တိုက်ပွဲသတင်း

ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ဒီနေ့ မနက်  နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ  ကသိုဏ်းတောင်ကို ၈ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ စခန်းကိုလည်း အားလုံးမီးရှိုဖျက်ဆီးလိုက်နိုင်ခဲ့ပြီဆိုပြီး အဲမှာနေတဲ့သူတွေကပြောလာတယ်လို့ပြောပါတယ်။

KIA ဘက်က သွားရောက်သွားတိုက်ခိုက်ခဲ့တဲ့ ကသိုဏ်းတောင်စစ်ကောင်စီတပ်စခန်းဟာ အနီးပတ်ဝန်းကျင်မှာ လယ်ယာလုပ်ကိုင်စားသောက်တဲ့ အရပ်သားပြည်သူတွေကို စစ်ဆေးတာတွေ အခွန်ကောက်ခံတာ ပိုမိုဆိုးရွားလာတဲ့အတွက် ခုလိုသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီမနက်တိုက်ခိုက်ခံရမှုများ စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံးပြုတ်သွားတဲ့အပြင် တပ်စခန်း ၂ ခုစလုံးက ထိခိုက်သေဆုံးသူစာရင်းနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့စာရင်း အတိကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

နမ့်မော်ရွာနားမှာထိုင်ထားတဲ့ စစ်တပ်စခန်းနဲ့ ကသိုင်းတောင်စစ်တပ်စခန်းဟာ ဖားကန့်အခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့တောင်ကုန်းတွေဖြစ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

အဲနမ့်မော်ဆိုတာကလည်း စစ်ဗျူဟာအရ အရေးပါတဲ့နေရာဖြစ်တယ် အဲကနေ ဆိုင်းတောင်ရွာတစ်လှမ်းမိုးနိုင်တဲ့အမြင့်မှာရှိထားတာ။ဆိုင်းတောင်ရွာရဲ့တောတစ်ခြမ်းကိုကာထားတာ နမ့်မော်ရဲ့ဟိုဘက်မှာ ကသိုဏ်းတောင် ကသိုဏ်းတောင်တစ်ဖက်ဆိုရင်တောတွေဘဲရှိတော့တယ်။ စစ်ရေးအရဆိုရင် တာမခံ၊ဟောင်ပါးကိုဖြတ်တောက်နိုင်တဲ့နေရာဖြစ်တယ်” လို့ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲဟာ မနက် ၈ နာရီအထိပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ကူတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနမ့်မော်ရွာစခန်းကုန်းနဲ့ ကသိုဏ်းတောင်စခန်းကုန်းဟာ ဖားကန့် မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး တပ်စခန်း အင်အား ၆၀ ဝန်းကျင်ရှိကာ စစ်ကောင်စီတပ်အတွက် အဓိက တပ်စခန်းကူန်းတစ်ခုလို့လည်းသိရပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ဇူလိုင်လကလည်း ပန်းတင်တံတားမှာရှိတဲ့စစ်တပ်ရဲ့ တပ်စခန်းဂိတ်တစ်ခုကို KIA PDF က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button