စစ်ပြေးဒုက္ခသည်များ
-
Feb- 2024 -12 February
တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ကျောက်ဖျာကျေးရွာ ပြည်သူများထွက်ပြေးတိမ်းရှောင်
စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာမှာ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်တို့…
Read More » -
9 February
ဝှေခါစစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနဲ့ မှော်ရှန်ကျေးရွာထဲမှာတိမ်းရှောင် နေတဲ့ ဝှေခါစစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ကြပြီလို့ သိရပါတယ်။ ဝှေခါကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဗျူဟာ စခန်းကုန်းသိမ်းတိုက်ပွဲတွေကြောင့် ဆိုင်းတောင်နဲ့ မှော်ရှန်ကျေးရွာတွေမှာတစ်လကြာ စစ်ဘေးရှောင်လာကြပြီးနောက် လက်ရှိ နယ်မြေတည်ငြိမ်နေပြီမို့ နေရပ်ပြန်ကြပြီလို့ စစ်ဘေးရှောင်တွေကို ကူညီခဲ့တဲ့ မှော်ရှန်ကျေးရွာက…
Read More » -
9 February
မိုးမိတ် စစ်ရှောင်တွေအတွက် အစားသောက်ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေ
ကချင်– ရှမ်းအစပ်မှာရှိတဲ့ မိုးမိတ်မြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် အခြေခံအစားသောက်တွေနဲ့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ အောက်ပြည်နှစ်ခြင်းသာသနာနယ် စစ်ရှောင်ကော်မတီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့် ဇန်နဝါရီလ ၁၈ ရက်နေ့နှစ်ဖက်တိုက်ပွဲကြောင့် မိုးမိတ်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ဘုံကလုန်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး အစားအသောက်၊ ဆေးဝါး ကူညီမှုတွေလိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင် ကော်မတီ တာဝန်ရှိသူတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ သွားကြည့်တဲ့အချိန် တွေ့ရတာက အစားအသောက်၊ ဆေးဝါးနဲ့ ပတ်သက်တာတွေ ပြီးတော့ နေတဲ့နေရာက လည်း ဝါးတွေနဲ့ ဘဲ လုပ်ထားတာဆိုတော့ ရှေရှည်အတွက်က အဆင်မပြေဘူးပေါ့၊ အဲ့တာကြောင့် မိုးကာတွေ၊ သုံးထပ်သား၊ ငါးထပ်သားတွေ လည်း လိုအပ်နေတယ်”လို့ပြောပါတယ်။ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၅၀ ၊ လူဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် ၃ ဦး၊ နို့စို့ကလေးမိခင် ၅ ယောက်နဲ့ သက်ကြီးရွယ်အို ၇ ယောက်ပါဝင်တာဖြစ်တဲ့အတွက် ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာဖြစ်ပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းကို စစ်ရေးအခြေအနေတွေကြောင့် မြို့ဘက်လမ်းကနေသွားလို့မရဘဲ တောလမ်းဘက်ကသွားရတဲ့အတွက် သွားလာရေးခက်ခဲပြီးတော့ ဖုန်းလိုင်းအင်တာနက်လိုင်းလည်း မရဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအနေနဲ့ အစားအသောက်၊ လိုအပ်တာတွေ ဝယ်ဖို့ ဘုံကလုန်ကနေ မိုင် ၄၀ လောက်ဝေးတဲ့ ရှမ်းရွာဘက်ထိသွားရတာဖြစ်တာကြောင့် မိုးတွင်းဆိုရင် သွားလာရေးသာမက နေရာထိုင်ခင်းမှာလည်း အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ဒေသခံပြည်သူတွေကို နေရပ်ပြန်လာဖို့ပြောဆိုနေပေမယ့် ပြန်သွားသူတစ်ချို့ကိုခြိမ်းခြောက်ပစ်သတ်တာတွေလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။ “သူတို့ဘက်က အိမ်ပြန်လာတော့ ၊ မပြန်လာရင် အိမ်တွေ မီးရှို့ပစ်လိုက်မယ်ဆိုလို့ ခြိမ်းခြောက်တော့ တစ်ချို့ ကပြန်တာတွေရှိပေမဲ့လည်း ပစ်သတ်ခံရတာတွေရှိတော့ ကိုယ်အိမ်ကိုယ်ယာကို ပြန်လာကြည့်ချင်ရင်တောင် ဘယ်သူမှ မပြန်ရဲကြတော့ဘူး၊ အဲ့တော့ သူတို့ဘက်ကလည်း အိမ်တွေ ဖောက်၊ မီးရှို့တာတွေ လုပ်နေကြတယ်”လို့ပြောပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ မိုးမိတ်မြို့နယ် လူထုအခြေပြုတွေဘက်က ကချင်လွတ်လပ်ရေးတပ်မတော် ရုံးချုပ်ဆီ KIA တွေအနေနဲ့ မိုးမိတ်မြို့ကို ပြန်လည်သိမ်းပိုက်ပေးဖို့ စာတင်ပြထားတယ်လို့လည်း သိရပါတယ်။ စစ်ရေးအခြေအနေတွေကြောင့် မိုးမိတ်မြို့တွင်း နေရပ်ပြန်လို့မရသေးသလို လက်ရှိ တိမ်းရှောင်နေတဲ့ နေရာမှာလုံခြုံတယ်ဆိုပေမဲ့ ရေရှည်အတွက် စဉ်းစားရမှာဖြစ်သလို စစ်တပ်ဘက်ကလည်း ဝင်ရောက်လာနိုင်တဲ့အတွက် စစ်ရှောင်ကော်မတီတွေဘက်က လုံခြုံတဲ့နေရာမှာ ထပ်မံပြောင်းရွေ့နိုင်ဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ တတိယပတ်လောက်ကနေ မိုးမိတ်အတွင်း တိုက်ပွဲကြောင့်ဒေသခံပြည်သူတွေဟာ မိုးမိတ်မြို့နဲ့ နီးတဲ့ မန်ဘတ်၊ ပြောင်းပြန်၊ ဘုံကလုန်း၊ တုံးခီး၊ ဘော်ဒယ်၊ စတဲ့နေရာတွေမှာ ထွက်ပြေးတိမ်း ရှောင်လာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ရှမ်းပြည်နယ်အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊မံစီမြို့နယ်အစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ကချင်၊ပလောင်၊ရှမ်း၊ဗမာလူမျိုးတွေ စုပေါင်းနေထိုင်တဲ့နေရာဖြစ်ပါတယ်။ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၈ ရက်နေ့ KIA,PDF,ABSDF ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် စစ်တပ်က လေကြောင်းရော၊မြေပြင်စစ်ကြောင်းပါ ထိုးစစ်ဆင်နေတာကြောင့် KIA,PDF ဘက်က တပ်ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိစစ်တပ်ဘက်က ဝင်ရောက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Bu Bu
Read More » -
6 February
KIA သိမ်းပိုက်ထားတဲ့ ဝှေခါ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်နိုင်သေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် စစ်တပ်လေယာဥ်ပျံဝဲနေသေးတာကြောင့် ဝှေခါပြည်သူအများပိုင်းနေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။ ဝှေခါစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး KIA,PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဝှေခါရွာ တစ်လျှောက်နေထိုင်တဲ့ ပြည်သူထောင်နဲ့ချီနေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။…
Read More » -
5 February
အင်းတော်နယ်ထဲက စစ်ဘေးရှောင်ကျေးရွာအချို့ နေရပ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်နေတဲ့ကျေးရွာတွေထဲက ပြည်သူအချို့နေရပ်ပြန်ကြပြီလို့သိရပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စစ်ဘေးရှောင်နေရတဲ့ မော်တိတ်ရွာ၊အောင်းကုန်းရွာနဲ့ တုံ့တော်ကျေးရွာတွေထဲကပြည်သူတစ်ချို့ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကတည်းကနေ နေရပ်ပြန်လာကြပြီလို့ အောင်းကုန်းကျေးရွာနေပြည်သူတစ်ဦးက KNG…
Read More » -
Jan- 2024 -30 January
တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာကြောင့် ကဇူး – ဒဘတ်ရွာဒေသခံများ ထပ်ပြီးတိမ်းရှောင်
ဝိုင်းမော်မြို့နယ် ကဇူး - ဒဘတ်ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ဒေသခံပြည်သူတချို့ ထပ်ပြီးတိမ်းရှောင်ကြရလို့ ကဇူးဒေသခံတွေဆီကနေ သိရတယ်။
Read More » -
25 January
နန့်မွန်းဒေသခံ ထောင်ချီ ပိတ်မိနေပြီး အရပ်သားတစ်ချို့ကို ဖမ်းဆီးခံထားရ
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဝင်အထွက် လမ်းပိတ်ထားတဲ့အတွက် တိုက်ပွဲကြောင့် တိမ်းရှောင်လိုတဲ့ ဒေသခံထောင်ချီ ထွက်ခွာလို့မရဘဲ ပိတ်မိနေကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ နန့်မွန်းမြို့ထဲ ပြည်သူ့စစ်တပ်ဖွဲ့တည်ရှိတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားလာပြီး မနေ့ညနေပိုင်းမှာတော့ နန့်မွန်း စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။…
Read More » -
25 January
စီခမ်းကြီးမှာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စီခမ်းကြီးကျေးရွာနေပြည်သူတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ကချင် နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ စီခမ်းကြီးကျေးရွာထဲ ဒေသခံပြည်သူ ၂၀၀ ကျော်ထဲက လူဦးရေ ၁၅၀၀ ကျော်လောက်ဟာ တိုက်ပွဲ ဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက်…
Read More » -
5 January
တနိုင်း စစ်ရှောင်စခန်း ၂ ခုအတွက် လျှပ်စစ်မီးရဖို့ အကူညီလိုအပ်နေ
ကချင်ပြည်နယ်၊ တနိုင်းမြို့ စစ်ရှောင်စခန်း ၂ ခုမှာ လျှပ်စစ်မီးရဖို့အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ မီးစက်နိုးပြီး မီးထွန်းနေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာစက်သုံးဆီဈေးအဆမတန် မြင့်တက်နေတာကြောင့် အခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ “ကျွန်တော်တို့ စစ်ရှောင်တွေကကျတော့ အကုန်ပေါင်းပြီးနေရတာဖြစ်တယ်လေ။…
Read More » -
Dec- 2023 -28 December
ရွှေညောင်ပင်စစ်ရှောင်တွေ သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွေ့ဖို့ပြင်ဆင်
ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာက ကချင်နှစ်ခြင်းအသင်းတော် KBC မှာ လာရောက်ခိုလှုံနေကြတဲ့ ရွှေညောင်ပင်စစ်ရှောင်တွေဟာ စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေပြီလို့ ရွှေညောင်ပင်စစ်ရှောင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်ကစပြီး ရွှေညောင်ပင် ခလရ…
Read More »









