စစ်ပြေးဒုက္ခသည်များသတင်း

မလိဆွတ်ယန်စစ်ရှောင်များ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မလိဆွတ်ယန်‌ စစ်ရှောင်များ ဧပြီလ ၂၄ ရက်နေ့မှစပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားဆင်ဘိုလမ်းပေါ်ရှိ မလိဆွတ်ယန် ဒေသခံစစ်ရှောင် ၂၀၀ ကျော်သည် နေရပ်ပြန်ရန်အတွက် ကူညီထောက်ပံ့မှုမရှိသည့်အတွက် ပြန်လည်နေထိုင်ရန် နေအိမ်အခက်ခဲများရှိနေသော်လည်းကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်စစ်ရှောင် တစ်ဦးကပြောသည်။

ပြန်ဖို့က မနှစ်ကတည်းက အသင်းတော်မှာ အကြိမ်ကြိမ်ဆွေးနွေးနေခဲ့တာ ဒါပေမဲ့ ဒီနေ့အထိတော့ အိမ်လည်းမရ၊ ဘာမှမရှိသေးပေမယ့် တစ်ခါဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် ပြန်ကြတာပေါ့ဟုပြောသည်။

အဆိုပါ နေရပ်ပြန်စစ်ရှောင်များအား ကချင်နှစ်ခြင်းခရစ်အဖွဲ့ချုပ် လူမူဝန်ထမ်းနဲ့ဖွံ့ဖြိုးရေးဌန(KBC- HDD)မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှင့် ဆန် ၊ ဆီ၊ ဆား၊ ကြက်သွန်များ ကူညီထောက်ပံ့မှုမှလွှဲ၍ အခြားထောက်ပံ့မှု မရရှိသည့်အတွက် နေအိမ်တည်ဆောက်ရန်အရေးပေါ် အကူညီများစွာလိုအပ်နေကြောင်းလည်း နေရပ်ပြန်စစ်ရှောင်များက ပြောသည်။

ဘာမှမရှိသေးတော့ ဖြစ်သလိုဘဲနေနေတာပေါ့၊ KBC ကပေးခဲ့တဲ့ ပိုက်ဆံနဲ့ မိုးကာတဲတွေလုပ်၊ ဝါးတွေဝယ် အနီးအနားမှာရှိတဲ့ အပင်တွေနဲ့ ကိုယ်ဘာသာကိုယ်ဆောက်ပြီးနေရမှာ ကိုယ့်ခြေထောက်ကို ရပ်တည်ပြီး ပြန်တာဟုတ်တယ်၊ ကျွန်တော်တို့ကို ကူညီမဲ့သူတွေမရှိဘူး ကျွန်တော်တို့ တကယ်ကို အကူအညီလိုအပ်နေတာဟုပြောသည်။

မလိဆွတ်ယန် စစ်ရှောင်များ နေရပ်ပြန်အိမ်ထောင်စု မှာ အိမ်ထောင်စု ၄၀ နှင့် လူဦးရေ ၂၁၀ ရှိပြီး မလိဆွတ်ယန်ကျေးရွာ ပြန်လည်တည်ဆောက်ရေးတွက်အကူအညီပေးရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်း KBC HDD မှတာဝန်ရှိသည့် ဆရာထော့ရှယ်လွမ်းခေါင်က KNG ကိုပြောသည်။

ကျွန်တော်တို့ ဒီ ၂၀၂၃၂၀၂၄ မှာ မလိဆွတ်ယန် တွေလည်း နေရပ်ပြန်မယ်လို့ အစောကတည်းက ပြောထားတဲ့ အတွက် ပြန်လည်တည်ဆောက်ပေးဖို့ အစီအစဉ်တွေ လုပ်ထားတာရှိတယ်၊ အစကနေပြန်တည်ဆောက် ရတဲ့အတွက် အစစ အရာရာ အကုန်ခက်ခဲမှာဘဲ၊ အကူအညီရှာတာတွေလည်း ဆက်တိုက်လုပ်နေမှာပါ၊ ဒီအတွင်းမှာ အကုန်လုံးကို မပေးနိုင်သေးရင်တောင် အရမ်းခက်ခဲတဲ့သူတွေကို အရင်ဦးစားပေးလုပ် ပေးသွားမှာပါဟုပြောသည်။ 

မလိဆွတ်ယန်ကျေးရွာသည် မြစ်ကြီးနားမှ ၄ မိုင်ဝန်းကျင်တွင် တည်ရှိပြီး ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ စီတာပူ KBC စစ်ရှောင်စခန်းတွင် ၁၀ နှစ်ကျော်ကြာတိမ်းရှောင်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်တွင်လည်း အစိုးရမှ သတ်မှတ်ပေးထားသည့် ငွေပျော်စံပြကျေးရွာတွင် မလိဆွတ်ယန်ကျေးရွာ ဒေသခံ အိမ်ထောင်စု ၃၀ ကျော် ပြောင်းရွေ့နေထိုင်ခဲ့သည်။

Show More

Related Articles

Back to top button