စစ်ရှောင်

  • May- 2023 -
    8 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာသဖြင့် ဒေသခံ ၇ ထောင်ကျော်ထွက်ပြေးနေရ

    ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး‌နေသောကြောင့် ရွာပေါင်း ၇ ရွာမှ ဒေသခံ ၇ ထောင်ဝန်းကျင်သည် ဘေးလွှတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား၂၀၀ ဝန်းကျင်သည် မေလ…

    Read More »
  • 6 May
    သတင်း

    ထီးချိုင့်မြို့နယ် ကျေးရွာအချို့တွင် စစ်ကြောင်းထိုးနေသောကြောင့်  ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရ 

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှစ်ကြောင်း ဝင်ရောက်စီးနင်းနေသဖြင့် ဒေသခံတစ်ထောင်ကျော်ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါစစ်ကြောင်းသည် ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မြတောင်ကျေးရွာဘက် တစ်ကြောင်းနှင့် ကျောက်မှော်ကျေးရွာဘက်သို့ တစ်ကြောင်း ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက…

    Read More »
  • 4 May
    စစ်ပြေးဒုက္ခသည်များ

    ဂျာပူ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေ

    ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား–ဗန်းမော် ကားလမ်းမပေါ်ရှိ ဂျာပူဒေသခံများသည် စစ်ရှောင်စခန်းမှ နေရပ်ပြန်လည် နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ဂျာပူစစ်ဘေးရှောင်ပြည်သူများသည် မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့်  ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လူဦးရေ ၅၀၀ ဝန်းကျင်ဖြင့် ကျေးရွာအတွင်းသန့်ရှင်းရေးနှင့် ဆုတောင်းခွန်အားယူခြင်းအစီစဉ်များ ပြုလုပ်ခဲ့ကြောင်း  စစ်ဘေးရှောင်တစ်ဦးက KNG ကိုပြောသည်။ “ကျွန်တော်တို့က ကိုယ်ထူကိုယ်ထနဲ့ကြိုးစားနေကြတာဟုတ်တယ်၊ ကျွန်တော်တို့က ကျွန်တော်တို့ ဒေသကို ထားခဲ့ရတာ ကြာပြီဖြစ်တဲ့အတွက် ကိုယ့်ဒေသကို လာရောက်သန့်ရှင်းရေးလုပ်တယ်။ ကိုယ့်ဒေသမှာ…

    Read More »
  • 3 May
    စစ်ပြေးဒုက္ခသည်များ

    ရွှေကူစစ်ရှောင်များ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး အဖြစ်များနေ

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြရသည့် ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ရှောင်ပြည်သူများ ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင့် ဆေးဝါးကုသပေးမှု အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။ ရွှေကူအရှေ့ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့မှုများရှိခဲ့သဖြင့် ရွာပေါင်း ၁၀ ရွာမှ လူနေအိမ်အများအပြား မီးလောင်ပြာကျသွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးရှိခဲ့သည့် အနက် ၇၀၀၀ နီးပါးသည် လက်ရှိတောတွင်းနေရာများတွင် စစ်ရှောင်နေသည်မှာ ၁လ ကျော်ရှိပြီဖြစ်သည်။ ထိုစစ်ရှောင်များအနက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အများစုမှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသောကြောင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စီသောင်ကျေးရွာမှစစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “လိုတာကတော့ အများကြီးလိုတယ် အဓိကိုခြုံ ပြီးပြောရမယ်ဆိုရင်တော့အခု ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ငှက်ဖျားနဲ့ တုပ်ကွေးတွေအရမ်းဖြစ်နေကြတယ်။…

    Read More »
  • 2 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာ‌နေကြောင်း သိရသည်။ နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး‌ နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ် “ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။ “သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့“ဟုဒေသခံတစ်ဦးကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

    Read More »
  • Apr- 2023 -
    29 April
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများ အတွက် နေအိမ်အကူအညီများလိုအပ်နေ

    ရှမ်းပြည်နယ်အရှေ့ပိုင်း ကွတ်ခိုင်မြို့နယ် နေရပ်ပြန် မန်လုံ ကောင်းလိင် စစ်ရှောင်ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာနေထိုင်ရန် နေအိမ်အကူအညီများလိုအပ်နေ စစ်ရှောင်များထံမှ သိရသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် ဧပြီလ ၂၅ ရက်နေ့တွင် နေရပ်ပြန်ပြီဖြစ်သော်လည်း နေအိမ်မရှိသေးသည့်အတွက် မိုးကာတဲများထိုးပြီး နေထိုင်နေရကြောင်း နေရပ်ပြန်စစ်ရှောင်တစ်ဦးက…

    Read More »
  • 29 April
    စစ်ပြေးဒုက္ခသည်များ

    ဗန်းမော်တွင် ကျေးရွာ ၃ ရွာမှ စစ်ရှောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၃ ခုမှ စစ်ကြောင်ပြည်သူများအတွက် စစ်ရှောင်အကူအညီများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ဧပြီလ ၂၆ ရက်နေ့မှစတင်ကာ တိုက်ပွဲကြောင့် ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ခဲမနိုင်၊…

    Read More »
  • 25 April
    စစ်ပြေးဒုက္ခသည်များ

    မလိဆွတ်ယန်စစ်ရှောင်များ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မလိဆွတ်ယန်‌ စစ်ရှောင်များ ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဖြစ်ကြောင်းသိရသည်။ မြစ်ကြီးနား– ဆင်ဘိုလမ်းပေါ်ရှိ မလိဆွတ်ယန် ဒေသခံစစ်ရှောင် ၂၀၀ ကျော်သည် နေရပ်ပြန်ရန်အတွက် ကူညီထောက်ပံ့မှုမရှိသည့်အတွက် ပြန်လည်နေထိုင်ရန် နေအိမ်အခက်ခဲများရှိနေသော်လည်း ‌ကိုယ်ထူကိုယ်ထစနစ်ဖြင့်…

    Read More »
  • 21 April
    စစ်ပြေးဒုက္ခသည်များ

    နေရပ်ပြန် စစ်ရှောင်များအတွက် ဒေသခံဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု ဦးခက်ထိန်နန် ပြောဆိုခဲ့

    မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်  ဝိုင်းမော်မြို့နယ်ရှိ နေရပ်ပြန်ကျေးရွာများကို ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေးမည်ဟု စစ်ကောင်စီ ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန် သွားရောက်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ဦးခက်ထိန်နန်သည် နေရပ်ပြန် စစ်ရှောင်ကျေးရွာများဖြစ်ကြသော ဂါးရာယန်၊ ကဇူး၊ ဒဘတ် စသည့်ကျေးရွားများသို့ သွားရောက်ခဲ့ပြီး ယခုလို ပြောဆိုခဲ့ကြောင်း ကဇူးဒေသခံ တစ်ဦးက KNG ကိုပြောသည်။ “ကျွန်တော်တို့မှာ ကျောင်းတွေ…

    Read More »
  • 19 April
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာများတွင် စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်း‌ရှောင်နေရ‌ ကြောင်းသိရသည်။ စစ်အင်အား ၈၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစကာ ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း…

    Read More »
Back to top button