စစ်သင်္ဘော
-
Sep- 2024 -3 Septemberသတင်း
ကသာကိုတက်လာတဲ့ စစ်သင်္ဘောတွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်ကို မနေ့က စက်တင်ဘာလ ၂ ရက်နေ့မှာရောက်ရှိလာတဲ့ စစ်သင်္ဘောတွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကသာမြို့နယ်အတွင်းက အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အရပ်သားပြည်သူက သူတို့ပစ်လို့သေတာ ၂ ယောက်ပေါ့။ ၃ ယောက်ဒဏ်ရာရတယ်။ အဲ့ဒီသင်္ဘောပေါ်က နေပစ်တာပေါ့”လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးခဲ့သူတွေဟာ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေဖြစ်တဲ့ ကလုံရွာက ၁ ဦး သေဆုံး ၁ ဦးဒဏ်ရာရခဲ့သလို ညောင်ခြေထောက်ကျေးရွာက ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရခဲ့တာလို့ သူကဆက်ပြောပါတယ်။ အဲ့ဒီစစ်သင်္ဘောတွေဟာ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်အင်အားနဲ့ရိက္ခာတွေတင်လာတဲ့ စစ်သင်္ဘောတွေဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာချိန်မှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခြင်းကိုဆက်တိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာဆိုရင် ထီးချိုင့်မြို့နယ်နဲ့မြတောင်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဆက်မသွားနိုင်တော့ဘဲ ထီးချိုင့်မြို့မှတစ်ညအိပ်ခဲ့ရသလို ကသာကိုထွက်လာချိန်မှာလည်း လမ်းတစ်လျှောက် ပစ်ခတ်ခံခဲ့ရတာတွေရှိခဲ့ပါတယ်။ “ကသာမြို့နယ်ကိုတော့ ၅ စီးလုံးရောက်လာပြီ။ ပြီးခဲ့တဲ့ရက်တွေက ထီးချိုင့်မှာပစ်ခတ်ခံရတာတွေလည်း ပြန်ရောက်လာခဲ့တာ။ ၅ စီးလုံးကသာမှာပေါ့ ထီးချိုင့်မှာကသူတို့ခဏကမ်းကပ်ရပြီး ပြန်ဆန်လာတာပေါ့ လေ။”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်သင်္ဘော ၅ စီးတက်လာချိန်မှာလည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာနေရာယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ၁၈ ဦးဒဏ်ရာ ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ အခုလို စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပေမဲ့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးခဲ့တဲ့အတွက် မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ အရပ်သား ၉ ဦးသေဆုံးခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေး ပေမဲ့ ဗန်းမော်မြို့နယ်မရောက်ခင် ဧရာဝတီစင်းခန်းတံတားကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေက သုံးသပ်နေကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ဝင်ရောက်ဖို့ ရေကြောင်းကိုအဓိကထား အသုံးပြုခဲ့ကြပေမယ့် သင်္ဘောတက်လာတိုင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် အတော်အတန်ကြာ ရပ်နားသွားရာကနေ ခုတစ်ဖန်ပြန်ပြီးဆန်တက်လာတာဘဲဖြစ်ပါတယ်။ By – အမိုး
Read More » -
2 Septemberသတင်း
ထီးချိုင့်ကနေ ကသာနယ်ထဲရောက်လာတဲ့ စစ်သင်္ဘော ၃ စီးထပ်မံပစ်ခတ်ခံရပြီး တစ်စီးမီးလောင်
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်ထဲကနေ ကသာမြို့နယ်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၃ စီး ထပ်မံပစ်ခတ်ခံရပြီး ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားတယ်လို့ ကသာမြို့ နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာတော့ ထီးချိုင့်မြို့နယ်ကနေ ကသာမြို့နယ်ကို စစ်သင်္ဘော ၃ စီးဆန်တက်လာတာဖြစ်ပြီး ၂ စီးကို ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “အခုမနက်ဆန်လာခဲ့တာ ၃ စီး ကသာကိုရောက်နေပြီ အဲ့တာဒီနေ့မနက်ပိုင်းကျတော့ ပစ်ခတ်တာ သင်္ဘောကိုကောင်းကောင်းမှန်သွားတယ်။ ၂ စီးမှန်တာ အခုတော့ သဖန်းကိုင်းရေဆိပ်မှာရပ်နေပြီ။ ဒီမနက် ၉ နာရီလောက်မှာပစ်တာမှာတော်တော်လေး ထိချက်ကောင်းသွားတယ်။ တစ်စီးက မီးတောင်လောင်နေသေးတာ”လို့ပြောပါတယ်။ အဲ့ဒီဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက တစ်စီးမီးလောင်သွားတာကြောင့် ရေလယ်ခေါင်မှာ ခဏရပ်ပြီး မီးငြိမ်းကာ ပြန်ဆန်တက်လာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ထီးချိုင့်မြို့နယ်ထဲကို စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းကရောက်လာတဲ့ စစ်သင်္ဘော ၅ စီးထဲက ၂ စီးကိုလည်း ထီးချိုင့်မြို့နယ်ထဲကတော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျက်ဆီးသွားခဲ့ကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “ အဲ့ဘက်ကတော့အခြေနေတိတိကျကျမှန်မှန်ကန်ကန်မရဘူး။ ကျနော်တို့ကြားရတာကတော့ ထီးချိုင့် ဘက် မြတောင်ဘက်နေတက်လာတဲ့ သင်္ဘော ၅စီးထဲက ၂စီးကို အဲ့ဒီပူးပေါင်းအဖွဲ့တွေက ပစ်ခတ်ပြီးမှ ဖျက်ဆီးတယ်လို့ကြားရပါတယ်။ နောက်ပြီး ကျန်နေတဲ့သင်္ဘောတွေကတော့ ကချင်ပြည်နယ်ဘက်ကို ဆက်ပြီးတော့ ဆန်တက်လာနေတယ်လို့ကြားရပါတယ်။ “လို့ပြောပါတယ်။ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထီးချိုင့်မြို့နယ်ထဲမှာ သင်္ဘော ၂ စီးကျန်ရစ်နေခဲ့ပြီး ကျန်တဲ့စစ်သင်္ဘော ၃ စီးကတော့ ကသာမြို့နယ်ဘက်ကိုရောက်ရှိနေပြီဖြစ်ကြောင်းအတည်ပြုပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ ကချင်နဲ့စစ်ကိုင်းအစပ်မှာ တော်လှန် ရေးအင်အားစုတွေအားကောင်းလာတာနဲ့အတူ ဧရာဝတီမြစ်ကြောင်းကိုအဓိကအသုံးပြုပြီး စစ်ကိုင်းနဲ့ ကချင် အစပ်မြို့တွေဆီ ရိက္ခာနဲ့ စစ်လက်နက်ခဲယမ်းတွေ အားဖြည့်လေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လက ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာကို KIA၊ PDF ပူးပေါင်းတပ်တွေ အရှိန်အဟုန်မြင့် စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပြီး ဧရာဝတီမြစ်ကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဧရာဝတီမြစ်ရေတက်ချိန်ဆို ပုံမှန်ရေကြောင်းအသုံးပြု စစ်အင်အားဖြည့်တင်းတဲ့ စစ်ကောင်စီတပ် ဟာ ရေကြောင်းကိုအသုံးမပြုနိုင်တော့ပေမယ့် ထီးချိုင့်မြို့သိမ်းတိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒီနှစ်အတွင်း ဒီတစ်ကြိမ်က ရေကြောင်းပထမဆုံးအသုံးပြု စစ်အင်အားဖြည့်တင်းခြင်းဖြစ်တယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ “ဒါကတော့ စစ်ကောင်စီရဲ့ ပုံမှန်ထောက်ပို့လုပ်ငန်းလုပ်တာလည်းဖြစ်မယ်။ ထီးချိုင့်မြို့ မကျရေးအတွက်လည်း စစ်ကူတက်လာတာလည်းဖြစ်နိုင်ပါတယ်။ သူတို့က ပုံမှန်ဆိုသင်္ဘောတက်ရင် ကချင် ပြည်နယ်ဗန်းမော်လောက်အထိတက်တယ်။ တက်ပြီးပုံမှန်ထောက်ပို့လုပ်ငန်းတွေ လုပ်မလား။ လောလောဆယ် ထီးချိုင့်ကလည်းစခန်းကုန်းတစ်ခုပဲကျန်တော့ ထီးချိုင့်မြို့ကျသွားရင် ရေကြောင်းလမ်းက တော်လှန်ရေးအင်အားစုကထိန်းနိုင်တဲ့အနေအထားဖြစ်သွားမှာဆိုတော့ ဒီအတွက်ပဲကြိုးစားတယ်ထင်ပါတယ်။”လို့ပြောပါတယ်။ တစ်ဖက်မှာ စစ်သင်္ဘောတွေတက်လာချိန်တောက်လျှောက်မှာလည်း ဝေဟင်ကနေ လေကြောင်းပစ်ခတ်မှု တွေဆက်တိုက်လုပ်ပြီးပစ်ကူပေးနေပြီး မနေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာမှာ အရပ်သား ၆ ယောက်သေဆုံးခဲ့ရကြောင်း Tigyaing Revolution TR က သတင်းထုတ်ပြန်ထား ပါတယ်။ ဒီတစ်ကြိမ်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်သွားမယ်ဆိုတာတော့မသိရသေးပေမဲ့ ကချင်ပြည်နယ်ထဲကိုတော့ ဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ မြေပြင်အခြေနေသိရှိသူတွေကသုံးသပ်ကြ ပါတယ်။ “ သူတို့ ကသာကနေပြန်လှည့်မယ်လို့ထင်တယ်။ ဗန်းမော်ကတော့ လေကြောင်းရှိတော့ လေကြောင်းသုံးပြီး ပဲ ပို့မယ်လို့ သုံးသပ်တယ်။ ဒီ ၃ စီးထဲနဲ့တော့ ဗန်းမော်အထိမလွယ်လောက်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဖြတ်သန်းရမယ့်လမ်းကြောင်းက ကသာကနေ ဗန်းမော်နားရောက်တဲ့အထိကကျနော်တို့က ထိန်းချုပ် ထားတာကို”လို့ပြောပါတယ်။ ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေဟာ ဒုတိယမြစ်ကျဥ်း အပါအဝင် ဗန်းမော်မြို့နယ်ထဲက ဧရာဝတီစင်းခန်းတံတားကိုပါ ပြီးခဲ့တဲ့ မတ်လဝန်းကျင်တိုက်ပွဲတွေမှာ ထိန်း ချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်ကစတင်ကာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော ၈ စီးနဲ့ ဆန်တက်လာတာဖြစ်ပေမဲ့ တက်လာတဲ့တစ်လျှောက်တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကသာမြို့နယ်အရောက်မှာ ၃ စီးသာကျန်ရှိတော့တာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ ပင်လည်ဘူး၊ အင်းတော်၊ နဲ့ ထီးချိုင့်မြို့တို့ကို အဓိကသိမ်းပိုက်ဖို့ကြိုးစားနေပြီး နေ့စဥ်တိုက်ပွဲပြင်းထန်နေ သလို ဒီတိုက်ပွဲတွေကြောင့် မန္တလေး–ကချင် ကားလမ်းပိုင်းလည်းပိတ်ထားရတာ ၃ပတ်ဝန်းကျင်ကြာမြှင့်လာပြီဖြစ်ပါတယ်။…
Read More » -
Sep- 2023 -28 Septemberသတင်း
ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောတွေက ကျေးရွာတွေကို ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင် ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၇ရက်နေ့ မနက်ပိုင်း ချင်းတွင်းမြစ်အတိုင်း စစ်ဘက်သုံးရေယာဥ်တစ်စီး စုန်ဆင်းခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ နောက်ထပ် စစ်သင်္ဘော ၁၆ စီး ဆက်လက်စုန်ဆင်းလာပြီး မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ “သူတို့ကမုံရွာနယ်ကျော်တာနဲ့ကိုတောက်လျှောက် ပစ်တော့တာ ကမ်းဘေးဝဲယာကိုပစ်တာ…
Read More » -
20 Septemberသတင်း
မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား ၅ ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ်…
Read More » -
Aug- 2023 -7 Augustသတင်း
ရွှေကူမှာ စစ်သင်္ဘောဆိုက်ခါနီး လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ ရေလဲရွာက အမျိုးသမီးတစ်ဦးကျည်ထိမှန်
ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ ရွှေကူ သင်္ဘောဆိပ်မှာ စစ်သဘော် ၉ စီး ဆိုက်ကပ်ခါနီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်လာတဲ့အတွက် ရေလှဲရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “သင်္ဘေက ခုရွှေကူရောက်သွားပြီလေး ဆိပ်ကမ်းရောက်ခါနီး ရေလှဲဘက်ကိုလက်နက်ကြီးတွေပစ်နေတာ ရေလှဲရွာကတော့ အမှုန့်ဖြစ်ပြီလားမသိဘူး။အမျိုးသမီးတစ်ယောက်ထိတယ်လို့ သိရတယ် အသေးစိတ်တော့မသိရသေးဘူး ။ ပစ်တာအချက်ပေါင်း ၄၀၊ ၅၀…
Read More » -
4 Augustသတင်း
မန္တလေးတိုင်းကနေတက်လာတဲ့ စစ်သင်္ဘော ၉ စီးမှာအချုပ်သား ၅၀ ကျော်တင်ဆောင်လာ
ကချင်ပြည်နယ်ထဲကို ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီးမှာ ကသာနယ်ထဲဝင်ရောက် နေပြီဖြစ်ပြီး သင်္ဘောထဲမှာအချုပ်သား ၅၀ ကျော်လည်း ပါဝင်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီစစ်သင်္ဘော ၉ စီးဟာ စစ်သားအင်အားအများအပြားနဲ့ လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေတင်ဆောင်လာတဲ့အပြင် ထီးချိုင့်အချုပ်ထဲက အချုပ်သား ၅၀ ကျော်ကိုလည်းတင်ဆောင်လာတယ်လို့ ကသာ PDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။ “အရပ်သား၊အချုပ်သားပေါ့ ထီးချိုင့်မှာအချုပ်ကျနေတဲ့အချုပ်သား…
Read More » -
3 Augustသတင်း
မန္တလေးကနေ ကချင်ပြည်ဘက်ဆန်တက်နေတဲ့ စစ်သင်္ဘောကနေ စစ်ကောင်စီတပ်တွေက မြစ်ကမ်းတစ်လျှောက် ရွာတွေကို ဆက်တိုက်ပစ်ခတ်လာ
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေတဲ့ စစ်သင်္ဘော ၉စီးက စစ်ကောင်စီတပ်သားများဟာ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကိုဆက်တိုက်ပစ်ခတ်လာနေတယ်လို့ ထီးချိုင့်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အဲ့ဒီ စစ်သင်္ဘောတွေဟာ ဩဂုတ်လ ၁ ရက်နေ့ သပိတ်ကျင်းမြို့ကနေ ဆန်တက်တာဖြစ်ပြီး မနေ့ကညနေ ၅နာရီလောက်မှာ ထီးချိုင့်မြို့နယ်ကို ရောက်ရှိခဲ့တယ်လို့ ထီးချိုင့်ကာကွယ်ရေးတပ်တွေကပြောပါတယ်။ အဲဒီနောက် ဒီကနေ့မနက် ၆နာရီ လောက်မှာတော့ ထီးချိုင့်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆက်ပြီး ဆန်တက်လာနေတာဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေဟာ သင်္ဘောဆန်တက်လာရာ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်လာတာတွေကြောင့် ထီးချိုင့်မြို့နယ် ကနေအိမ်၂လုံး ပျက်ဆီးခဲ့ရတဲ့အပြင်အရပ်သားတွေသေဆုံးတာ တွေရှိနိုင်တယ်လို့လည်း ထီးချိုင့်မြို့နယ်က…
Read More » -
Jul- 2023 -26 Julyသတင်း
စစ်ရိက္ခာသယ် စစ်သင်္ဘော ၉ စီး ဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်
မန္တလေးတိုင်းဘက်နေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းများသယ်လာတဲ့ စစ်သင်္ဘော ၇ စီးဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ နံနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာ…
Read More » -
Nov- 2022 -8 Novemberသတင်း
ရွှေကူဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့် စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်မွေးတိရိစ္ဆာန်အများအပြားသေဆုံး
ရွှေကူမြို့ သင်္ဘောဆိပ်ကမ်းတွင် ညအိပ်ခဲ့သည့် စစ်သင်္ဘော ၇ စီးပေါ်မှ လက်နက်ကြီးများ ခြောက်လန့်ပစ်ခတ်မှုကြောင့် ရေလဲကျေးရွာပြည်သူများ၏ အိမ်မွေးတိရိစ္ဆာန်အများပြားသေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၅ ရက်နေ့ ဗန်းမော်ဘက်မှ စစ်ရိက္ခာပို့ဆောင်ခဲ့ပြီး ကသာဘက်သို့ ဆုန်ဆင်းလာသည့် စစ်သင်္ဘော ၇…
Read More » -
Oct- 2022 -20 Octoberသတင်း
စစ်ရိက္ခာသယ် သင်္ဘော ၇စီးဆန်တက်လာသည့်အတွက် ရွှေကူနယ် ကျေးရွာတစ်ချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
ထီးချိုင့်နယ်မှ ဗန်းမော်ဘက်သို့ စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ် စစ်သင်္ဘော ၇ စီး ဆန်တက်လာသည့်အတွက် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးစစ်နှင့် ရေလဲ ကျေးရွာနေပြည်သူများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောသည်။ ရွှေကူဒေသခံများအနေဖြင့် စစ်ကောင်စီ စစ်သင်္ဘောများ ဆန်တက်လာချိန်တွင်…
Read More »








