သတင်း

မန္တလေးတိုင်းကနေတက်လာတဲ့ စစ်သင်္ဘော ၉ စီးမှာအချုပ်သား ၅၀ ကျော်တင်ဆောင်လာ

ကချင်ပြည်နယ်ထဲကို ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၉ စီးမှာ ကသာနယ်ထဲဝင်ရောက် နေပြီဖြစ်ပြီး သင်္ဘောထဲမှာအချုပ်သား ၅၀ ကျော်လည်း ပါဝင်လာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

အဲ့ဒီစစ်သင်္ဘော ၉ စီးဟာ စစ်သားအင်အားအများအပြားနဲ့ လက်နက်ခဲယမ်း၊စားနပ်ရိက္ခာတွေတင်ဆောင်လာတဲ့အပြင် ထီးချိုင့်အချုပ်ထဲက အချုပ်သား ၅၀ ကျော်ကိုလည်းတင်ဆောင်လာတယ်လို့ ကသာ PDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။

အရပ်သား၊အချုပ်သားပေါ့ ထီးချိုင့်မှာအချုပ်ကျနေတဲ့အချုပ်သား ၅၀ ကျော်ပါလာတယ် ။ နိုင်ငံရေးနဲ့ငြိပြီးမချုပ်ကျနေ တဲ့သူတွေလို့သိရတယ်။ကသာထောင်မှာထားမယ်တဲ့ ထီးချိုင့်ဒေသခံတွေများတယ်တဲ့ အချုပ်သားတွေကလို့ သူကပြောပါတယ်။

အဲဒီ စစ်သင်္ဘော ၉ စီးဟာ ဇူလိုင်လ ၂၆ ရက်နေ့ မန္တလေးရေတပ်စခန်းကနေ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာနေပြီး ဒီနေ့ နေ့လည်ပိုင်းလောက်မှာတော့ ကသာနယ်ထဲဝင်ရောက်နေပြီလို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်က တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

သဘော်တွေက အခုထီးချိုင့်ကျော်ပြီးတော့ ကသာနယ် ကလုံရွာ၊ သံပုရာရွာကျော်ပြီဗျ လမ်းမှာမတိုက်ခိုက်ခံရဘူးဆိုရင် ဒီနေ့ညပိုင်းကသာမြို့ကိုသဘော်ဆိုက်မှာလို့ သူကပြောပါတယ်။

အဲ့ဒီစစ်သင်္ဘော ၉ စီးဟာ မန္တလေးတိုင်းကနေ ဇူလိုင် ၂၆ ရက်နေ့ရတည်းက တက်လာတာဖြစ်ပေမယ့် ဇူလိုင်လ ၂၈ ရက်နေ့ သပိတ်ကျင်းမြို့အဝင်မှာ မဟာမိတ်ပူးပေါင်းတပ်တွေကနေ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သင်္ဘောပျက်စီးတာတွေရှိလို့ ခရီးကြန့်ကြာနေခဲ့တာဖြစ်တယ်လို့ ဒေခံတွေဆီကနေသိရပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေတက်လာတာကြောင့် ကသာနယ် ၊ထီးချိုင့်နယ်တွေမှာစစ်ကောင်စီတပ်က ရေကြောင်းလုံခြုံရေးအတွက်ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေထဲဝင်ရောက်နေတာကြောင့် ထီးချိုင့်နယ်ထဲက ကျေးရွာပေါင်း ၁၀ ကျော်စစ်ဘေးရှောင်နေရပါတယ်။

ဒါ့အပြင် ကသာနယ်မှာလည်းအဲ့ဒီသင်္ဘောလုံခြုံရေးပေးတဲ့ စစ်ကြောင်းတစ်ကြောင်းက အင်းဒရန့် ကျေးရွာသား ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကုန်းကြောင်းမှာအရေးနှိမ့်နေတာကြောင့် ကချင်ပြည်နယ်ထဲမှာ ရိက္ခာနဲ့လက်နက်ပစ္စည်း၊စစ်အင်အားတွေ ဖြည့်တင်ရာမှာ ရေကြောင်းကိုအသုံးပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်သင်္ဘောတွေတက်လာတိုင်း ကသာ၊ထီးချိုင့်၊ရွှေကူ၊ ဗန်းမော်မြို့နယ်တွေထဲက ဧရာဝတီမြစ် နဲ့နီးတဲ့ကျေးရွာတွေဟာ မကြာခနတိမ်းရှောင်နေရပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံရမှုလည်းပုံမှန်ရှိနေပါတယ်။

Show More

Related Articles

Back to top button