သတင်း

ထီးချိုင့်မြို့နယ် ကျေးရွာအချို့တွင် စစ်ကြောင်းထိုးနေသောကြောင့်  ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှစ်ကြောင်း ဝင်ရောက်စီးနင်းနေသဖြင့် ဒေသခံတစ်ထောင်ကျော်ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါစစ်ကြောင်းသည် ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မြတောင်ကျေးရွာဘက် တစ်ကြောင်းနှင့် ကျောက်မှော်ကျေးရွာဘက်သို့ တစ်ကြောင်း ဝင်ရောက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကြောင်းကနှစ်ကြောင်းဝင်နေတာပေါ့ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကို ဝင်နေတာပေါ့ အိမ်တွေကိုဝင်စီးမွှေနှောက်နေတယ်။ ဒေသခံတွေကတော့ ဘေးလွှတ်ရာ တောတွေ၊လယ်တဲတွေ ရှောင်နေကြတာပေါ့ ဒေသခံတစ်ထောင်ကျော်လောက်ရှိပါတယ်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်ကျေးရွာများမှာ ဖုန်ကုန်းလေး၊ စပ်စား၊ ဇီးကုန်း၊ ကျောက်မှော်နှင့် မြတောင်ကျေးရွာများမှ ဒေသခံများဖြစ်သည်ဟု သူကဆက်ပြောသည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူတစ်ထောင်ကျော်သည် တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူညီများ သောက်သုံးရေများ အကူညီလိုအပ်လျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

ဒေသခံတွေက စစ်ကြောငလာရင်ပြေးလိုက် ထွက်သွားရင်ပြန်ဝင်နဲ့ကိုလည်နေတာပါ။ ဒေသခံတွေအနေနဲ့တော့ ထွက်ပြေးနေရတာဆိုတော့ အကူညီတွေကလိုတာပေါ့ အခုကနေလည်းအရမ်းပူတယ်။ ရေရှားပါးမူတွေကတော့ ကြုံနေရပါတယ်။ သက်ကြီးရွယ်အိုတွေကတော့ ပိုပြီးခက်ခဲတာပေါ့ဟုဒေသခံတစ်ဦးကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးဝင်ရောက်စီးနင်းမီးရှို့မူများနှင့်တိုက်ပွဲများကြောင့် ဒေသခံ ၇သိန်းခွဲခန့် ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)က ဒီကနေ့မေလ ၆ရက်နေ့တွင်ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button