သတင်း

ကျောက်ထုံးကြီး တိုက်နယ် ကျေးရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့နေ

ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ် ကျေးရွာမှ ပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီတပ်မှ ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်မှစတင်ကာ မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

“စျေးတန်းနားက အိမ်က‌နေ စရှို့တာဘဲ ခုထိရှို‌နေတုန်း တစ်အိမ်ပြီးတစ်အိမ်ကို လိုက်ရှို့နေတာ ဒေသခံတွေလည်း ထွက်ပြေးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် အင်အား ၈၀ ဝန်းကျင်ခန့်ရှိပြီး ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာသို့ ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်မှ စတင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။

လက်ရှိ နေအိမ် ၁၀ လုံးထက်မနည်း ရှို့ခံထားရသည့်အပြင် ဖုန်းလိုင်းများလည်း အချို့နေရာတွင် ပြတ်တောက်နေ‌သည့်အပြင် စစ်ကောင်စီတပ်များ ရွာတွင်ရှိ‌နေသေးသည့်အတွက် ဒေသခံများ ထွက်‌ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများ ပြောသည်။

ကျောက်ထုံးကြီး တိုက်နယ်ကျေးရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ကသာမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ကသာမှ စက်လှေနဲ့သွားလျှင် ၁ နာရီခွဲဝန်းကျင်ခန့်သွားရသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button