,
ကသာမြို့နယ် ကျောက်ထုံးကြီး တိုက်နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ ၁၂၁ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သိရသည်။ KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၂ နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ထုံးကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၅ နာရီခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း
ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာမှ ပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်မှစတင်ကာ မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။ "စျေးတန်းနားက အိမ်ကနေ စရှို့တာဘဲ ခုထိရှိုနေတုန်း တစ်အိမ်ပြီးတစ်အိမ်ကို လိုက်ရှို့နေတာ ဒေသခံတွေလည်း ထွက်ပြေးကုန်ပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် အင်အား ၈၀ ဝန်းကျင်ခန့်ရှိပြီး ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာသို့ ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်မှ စတင်
စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် အထက်ပိုင်း မဲဟင်းရွာ နှင့် မင်းလယ်ရွာ ၂ခုကြားကို စစ်ကောင်စီတပ်က ယနေ့ မွန်းလွှဲ ၂နာရီဝန်းကျင် ဂျက်လေယာဉ် ၂စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဂျက်လေယာဉ် ၂စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနေထိုင်သည့်ဘက်သို့ ဦးတည်ကာ ၇ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “ရွာတွေကို ဗုံးကျဲတိုက်ခိုက်တာမဟုတ်ဘူးလို့တော့ထင်တယ်။ အဲ့မှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်ထင်ပြီးမှ ကျဲတာဖြစ်လောက်နိုင်တယ်။ မဲဟင်းနဲ့မင်းလယ်ရွာကြားမှာလည်း
ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီ သင်္ဘောကို လုံခြုံရေးပေးရန် ခြေလျှင်ဆင်းလာသည့် စစ်ကြောင်းကို မိုးတားလေးကျေးရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်တို့မှ ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ သြဂုတ် ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ဆင်ကုန်ကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၈၀ ပါသည့် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်းသည်
စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်ကျေးရွာမှ ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများမှ သိရသည်။ သြဂုတ်လ ၃ ရက် ယမန်နေ့နံနက် ၉ နာရီဝန်းကျင် စစ်အင်အား ၃၀ ကျော်ခန့်ပါရှိသော စစ်ကောင်စီတပ်သည် ကသာဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်ရေမော်တော်ဖြင့်တက်လာကာ ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦး KNG ကိုပြောဆိုသည်။ "မနက်
ကသာမြို့နယ်တွင် တော်လှန်ရေးအဖွဲ့တစ်ခုမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီ သတင်းပေးအမျိုးသားနှစ်ဦးကို လူသားချင်း စာနာထောက်ထားမှုဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီသတင်းပေး ကိုမြင့်လွင်ကို နမ့်လှိုင်ကျေးရွာတွင် သွားရောက်ဖမ်းဆီးခဲ့ပြီး ၁၁ ရက်နေ့တွင် မီးသတ်ရဲဘော်ရန်နိုင်ဇော် ခေါ်သူကို မိသလင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့က လူသားချင်းစာ နာထောက်ထားမှုဖြင့် နှစ်ဦးစလုံးကို ပြန်လွတ်ပေးခဲ့ကြောင်း သွားရောက်ဖမ်းဆီးခဲ့သည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ “ဘာကြောင့်ဖမ်းတာလဲဆိုတော့
ကချင် စစ်ကိုင်းနယ်စပ် ကသာမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဇူလိုင် ၂၁ ရက်နေ့ နောက်ဆုံးထား၍ မိမိရာထူး၊ တာဝန်နှင့် ကသာနယ်အတွင်းမှ စွန့်ခွာကြရန် ကသာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။ ကသာတွင် ကျေးရွာပေါင်း (၁၃၆ ) ရွာ နှင့် ကသာမြို့ပေါ် ရပ်ကွက် ၁၀ ခုရှိသည့်အနက် လက်ရှိအချိန်ထိ ရပ်ကွက် ၆ ခုနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီသြဇာခံ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာ ၅ခုမှ ဒေသခံအရပ်သားပြည်သူ ၁၅ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံ မှသိရသည်။ ဇူလိုင်လ ၁၂ ရက် ယမန်နေ့ ကသာမြို့နယ် ရာဇဂြိုလ်တောင်ဘက်မှ အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်အင်အား ၁၀၀ ခန့်ပါရှိသော ခမရ ၃၀၉ တပ်ရင်းသည် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကျေးရွာတစ်လျှောက်ရှိသော အရပ်သားပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အင်းတော်မြို့နယ်
ကသာမြို့နယ် မိုးတားလေးရွာအနီး စစ်ကောင်စီ သင်္ဘောတိုက်ခိုက်ခံရမှုတွင် အထိနာခဲ့သော စစ်ကောင်စီတပ်သည် မိုးတားလေး ဒေသခံပြည်သူများကို ဖမ်းဆီး စစ်ဆေးမေးမြန်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။ စစ်အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ကသာ မင်းလယ်ရွာမှ သံခွန်ရေမော်တော်ယာဉ်တစ်စီးဖြင့် မိုးတားလေးရွာဘက်သို့ ဆန်တက်လာခဲ့ရာ မိုးတားလေးရွာအနီးတွင် KIA နှင့် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အထိနာခဲ့သဖြင့် မိုးတားလေးကျေးရွာသို့
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့ မှ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ၄ ကြိမ်အထိဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ ကသာနယ်သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အင်းကြီးလောင်းတော်ဦးဘုရားအနီးတွင် တစ်ကြိမ်၊ ဇွန်လ ၁၇