သတင်း
-
Nov- 2024 -25 November
-
25 November
တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂ ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y…
Read More » -
25 November
ပူတာအိုမှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားလုယက်ခံရပြီး ရွှေပိသာ ၃၀၀ ခန့်ပါသွား
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ရဲ့ကားလုယက်ခံလိုက်ရပြီး ရွှေပိသာ ၃၀၀ ခန့်နဲ့ ငွေသားသိန်း ၈၀ ကျော်ပါသွားကြောင်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနှီးတဲ့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စည်ပင်စျေးထဲမှာဖွင့်လှစ်ထားတဲ့ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ယဥ်ခိုင်ရဲ့ကား(Crown…
Read More » -
23 November
NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
23 November
ကျောက်ဝိုင်းကပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယက်
ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု မြောက်ကုန်းစစ်တပ်ကုန်းအနီး တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယူသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင် လုံးခင်းကျောက်ဝိုင်းကနေ ကားနဲ့ ပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦး (ဒေသအခေါ်) မြောက်ကုန်းစစ်တပ်ကုန်းရှေ့မှာ ဖမ်းဆီးခေါ်ခံရပြီးနောက် ငွေသိန်းတစ်ထောင်ကျော်လုယူခံလိုက်ရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးပြောပြပါတယ်။…
Read More » -
21 November
ကန်ပိုင်တည်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA က လိုက်လံဖမ်းဆီးရှင်းလင်း
မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်း ထွက်ပြေးလွတ်မြောက်နေသေးတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မြို့တွင်း မြို့ပြင် နေရာအားလုံးကို လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။…
Read More » -
20 November
နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ
မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။…
Read More » -
20 November
ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ
မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး…
Read More » -
19 November
မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း…
Read More » -
19 November
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။…
Read More »








