Breaking News :

နမ်ဆန်ယန် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့မှု ငြိမ်းချမ်းရေးကော်မရှင်သို့ တိုင်ကြားထား

ယခုနှစ်မှစတင်ကာ အခြေခံပညာအထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးရန် စီစဉ်နေ

နန်ကျင်စီမံကိန်း လယ်ယာမြေနစ်နာကြေးမရပါက လူထုဆန္ဒဖော်ထုတ်သွားမည်ဟုဆို

လိုင်စင်ပြုလုပ်ပေးသည့် ကာလကုန်ပြီးဆုံးပြီးနောက် လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမည်ဟုဆို

ကချင်ပြည်နယ်မှ တရားမဝင် တရုတ်နိုင်ငံသားများကို စီစစ်ရန် လုံခြုံရေးအရ ခက်ခဲ

အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်တွင် လူထုပါဝင်ခွင့်ပြုရန် ကချင်အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

အစိုးရတပ်မတော်နှင့် KIA လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲဖြစ်

(၇၂) နှစ်ပြည့်ကချင်ပြည်နယ်နေ့ကို မနောပွဲတော်ဖြင့် ပြုလုပ်ရန် စီစဉ်နေ

နန်ကျင်စီးပွားရေးဇုန်အတွင်း ဒေသခံများကို ကျူးကျော်အဖြစ်သတ်မှတ်မှု တိကျသည့်အဖြေလိုချင်

ဟူကောင်းဒေသခံများ ကိုယ်ပိုင်ကျေးရွာစားကျက်မြေ သတ်မှတ်

Category: သတင်း

သတင်း
ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီ ဖွဲ့စည်းရန် သဘောတူ

ရှမ်းပြည်တွင် ကချင်နိုင်ငံရေးပါတီ ဖွဲ့စည်းရန် သဘောတူ

ရှမ်းပြည်အတွင်း ကချင်နိုင်ငံရေးပါတီတစ်ခုထူထောင်ရန် ​မေလ ၂၈ ရက်မှစတင်ကာ ၂ရက်တာဆွေးနွေးခဲ့ရာတွင် ပါတီထူထောင်ရန် အတည်ပြုဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပါတီထူထောင်ရေး ကော်မတီ ယာယီတာဝန်ခံ Duwa Tangbau Naw Hkam ဆိုပါသည်။ “ဒီနေ့ဆွေးနွေးပွဲကတော့ ပြောစရာမရှိအောင် ရာခိုင်နှုန်းအပြည့်အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာတဲ့သူတွေအားလုံးကလည်း ကချင်နိုင်ငံရေးပါတီ မဖွင့်ရင် မဖြစ်တော့ဘူး ပါတီထူထောင်သင့်ပြီ ဆိုပြီး အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ ကျနော်တို့အတွက အောင်မြင်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြပြီဖြစ်တယ်။” ဟု ပါတီယာယီတာဝန်ခံ…

သတင်း
နေရပ်ပြန် ရှမ်းမြောက် ကချင်စစ်ရှောင်များအတွက် နေအိမ် အဆင့်သင့် မရှိသေး

နေရပ်ပြန် ရှမ်းမြောက် ကချင်စစ်ရှောင်များအတွက် နေအိမ် အဆင့်သင့် မရှိသေး

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ဝိန်းဆိုင် ကချင်စစ်ရှောင်များ မိမိနေရပ်သို့ ပြန်လာနေကြပြီ ဖြစ်သော်လည်း နေထိုင်ရန် အိမ် အဆင့်သင့် မရှိသေးကြောင်း စစ်ရှောင်ရွာသားများဆိုပါသည်။ Mungbaw (မုံးပေါ်)ကျေးရွာအုပ်စု Wing Seng (ဝိန်းဆိုင်)ကျေးရွာသို့ ပြန်လာကြသော စစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ပေးခြင်း မပြီးသေးမီ နေရပ်ပြန်ရန် ပြောဆိုလာသောကြောင့် နေစရာအိမ် မရှိခြင်းဖြစ်ကြောင်းပြောပါသည်။ “ကျနော်တို့က နောက်နှစ်ဒီအိမ်တွေဆောက်ပြီးတဲ့အချိန်မှ ပြန်မယ်လို့ပြောတာဟုတ်တယ်။ အသင်းတော် ဇုံနယ်ကနေ ခုပြန်ရတော့မယ်။ အသင်းတော်ဘုရားကျောင်းဝင်းမှာလည်း အစီစဉ်တွေအမျိုးမျိုးလုပ်နေတော့ နေရာကျဉ်းတယ်။ ဒီနှစ်ပြန်ရမယ်ဆိုတော့…

သတင်း
ဖားကန့်ဝှေခါကျေးရွာဒေသခံများဆန္ဒပြမှုပေါ် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းအား အားရမှု မရှိသေးဟုဆို

ဖားကန့်ဝှေခါကျေးရွာဒေသခံများဆန္ဒပြမှုပေါ် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းအား အားရမှု မရှိသေးဟုဆို

ဖားကန့်၊ ဝှေခါကျေးရွာ ရပ်ကွက် ၆ မြေစာပုံပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များကို ကုမ္ပဏီများက လျော်ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်နေမှုပေါ် ကျေနပ် အားရမှုမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၅ ရက်နေ့ ဝှေခါအုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီ ၃ ခုမှ တာဝန်ရှိသူများ၊ ဒေသခံများ ညိနှိုင်းသဘောတူညီချက်အရ ပျက်စီးသွာသည့် အိမ်ထောင်စု၂၇အိမ်ကို ကုမ္ပဏီများဘက်မှ နဂိုမူလအတိုင်း ပြန်လည် လုပ်ဆောင်ပေးရန်နှင့် ၁ အိမ်ထောင်လျှင် မြန်မာကျပ်ငွေ ၅ သိန်းတိတိပေးရန်…

သတင်း
ဝိုင်းမော်အရှေ့ဘက် သစ်သျှူးငှက်ပျောခြံမှ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ထပ်မံ ဖမ်းဆီး

ဝိုင်းမော်အရှေ့ဘက် သစ်သျှူးငှက်ပျောခြံမှ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ထပ်မံ ဖမ်းဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ခြမ်း သစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၄ ဦးကို မြို့နယ် သက်ဆိုင်ရာက မေလ ၂၅ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးအရေးယူမှု ပြုလုပ်ထားတယ်လို့ သိရပါသည်။ ဝိုင်းမော်မြို့နယ် နန့်ဝါကြိုးဝိုင်းတွင်း တရားမဝင်တစ်သျှူးငှက်ပျောလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၂ ဦး၊ ဝါရှောင်ကြိုးပြင်ကာကွယ်တောဧရိယာအတွင်း လုပ်ကိုင်နေသူ ကျား ၁ ဦးနှင့် မ ၁ ဦးတို့ကို သစ်တောဥပဒေ နဲ့ လဝက အက်ဥပဒေတို့ဖြင့်…

သတင်း
ဒူးလေးပါတီ တောင်းဆိုချက်ကို KIO/KIA လိုက်လျောခဲ့သဖြင့် ဆန္ဒပြပွဲ ယာယီဆိုင်းငံ့

ဒူးလေးပါတီ တောင်းဆိုချက်ကို KIO/KIA လိုက်လျောခဲ့သဖြင့် ဆန္ဒပြပွဲ ယာယီဆိုင်းငံ့

လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) က မေလ ၂၇ရက်နေ့ ဆန္ဒဖော်ထုတ်ရန် ထုတ်ပြန်ကြေညာထားသော်လည်း ၄င်းတို့၏ တောင်းဆိုချက် ၄ ချက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဘက်မှ လိုက်လျောပေးခဲ့မှုကြောင့် ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းငံ့ထားသည်ဟု ပြောပါသည်။ လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာ ဘန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လီဆူလူမျိုး ၄ ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကြောင့်…

သတင်း
ဖားကန့် ဝှေခါကျေးရွာ ဆန္ဒပြမှု ကုမ္ပဏီနှင့် ဒေသခံများ ပြေလည်မှုရရှိ

ဖားကန့် ဝှေခါကျေးရွာ ဆန္ဒပြမှု ကုမ္ပဏီနှင့် ဒေသခံများ ပြေလည်မှုရရှိ

ဖားကန့် ဆိပ်မူအုပ်စု ဝှေခါကျေးရွာ ရပ်ကွက် ၆ တွင် လမ်းပိတ်ဆန္ဒပြခဲ့မှုနှင့်ပတ်သက်ပြီး ကုမ္ပဏီများမှ ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်လုပ်ဆောင်ပေးရန် ယနေ့ မနက်ပိုင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ညှိ့နှိုင်း ပြေလည်မှု ရရှိပြီ ဖြစ်ကြောင်း သိရပါသည်။ ကျေးရွာအနီး ကုမ္ပဏီများမှ မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှု ဖြေရှင်းပေးရန်အတွက် မေလ ၂၃ ရက်နေ့ ဒေသခံများက လမ်းပိတ်ဆန္ဒဖော်ထုတ်ခဲ့ရာ သက်ဆိုင်ရာမှ ကုမ္ပဏီနှင့် ညှိ့နှိုင်းပေးမည်ဟု…

သတင်း
ကချင်စစ်ရှောင်ကူညီရေးအဖွဲ့ KHCC နှင့် အစိုးရတို့ ဆွေးနွေးမှု အချက် ၄ ချက်သဘောတူ

ကချင်စစ်ရှောင်ကူညီရေးအဖွဲ့ KHCC နှင့် အစိုးရတို့ ဆွေးနွေးမှု အချက် ၄ ချက်သဘောတူ

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ယနေ့ ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ရာ အချက် ၄ ချက် အောင်မြင်စွာ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။ “ နေရပ်ပြန်ပြီဖြစ်တဲ့ နမ့်ဆန်ယန်လိုနေရာမျိုးမှာ လိုအပ်တဲ့အချက်တွေကို သိရှိအောင် (KHCC) ကဆောင်ရွက်မယ်။ နောက်တစ်ခုက ဆက်လက်ပြီး စစ်ရှောင်စခန်းတွေကို ပိတ်သိမ်းပြီးတော့ ပြန်လည်နေရာချထားဖို့အတွက် လက်တွေ့လုပ်ဆောင်သွားရမယ့် လုပ်ငန်းရှင် အဆင့်ဆင့်…

သတင်း
ဖားကန့် ဝှေခါချောင်းနုံးမြေ ရှင်းလင်းပေးရေး ဒေသခံများ တောင်းဆို

ဖားကန့် ဝှေခါချောင်းနုံးမြေ ရှင်းလင်းပေးရေး ဒေသခံများ တောင်းဆို

ဖားကန့်မြို့နယ် ဝှေခါချောင်းတွင် ယမန်နှစ်ထက် နုံးမြေ ၆ပေခန့်မြင့်တက်လာသည့် အတွက် ဒေသခံများ စိုးရိမ်နေကြပြီး ချောင်းရှင်းလင်းရေးလုပ်ဆောင်ရန် ရပ်ကျေးအုပ်ချုပ်ရေးသို့ အကူညီတောင်းခံသော်လည်း ထူးခြားမူ ရှိမလာသည့်အတွက် သက်ဆိုင်ရာ အစိုးရဌာနအဆင့်ဆင့် စာတင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဝှေခါချောင်းအတွင်းရှိ နုံးမြေသည် ချောင်းဘေး မြေဇာပစ်ရန် ဖောက်လုပ်ထားသည့် လမ်းနဲ့ တန်းတူမြင့်တက်လာပြီး လာမည့်မိုးတွင်းကာလတွင် ဝှေခါကျေးရွာ ရေလွှမ်းမိုးမည့် အန္တရယ် ကြုံလာနိုင်ကြောင်း ဒေသခံ ကိုလမင်းဦးကဆိုသည်။ “ ကုမ္မဏီတွေက စည်းကမ်းလိုက်မနာကြဘူး…

သတင်း
ကုမ္ပဏီမြေစာကြောင့် လူနေအိမ် ပြိုကျလာမှုကို ဖြေရှင်းပေးရန် သပိတ်စခန်းဖွင့် တောင်းဆို

ကုမ္ပဏီမြေစာကြောင့် လူနေအိမ် ပြိုကျလာမှုကို ဖြေရှင်းပေးရန် သပိတ်စခန်းဖွင့် တောင်းဆို

ဖားကန့် ဆိပ်မူအုပ်စု ဝှေခါ ကျေးရွာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏ ရွာအနီးတဝိုက် မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များပြိုကျလာမှုကို ဖြေရှင်းပေးရန် ဒေသခံပြည်သူများ လမ်းပိတ် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါရပ်ကွက် ၆ တွင် ရတနာသန်းရွှေ၊ ကျောက်စိမ်းမြေ နှင့် မြန်မာ့ဂုဏ်ရည်စသော ကုမ္ပဏီ ၃ ခုက လူနေအိမ် နှင့် ကပ်ရပ်တွင် မြေစာ အမြင့် ပေ၂၀၀၀ထောင်ခန့်နှင့် အကျယ် ပေ…

သတင်း
ဝိုင်းမော် ခတ်ချိုစစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲ ကျင်းပ

ဝိုင်းမော် ခတ်ချိုစစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်အစိုးရ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာန နှင့် ကချင်ပြည်နယ်စာတိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ခတ်ချိုစစ်ရှောင်စခန်း နှင့် မခန္ဓီးကျေးရွာတို့တွင် စာပေဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။ “အဓိက စစ်ရှောင်တွေအတွက် စိတ်ဓါတ်ခွန်အားရရှိဖို့ဖြစ်တယ်။ ပြီးတော့ စာပေကနေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဗဟုသုတ ရရှိဖို့အတွက်ဖြစ်တယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်သက်မွန် က ပြောသည်။ စစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲပြုလုပ်ခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ရှောင်များအတွက် သုတ၊ ရသ…