သတင်း

ရွှေကူမှာ စစ်သင်္ဘောဆိုက်ခါနီး လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ ရေလဲရွာက အမျိုးသမီးတစ်ဦးကျည်ထိမှန်  

ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ ရွှေကူ သင်္ဘောဆိပ်မှာ စစ်သဘော် ၉ စီး ဆိုက်ကပ်ခါနီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်လာတဲ့အတွက် ရေလှဲရွာက အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သင်္ဘေက ခုရွှေကူရောက်သွားပြီလေး ဆိပ်ကမ်းရောက်ခါနီး ရေလှဲဘက်ကိုလက်နက်ကြီးတွေပစ်နေတာ ရေလှဲရွာကတော့ အမှုန့်ဖြစ်ပြီလားမသိဘူး။အမျိုးသမီးတစ်ယောက်ထိတယ်လို့ သိရတယ် အသေးစိတ်တော့မသိရသေးဘူး ။ ပစ်တာအချက်ပေါင်း ၄၀၊ ၅၀ ၊၁၀၀ တောင်ဖြစ်ပြီလားမသိဘူး ကျွန်တော်တို့တောင်မရည်တွက်ထားနိုင် တော့ဘူးလို့ ရွှေကူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်သူဟာ ရေလှဲကျေးရွာက အသက် ၄၀ ကျော် အရွယ်အမျိုးသမီးဖြစ်ပြီး လက်မောင်းနဲ့ကြောပျဥ်မှာ လက်နက်ကြီးအစ ရှပ်ထိသွားတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီစစ်သင်္ဘော ၉စီးဟာ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းကတည်းက ကသာနယ်ထဲကထွက်ခွာလာပြီး သြဂုတ် ၆ ညပိုင်းမှာတော့ရွှေကူနယ်ကျောက်ကြီးကျေးရွာမှာညအိပ်တပ်စွဲခဲ့ရာ ဒီနေ့မနက်ပိုင်း ရွှေကူမြို့ပေါ်ရောက်ရှိလာတာဖြစ်ပါတယ်။

ပြည်သူတွေအကုန်လုံးကတော့တိမ်းရှောင်နေရတယ်ရေလှဲ ၊မိုးစစ်၊ဆင်တပ်အဲ့ဘက်ကအကုန်လုံး တိမ်းနေရတယ်။မနေ့တုန်းကတည်းကနေရှောင်နေကြတာလို့ရွှေကူမြို့ပေါ်ကအမျိုးသမီးတစ်ဦးကပြောပါတယ်။

ကျေးရွာနေပြည်သူတွေဟာတောတောင်တွေထဲတိမ်းရှောင်နေကြလို့ အထိအခိုက်နည်းပေမယ့် ကျေးရွာတွေ ထဲက နေအိမ်၊ အိမ်မွေးတိရိစ္ဆာရန်တွေကတော့ လက်နက်ကြီးထိမှန်လို့ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ရွှေကူမြို့အထက်က လေးလမ်းဆုံနေရာမှာလည်း စစ်သားအင်အား အပြည့်တင်ထားတဲ့ စစ်ကား ၅ စီးရောက်နေပြီး စစ်ကြောင်းထိုးဖို့ပြင်ဆင်နေလို့ ဒေသခံတွေက စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်ရိက္ခာတင်သင်္ဘော ၉ စီးဟာ မန္တလေးတိုင်းထဲကနေ ဇူလိုင်လကတည်းက ဆန်တက်လာချိန် သင်္ဘောဆန်တက်ရာလမ်းတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ သင်္ဘောပေါ်ကနေ ရွာတွေဘက်ကို ရမ်းယမ်းပစ်ခတ်တာအပြင် မြေပြင်စစ်ကြောင်းတွေကလည်း ရွာတွေမှာ ဝင်ရောက်ချိန် ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတာတွေကြောင့် စစ်ကိုင်းကချင်အစပ်တစ်လျှောက်မှာရှိတဲ့ ထီးချိုင့်နယ်ထဲကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်လာလို့ပျက်စီးမှုရှိခဲ့သလို အရပ်သား ၄ ယောက်သတ်ဖြတ်ခဲ့ပြီး ကသာနယ် အင်းဒဲ့ရန့်ကျေးရွာက အရပ်သား ၅ဦး ကျောက်ထိုးကြီးကျေးရွာက အရပ်သား ၂ ဦး၊ ပလက်ရွှေရွာသားတစ်ဦးတို့ကိုသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကုန်းကြောင်းမှာအရေးနှိမ့်နေတာကြောင့် ကချင်ပြည်နယ်ထဲမှာ ရိက္ခာနဲ့လက်နက်ပစ္စည်း၊စစ်အင်အားတွေ ဖြည့်တင်ရာမှာ ရေကြောင်းကိုအသုံးပြုနေတာဖြစ်ပြီး စစ်သင်္ဘောတွေတက်လာတိုင်း ကသာ၊ထီးချိုင့်၊ရွှေကူ၊ ဗန်းမော်မြို့နယ်တွေထဲက ဧရာဝတီမြစ် နဲ့နီးတဲ့ကျေးရွာတွေဟာ မကြာခနတိမ်းရှောင်နေရပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံရမှုလည်းပုံမှန်ရှိနေပါတယ်။

Show More

Related Articles

Back to top button