်လာကြပြီဖြစ်ပေမယ့် နေအိမ်မရှိတော့တဲ့သူတွေကတော့ နီးစပ်ရာကျေးရွာတွေရှိ အသိအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ “ပြန်လာကြတဲ့ စစ်ဘေးရှောင်ထဲမှာ အိမ်ကနေလို့မရတော့တာတွေ အများကြီးရှိတယ်အိမ်မရှိတော့တဲ့သူတွေက ဟိုဖျက်ရွာဘက်တို့ အနီးအနားရွာတွေမှာ ကိုယ့်အသိမိတ်ဆွေအိမ်တွေမှာနေနေကြသေးတယ်။ အိမ်ဝင်နေလို့ရတဲ့သူတွေကတော့ ပြန်လာနေကြပြီ။ အိမ်တွေက အတော်များများပျက်စီးသွားတယ်။ အိမ်တစ်ခုလုံး မီးလောင်သွားတာတွေ၊ လေယာဉ်ဗုံးကြောင့်နဲ့ လက်နက်ကြီးကြောင့်မီးလောင်တာနဲ့ ပျက်စီးတာနဲ့ဆိုတော့။ လုံး၀ရစရာမရှိတော့တဲ့အိမ်တွေ ရှိတာပေါ့”ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံအများပိုင်း နီးစပ်ရာ ဟိုဖျက်၊ နမ့်အွမ်၊ နမ့်ကွတ်၊ ဟိုနောင်စတဲ့ကျေးရွာတွေရှိ အသိမိတ်ဆွေအိမ်တွေမှာ ဆက်လက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။  တစ်လနီးပါးကြာမြင့်ခဲ့တဲ့ နမ့်ဖတ်ကာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးတွေကြောင့် မီးလောင်ပြာကျသွားတဲ့အိမ်အပါအဝင် ပျက်စီးသွားတဲ့အိမ်ပေါင်း ၁၀၀ထက်မနည်းရှိတယ်လို့ သိရပါတယ်။  လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ နမ့်ဖတ်ကာပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေသလို အစားအသောက်နဲ့နေရာထိုင်ခင်းလည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု အရေးပေါ်က အစားအစာ၊ နေစရာအိမ်ဖြစ်တယ်။ တချို့တစ်အိမ်လုံးမီးလောင်သွားတဲ့သူတွေအတွက်က အဝတ်အစားရော အရေးပေါ် လိုအပ်တယ်။ခေါင်မိုးပေါက်သွားတဲ့အိမ်တွေအတွက် အခု နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ တချို့အတွက်ကဖာစရာတွေ၊ ပြင်စရာတွေ၊ တချို့က တစ်အိမ်လုံးမရှိတော့ဘူးဆိုတော့ အစစရာရာ အားလုံးလိုအပ်တယ်။ ဗုံးစထိမှန်ပြီး ခြေထောက်ပြတ်သွားတဲ့သူတွေ၊ ဒဏ်ရာနဲ့သူတွေလည်းရှိတယ်။ အရေးပေါ်က စားဖို့သောက်ဖို့နဲ့ နေထိုင်စရာအိမ်ဖြစ်တာပေါ့”ဟုသူကဆက်ပြောပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး နမ့်ဖတ်ကာကို သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လဝန်းကျင်အကြာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၃၀ ဝန်းကျင်ထိခိုက်သေဆုံးခဲ့ရပြီး လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေအတွက်လည်း ကူညီမှုတွေ လိုအပ်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 12 February

    တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကျောက်ဖျာကျေးရွာ ပြည်သူများထွက်ပြေးတိမ်းရှောင်

    စစ်ရေးတင်းမာ‌‌နေတဲ့ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာမှာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တို့…

    Read More »
  • 9 February

    ဝှေခါစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနဲ့ မှော်ရှန်ကျေးရွာထဲမှာတိမ်း‌ရှောင်‌ နေတဲ့ ဝှေခါစစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။ ဝှေခါကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဗျူဟာ စခန်းကုန်းသိမ်းတိုက်ပွဲတွေကြောင့် ဆိုင်းတောင်နဲ့ မှော်ရှန်ကျေးရွာတွေမှာတစ်လကြာ စစ်ဘေးရှောင်လာကြပြီးနောက်  လက်ရှိ နယ်မြေတည်ငြိမ်နေပြီမို့ နေရပ်ပြန်ကြပြီလို့ စစ်ဘေးရှောင်တွေကို ကူညီခဲ့တဲ့ မှော်ရှန်ကျေးရွာက…

    Read More »
  • 9 February

    မိုးမိတ် စစ်ရှောင်တွေအတွက် အစားသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေ

    ကချင်– ရှမ်းအစပ်မှာရှိတဲ့ မိုးမိတ်မြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် အခြေခံအစားသောက်တွေနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အောက်ပြည်နှစ်ခြင်းသာသနာနယ် စစ်ရှောင်ကော်မတီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့် ဇန်နဝါရီလ ၁၈ ရက်နေ့နှစ်ဖက်တိုက်ပွဲကြောင့် မိုးမိတ်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဘုံကလုန်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး အစားအသောက်၊ ဆေးဝါး ကူညီမှုတွေလိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင် ကော်မတီ တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ သွားကြည့်တဲ့အချိန် တွေ့ရတာက အစားအသောက်၊ ဆေးဝါးနဲ့ ပတ်သက်တာတွေ ပြီးတော့ နေတဲ့နေရာက လည်း ဝါးတွေနဲ့ ဘဲ လုပ်ထားတာဆိုတော့ ရှေရှည်အတွက်က အဆင်မပြေဘူးပေါ့၊ အဲ့တာကြောင့် မိုးကာတွေ၊ သုံးထပ်သား၊ ငါးထပ်သားတွေ လည်း လိုအပ်နေတယ်”လို့ပြောပါတယ်။ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၅၀ ၊ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် ၃ ဦး၊ နို့စို့ကလေးမိခင် ၅ ယောက်နဲ့ သက်ကြီးရွယ်အို ၇ ယောက်ပါဝင်တာဖြစ်တဲ့အတွက် ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းကို စစ်ရေးအခြေအနေတွေကြောင့် မြို့ဘက်လမ်းကနေသွားလို့မရဘဲ တောလမ်းဘက်ကသွားရတဲ့အတွက် သွားလာရေးခက်ခဲပြီးတော့ ဖုန်းလိုင်းအင်တာနက်လိုင်းလည်း မရဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအနေနဲ့ အစားအသောက်၊ လိုအပ်တာတွေ ဝယ်ဖို့ ဘုံကလုန်ကနေ မိုင် ၄၀ လောက်ဝေးတဲ့ ရှမ်းရွာဘက်ထိသွားရတာဖြစ်တာကြောင့် မိုးတွင်းဆိုရင် သွားလာရေးသာမက နေရာထိုင်ခင်းမှာလည်း အခက်အခဲရှိလာနိုင်တယ်လို့  ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ဒေသခံပြည်သူတွေကို နေရပ်ပြန်လာဖို့ပြောဆိုနေပေမယ့် ပြန်သွားသူတစ်ချို့ကိုခြိမ်းခြောက်ပစ်သတ်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။ “သူတို့ဘက်က အိမ်ပြန်လာတော့ ၊ မပြန်လာရင် အိမ်တွေ မီးရှို့ပစ်လိုက်မယ်ဆိုလို့ ခြိမ်းခြောက်တော့ တစ်ချို့ ကပြန်တာတွေရှိပေမဲ့လည်း ပစ်သတ်ခံရတာတွေရှိတော့ ကိုယ်အိမ်ကိုယ်ယာကို ပြန်လာကြည့်ချင်ရင်တောင် ဘယ်သူမှ မပြန်ရဲကြတော့ဘူး၊ အဲ့တော့ သူတို့ဘက်ကလည်း အိမ်တွေ ဖောက်၊ မီးရှို့တာတွေ လုပ်နေကြတယ်”လို့ပြောပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့  မိုးမိတ်မြို့နယ် လူထုအခြေပြုတွေဘက်က  ကချင်လွတ်လပ်ရေးတပ်မတော် ရုံးချုပ်ဆီ KIA တွေအနေနဲ့ မိုးမိတ်မြို့ကို ပြန်လည်သိမ်းပိုက်ပေးဖို့ စာတင်ပြထားတယ်လို့လည်း သိရပါတယ်။  စစ်ရေးအခြေအနေတွေကြောင့် မိုးမိတ်မြို့တွင်း နေရပ်ပြန်လို့မရသေးသလို လက်ရှိ တိမ်းရှောင်နေတဲ့ နေရာမှာလုံခြုံတယ်ဆိုပေမဲ့ ရေရှည်အတွက် စဉ်းစားရမှာဖြစ်သလို စစ်တပ်ဘက်ကလည်း ဝင်ရောက်လာနိုင်တဲ့အတွက် စစ်ရှောင်ကော်မတီတွေဘက်က လုံခြုံတဲ့နေရာမှာ ထပ်မံပြောင်းရွေ့နိုင်ဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်လောက်ကနေ မိုးမိတ်အတွင်း တိုက်ပွဲကြောင့်ဒေသခံပြည်သူတွေဟာ မိုးမိတ်မြို့နဲ့ နီးတဲ့ မန်ဘတ်၊ ပြောင်းပြန်၊ ဘုံကလုန်း၊ တုံးခီး၊ ဘော်ဒယ်၊  စတဲ့နေရာတွေမှာ ထွက်ပြေးတိမ်း ရှောင်လာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊မံစီမြို့နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ကချင်၊ပလောင်၊ရှမ်း၊ဗမာလူမျိုးတွေ စုပေါင်းနေထိုင်တဲ့နေရာဖြစ်ပါတယ်။ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့ KIA,PDF,ABSDF  ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် စစ်တပ်က လေကြောင်းရော၊မြေပြင်စစ်ကြောင်းပါ ထိုးစစ်ဆင်နေတာကြောင့် KIA,PDF ဘက်က တပ်ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိစစ်တပ်ဘက်က ဝင်ရောက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 6 February

    KIA သိမ်းပိုက်ထားတဲ့ ဝှေခါ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်နိုင်သေး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် စစ်တပ်လေယာဥ်ပျံဝဲနေသေးတာကြောင့် ဝှေခါပြည်သူအများပိုင်းနေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။ ဝှေခါစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး KIA,PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဝှေခါရွာ တစ်လျှောက်နေထိုင်တဲ့ ပြည်သူထောင်နဲ့ချီနေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။…

    Read More »
  • 5 February

    အင်းတော်နယ်ထဲက စစ်ဘေးရှောင်ကျေးရွာအချို့ နေရပ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်နေတဲ့ကျေးရွာတွေထဲက ပြည်သူအချို့နေရပ်ပြန်ကြပြီလို့သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ဘေးရှောင်နေရတဲ့ မော်တိတ်ရွာ၊အောင်းကုန်းရွာနဲ့ တုံ့တော်ကျေးရွာတွေထဲကပြည်သူတစ်ချို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နေရပ်ပြန်လာကြပြီလို့ အောင်းကုန်းကျေးရွာနေပြည်သူတစ်ဦးက KNG…

    Read More »
  • Jan- 2024 -
    30 January

    တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာကြောင့် ကဇူး – ဒဘတ်ရွာဒေသခံများ ထပ်ပြီးတိမ်းရှောင်

    ဝိုင်းမော်မြို့နယ် ကဇူး - ဒဘတ်ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ဒေသခံပြည်သူတချို့ ထပ်ပြီးတိမ်းရှောင်ကြရလို့  ကဇူးဒေသခံတွေဆီကနေ သိရတယ်။

    Read More »
Back to top button