စစ်ကိုင်းတိုင်း
-
Apr- 2025 -30 Aprilသတင်း
ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ၇ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်း ၄…
Read More » -
Mar- 2025 -3 Marchသတင်း
မြစ်ကြီးနား-မန္တလေး လမ်းပိုင်းခရီးစဥ် တိုက်ပွဲကြောင့် ၅ ရက်ဝန်းကျင်အထိ ကြာမြှင့်လာ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ခရီးစဥ် ၅ ရက် ဝန်းကျင်အထိ ကြာမြှင့် သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်လို့ မြစ်ကြီးနား–မန္တလေးလမ်း၊ ကန့်ဘလူဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်က…
Read More » -
Feb- 2025 -7 Februaryသတင်း
နာဂ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းဖို့ အလွတ်သဘောတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နာဂလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပူးပေါင်းနိုင်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ် အန်းမိုင်းဦးဆောင်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ ဗိုလ်ချုပ် Singnya ဦးဆောင်တဲ့ နာဂအမျိုးသားကောင်စီ(NNC/FGN) တို့ဟာ နိုင်ငံရေးလမ်းစဥ်နဲ့ ဘုံရပ်တည်ချက်တွေ တူညီတာကြောင့်နိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN -K အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါဟာ နာဂဒေသတွင်းငြိမ်းချမ်းရေးအတွက်ရှေ့ရှူ့ပြီးနှစ်ဖက်တိုက်ပွဲတွေမရှိဖို့နဲ့…
Read More » -
Jan- 2025 -21 Januaryသတင်း
စစ်ကိုင်းတိုင်း မြို့ ၅ မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကလေးအပါအဝင် သေဆုံးမှုရှိ
ကချင်ပြည်နယ်နဲ့ ထိစပ်နေသော စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ ခမ်းပတ်မြို့၊ မော်လူးမြို့ ၊ ဟုမ္မလင်းမြို့၊ ကလေးမြို့ တွေကို စစ်ကောင်စီက လေယာဉ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့…
Read More » -
9 Januaryသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ
ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာ နဲ့ ပါဟုတ်ကြီး ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းနေချိန် စစ်ကောင်စီတပ်ဘက်က…
Read More » -
3 Januaryသတင်း
ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ လုပ်ကြံခံရသူ ဆရာအရိန္ဒာမာ ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ CDM တစ်ဦးဖြစ်ပြီး တော်လှန်အစိုးရအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာက…
Read More » -
Dec- 2024 -2 Decemberသတင်း
ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေး NLD ပါတီဝင်င်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ် အင်အားအများအပြားနဲ့တပ်ထိုင်ထားတဲ့ ဟုမ္မလင်းမြို့ပေါ် နောင်ပိုအောင်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၀ရက်နေ့စပြီး NLD ပါတီဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်မိသားစုတွေကို လိုက်လံဖမ်းဆီးပြီး ရိုက်နက်တာတွေရှိနေတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဒီမှာတော့အရမ်းဖမ်းနေတယ် မိသားစုထဲက PDF ထဲမှာဝင်ထားတဲ့သူတွေရှိတဲ့အိမ်ဆိုရင် မိသားစုလိုက် လိုက်ဖမ်းတယ်။ အရင်က NLD မှာမဲစာရင်းလိုက်ကောက်တဲ့ အိမ်တွေလည်းလိုက်ဆွဲတယ် အခုထိမလွတ်သေးဘူး မိသာစုလိုက်အကုန်ဖမ်းတာ”လို့သူကပြောပါတယ်။ အခုလိုဖမ်းဆီးရာမှာတော့ ကလေးလူကြီး၊သက်ကြီးရွယ်အို မရွေးဖမ်းဆီးနေတာဖြစ်ပြီး ပြန်လွတ်ပေးတာရှိသလို ရက်ရှည်ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတယ်လို့ သိရပါတယ်။ “မိသားစုတစ်စုဆိုရင် နေမကောင်းဖြစ်နေတဲ့မိန်းမကြီးတစ်ယောက်ပဲကျန်ထားတယ် ကျန်တဲ့ သားနှစ်ယောက်ရယ်သမီးနှစ်ယောက်ရယ်ဖမ်းသွားတယ် သူ့ယောကျ်ားရယ် အဲ့နေမကောင်းလို့ကျန်ခဲ့တဲ့မိန်းမက နောက်နေ့ဆုံးသွားတာ။ သဂြိုလ်တဲ့ချိန်တောင် သူ့ယောက်ကျားနဲ့ကလေးတွေအကုန်မလွတ်ပေးဘူး သမီးနှစ်ယောက်ထဲကိုပဲလွတ်ပေးတယ်”လို့ နောက်ထပ် ဟုမ္မလင်းမြို့ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး နောင်ပိုကျေးရွာမှာစတင်ဖမ်းဆီးလာရာကနေ နိုဝင်ဘာလ ၂၇ ရက်နေ့စ ဟုမ္မလင်းမြို့ပေါ် ဖမ်းဆီးမှူတွေ စတင်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုကျေးရွာထဲမှာရှိတဲ့ ဒေသခံပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “နောင်ပိုအောက်ဘက်စစဖမ်းတာအခုဒီဘက်ကိုလည်းဖမ်းနေပြီကြားတော့ တချို့ကိုယ့်ကိုကိုယ်စိုးရိမ်တဲ့သူကတိမ်းရှောင်နေကြပြီနဂိုကတည်းက စစ်ဘေးကြောက်လို့ပြေးရတာအခုဖမ်းလို့ဆိုပြီးထပ်ပြေးနေရပြီ”လို့ ဟုမ္မလင်း မြို့အမှတ် ၂ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဟုမ္မလင်းမြို့ပေါ်မှာ LND မိသားစုဝင် ၅ ဦးထက်မနက်ဖမ်းဆီးခံထားရပြီး နောင်ပိုအောင်ကျေးရွာထဲမှာတော့ လင်းသုခရွှေဆိုင်ပိုင်ရှင် မိသားစုဝင်သုံးဦး၊ ရွှေစံအိမ် ကလေးအရုပ်အရောင်းဆိုင်ကနေ မောင်နှမနှစ်ဦး၊ ဒေါ်သန်းဝေ အသက် ၅၀ ဝန်းကျင်တစ်ဦးနဲ့ NLD ပါတီဝင်မိသားစုဝင် ၅ ဦး စုစုပေါင်း ၁၁ ဦးအထိဖမ်းဆီးထားပြီး ရိုက်နက်တာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အနောက်ခြမ်း နောင်ပိုအောင်တကြောက SNA စစ်သားတွေတပ်ထိုင်ထားတဲ့ ပန်ချယ်၊ ဆိုင်းပန်ကုန်း၊ ပါဟုတ်ကြီးကျေးရွာတွေ KIA ပူးပေါင်းတပ်က နိုဝင်ဘာလအတွင်း သိမ်းပိုက်လိုက်တဲ့နောက် SNA တပ်က အခုလိုအရပ်သားတွေကို မတရားဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာနယ်စပ်မှာရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလစ KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေသလို ဒီနေ့ထိ စစ်ရေးတင်းမားနေတာလည်း ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2024 -28 Novemberသတင်း
ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်
ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချထားတဲ့ ရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၄ ရက်အတွင်း သိမ်းပိုက်လိုက်နိုင်တယ်လို့ ဟုမ္မလင်း PDF တပ်ရင်း (၁) နဲ့နီးစပ်တဲ့ အမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။ “၂၁ ရက်နေ့က စတိုက်တာ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်တယ် ၄ ရက်အတွင်းမှာ ဟိုဘက်ကနားမော်အထိရထားတယ် နားမော်ကနေ မှန်ဟုန်အထိကို PDF တွေသိမ်းထားတယ် အခု ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ တိုက်ပွဲခနပြန်ငြိမ်နေတယ်ရထားတဲ့နေရာတွေကိုရှင်းနေတုန်း”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိ PDF တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေဟာ နားမော်၊မှန်ဟုန် ၊ နောင်ကောင်ကောင်း၊ ပါဟုတ် ၊ ငွန်စီရွာ စတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ SNA တွေ စစ်အာဏာသိမ်းနောက်ပိုင်း ဂိတ်ထိုင်ကာ အခွန်ကောက်နေတဲ့ ရွာတွေဖြစ်တယ်လို့ နောက်ထပ် ပါဟုတ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ပထမနေ့ကတော့ နားမော်ဂိတ်ကိုစတိုက်တာပဲ ရွှေတူးသွားတဲ့လမ်းမှာသူတို့ကဂိတ်ထိုင်တာအဲ့ဂိတ်ကို စသိမ်းတာ SNA တွေကတချို့လက်နက်ချအလင်းဝင်တဲ့လူဝင် တချို့ပြေးတဲ့လူပြေးပါ့ အသေအပျောက်လည်းမနည်းဘူး”လို့ ပြောပါတယ်။ ဟုမ္မလင်း PDF တပ်ပေါင်းစုတွေသိမ်းပိုက်ထားတဲ့ နားမော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကျန်တဲ့ကျေးရွာတွေက အိမ်ခြေ ၈၀ ကနေ ၁၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကျေးရွာတွေဟာ SNA တပ်သားအင်အား ရာနဲ့ချီတပ်ချထားတဲ့ နောင်ပိုအောင်ကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး လတ်တလောမှာတော့ နောင်ပိုအောင်ကျေးရွာအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေနဲ့စုစုပေါင်းကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေ တောတောင်ထဲ စစ်ရှောင်းနေရတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “နောင်ပိုအောင်ရွာထဲမှာလည်း သုံးပုံတစ်ပုံပဲကျန်တယ်အကုန်ပြေးနေကြပြီ နောင်ပိုအောင်၊နားမော်၊ခုန်ခမ်းတလျှောက်ကရွာတွေအကုန်ပဲ ဟုမ္မလင်းဘက်ကလမ်းပိတ်ထားလို့ပြေးမရဘူးရွှေမော်တွေဘက်ပြေးနေရတယ်”လို့ သူကပြောပါတယ်။ အခုလိုစစ်ရေးတင်းမာနေတာကြောင့် နောင်ပိုအောင်၊ဟုမ္မလင်းကားလမ်းပိုင်းကိုလည်း SNA တပ်က နောင်ပိုအောင်တံတားကနေပိတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက SNA တွေတပ်ထိုင်နေတဲ့ကျေးရွာအချို့ကို ဟုမ္မလင်းPDF နဲ့ KIAပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဟုမ္မလင်းPDFတပ်ပေါင်းစုတွေဟာ ဒီနှစ်ထဲမှာ ဖားကန့်မြို့နယ်နဲ့နီးတဲ့ဟုမ္မလင်းနယ်ထဲကကျေးရွာအများအပြားကိုသိမ်းပိုက်ထားပြီဖြစ်သလို ဟုမ္မလင်း အနောက်ခြမ်းရှိ ဖောင်းပြင်နယ်တကြော ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
25 Novemberသတင်း
ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
14 Novemberသတင်း
နန်းယွန်းမြို့တစ်ခုလုံး လျှပ်စစ်မိီးပြတ်တောက်နေတာ ၆ ကျော်ကြာမြင့်လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ် ရေကြီးရေလျှံဖြစ်ပြီးနောက် ဒီနေ့အထိ လျှပ်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ နန်းယွန်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ နန်းယွန်းမြို့တစ်မြို့လုံး ရေဘေးသင့်ခဲ့ချိန် ဓာတ်တိုင်အများအပြားပျက်စီးခဲ့ပြီး ဒီနေ့ထိအစားထိုးပြုပြင်တာမျိုးမရှိသေးတာကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာ ၆ လကျော်ပြီလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ရေကြီးတုန်းက ပျက်သွားတဲ့မီးတိုင် အခုထိမလှဲသေးတော့ မီးလည်းမရသေးဘူး နှစ်တောင်ကူးတော့မယ် သူတို့မီလာဖို့နေနေသာသာ ဓာတိုင်တစ်တိုင်တောင် ပြန်မစိုက်သေးဘူး ဒီတိုင်းပဲဖြစ်သွားမလားမသိဘူးမီးက”လို့ အသက် ၃၀ ကျော်အရွယ်နန့်ယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ပေါ်လျှပ်စစ်မီးတွေကို နန်းယွန်းချောင်းရေအားလျှပ်စစ်စက်ရုံကနေ ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး မေလတွင်း ရေဘေးသင့်ခဲ့ချိန် လျှပ်စစ်ဓာတ်အားပေးစက်ရုံထိခိုက်ပျက်စီးတာမျိုးရှိခဲ့သလို ရေအားလျှပ်စစ်စက်နဲ့ နန်းယွန်းမြို့ကြားမှာရှိတဲ့ဓာတ်တိုင်တွေနဲ့ မီးကြိုးအများပိုင်းပျက်စီးခဲ့တာဖြစ်တာလို့ သိရပါတယ်။ “ရေကာတာပေါ့အဲ့ဒီရေအားလျှပ်စစ် စက်ရုံနဲ့မြို့ကဆယ်မိုင်နီးနီးရှိမှာ အဲဲ့ကြားမှာသွယ်ထားတဲ့မီးကြိုးတွေ၊ ဓာတိုင်တွေက ရေထဲပါသွားတဲ့ဟာပါသွားပြီ။ ပြီးတော့ မြေပြိုလို့ လှဲတဲ့ဟာလှဲချိုးတဲ့ဟာချိုး မီးကြိုးတွေလည်းအများကြီးပါသွားတယ် တကယ်ပြင်မယ်ဆိုရင်ပြီးလောက်ပြီဗျ မပြင်လို့ခုထိမီးမရတာ”လို့ ပြောပါတယ်။ အခုလိုလျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဆိုလာမီး၊ ဖယောင်းတိုင်မီး အားထားနေရလို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ “အစပိုင်းကတော့မီးရမလားရမလားနဲ့စောင့်နေကြတာ။ အခုကြာလာတော့ တချို့ဆိုလာမီးသုံးတဲ့သူသုံး တချို့ဆိုလာမဝယ်နိုင်တဲ့လူက ဖယောင်းတိုင်မီးတွေ ၊ရေနံဆီမီးခွက်တွေပြန်သုံးနေကြတယ် နေမပူတဲ့နေ့တွေဆိုရင်မှောင်မှောင်မဲမဲပဲ”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ KNG သတင်းဌာနအနေနဲ့ နန်းယွန်းမြို့နယ် လျှပ်စစ်ဓာတ်အားရေးပေးရုံးကိုဆက်သွယ်ခဲ့ပေမယ့် နန်းယွန်းမြို့နယ်ထဲဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။ နန်းယွန်းမှာ မေလတုန်းဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် အခုလို လျှပ်စစ်ဓာတ်အားတွေပြတ်တောက်ခဲ့ရသလို နန်းယွန်း– ရှင်ဗွေယန်ကြားရှိ နန်းယွန်းမြို့အဝင်က တံတားလည်းပျက်စီးသွားခဲ့ပြီး ဒီနေ့ထိပြန်လည်မပြုပြင်သေးတာကြောင့် လမ်းပမ်းဆက်သွယ်ရေးလည်း ခက်ခဲ နေဆဲဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ နန်းယွန်းမြို့မှာတော့ NLD အစိုးရလက်ထက် ၂၄ နာရီလျှပ်စစ်ဓာတ်အားရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နန်းယွန်းမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်တာမရှိပေမယ့် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊လျှပ်စစ်မီးမရရှိမှုတွေကြောင့် အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More »









