ကသိုဏ်တောင်

  • သတင်း

    ကသိုဏ်းတောင်တပ်စခန်း စစ်တပ်ကပြန်လည်တပ်စွဲနေထိုင်နေပြီဟုဆို

    ဖားကန့် ကသိုဏ်းတောင်တပ်စခန်းမှာ စစ်တပ်ပြန်လည်တပ်စွဲထားတဲ့အပြင် တာမခန်-ဆိုင်းတောင်သွားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လဆန်း ၇ ရက်နေ့ တာမခန်နဲ့ နမ့်မှော်ကြားက ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ၂  ရက်အကြာ ဩဂုတ်လ ၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ပြန်လည်တပ်ချနေပြီဖြစ်တဲ့အပြင် လက်ရှိမှာတော့ တာမခန်နဲ့ ဆိုင်းတောင်သွားလမ်း ၂ နေရာမှာ ဖြတ်တောက်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ “စစ်တပ်ကတော့…

    Read More »
  • သတင်း

    တာမခံရွာမှာ အခြေခံစားသောက်ကုန်စျေးအဆမတန်မြင့်တက်နေ

    ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး‌တဲ့နောက် စစ်ကောင်စီတပ်ဟာ တာမခံရွာအဝင်၊ အထွက်ကို ပိတ်ထားတဲ့အတွက် အခြေခံစားသောက်ကုန်‌တွေ ပြတ်လပ်လာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ တာမခံဒေသခံတွေက ပြောပါတယ်။ လက်ရှိ တာမခံ၊ ဟောင်ပါးဘက်မှ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိပေးဝယ်နေရတဲ့အပြင် ကုန်ပစ္စည်းအဝင်မရှိတော့တဲ့အတွက် ကုန်စုံဆိုင်အများပိုင်း ကုန်ပစ္စည်းတွေ ပြတ်လပ်စပြုနေပြီလို့လည်း…

    Read More »
  • သတင်း၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ မှော်ရှန်ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတဲ့ ကသိုဏ်းတောင် (Kasen Bum) စစ်ဘေးရှောင်များ

    ဖားကန့် မှော်ရှန်ဘုန်းကြီးကျောင်းရောက် စစ်ရှောင်တစ်ထောင်ကျော်အတွက် အစားအသောက် ကူညီထောက်ပံ့မှုအရေးပေါ် လိုအပ်နေ

    ဖားကန့် ကသိုဏ်းတောင် (Kasen Bum) တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ပြည်သူ ၁ ထောင်ကျော် အတွက် အစားအသောက်နဲ့ဆေးဝါးကူညီမှုလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ဒီစစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ ဆိုင်းတောင်၊ မှော်ရှန်ဘုန်းကြီးကျောင်းမှာခိုလှုံနေရပြီး…

    Read More »
  • သတင်း

    ကသိုဏ်းတောင်စစ်တပ်စခန်းတိုက်ခိုက်ခံရပြီးနောက် နမ့်မော်ရွာက အရပ်သားပြည်သူရာချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ

    ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်မော်နဲ့ ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို  ဒီနေ့မနက် ကချင်လွတ်‌လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာလာနေတဲ့အတွက် နမ့်မော်အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ အရပ်သားပြည်သူ ၄၀၀ ကျော်ဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မှော်ရှန်ကျေးရွာဒေသခံ တွေဆီကနေ သိရပါတယ်။ အဲဒီ နမ့်မော်ဘက်က အရပ်သားပြည်သူတွေဟာ လက်ရှိဆိုင်းတောင်ကျေးရွာအုပ်စု၊မှော်ရှန်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တိုက်ပွဲရှောင်လာကြတယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုခုလို ပြောပါတယ်။   “စိမ်မြသုခကျောင်းမှာ နှစ်ဆယ်လောက်ရောက်ခဲ့တယ်၊မှော်ရှန်ကျောင်းမှာတော့…

    Read More »
  • သတင်း

    ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ…

    Read More »
  • မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ကသိုင်းတောင် (Kaseng Bum) သံသတ္တုတူးမည့် စီမံကိန်းကန့်ကွက်ရန် ကော်မတီဖွဲ့

    ကချင်ပြည်နယ် ဖားကန့်မြို့  ကသိုင်းတောင်(Kaseng Bum)တွင် သံအမျိုးအစားသတ္တုတစ်မျိုးဖြစ်သည့် Uranium ကို စီမံကိန်းကြီးတစ်ခုအဖြစ် တူးဖော်ရန် ပြည်ထောင်စုအစိုးရက ပြင်ဆင်နေသည့်အပေါ် ကန့်ကွက်ရန် ပူးပေါင်းကော်မတီတစ်ခုကို ဖားကန့်ဒေသခံ ကချင်လူမှုအဖွဲ့အစည်းများက ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။ ကချင်လူမှုအဖွဲ့အစည်း ၆ခု ပူးပေါင်းကာ…

    Read More »
Back to top button