,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

  1. Home
  2. တိုက်ပွဲဖြစ်ပွား

Tag: တိုက်ပွဲဖြစ်ပွား

တိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ

အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကြောင်း သုံးကြောင်းအနက် စစ်အင်အား ၁၀၀ ပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် နှစ်ကြိမ် တိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ ညောင်ကုန်းကျေးရွာအနီး နှစ်ကြိမ်တိုက်ခိုက်ခံရမှုတွင် စစ်တပ်ဘက်က ထိခိုက်မှု များပြားခဲ့သည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ''ညောင်ကုန်းဘက်ကတောထဲမှာဖြစ်တာ သူတို့က တောလမ်းအတိုင်း ဆင်းလာတာ။ ဒီဘက်ကာကွယ်ရေးတပ်တွေက ဝင်ပစ်တာ မနက် ၇ နာရီမှာတစ်ကြိမ်ပစ်တယ် ၉နာရီမှာတစ်ကြိမ်ပြန်ဖြစ်တယ်။ သူတို့ဘက်က အထိအခိုက်တော့ များတယ်ဗျ စာရင်းမသိရသေးဘူး။ ခြုံခို တိုက်ခိုက်ခံလိုက်ရတာဆိုတော့ သူတို့ဘက်က ထိခိုက်တာများတယ်''ဟု

သတင်း
ထီးချိုင့် တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင် တစ်သောင်းကျော်အတွက် အကူညီများစွာ လိုအပ်နေ

ထီးချိုင့် တိုက်ပွဲကြောင့် ထွက်ပြေးနေရသော စစ်ရှောင် တစ်သောင်းကျော်အတွက် အကူညီများစွာ လိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက ဒေသခံများ၏ နေအိမ်ကို မီးရှို့ ဖျက်ဆီးနေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပြီး ထိုသူများအတွက်အစားအသောက် အဝတ်အထည်များစွာ အကူညီလိုအပ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်မှ ရွာစဥ် မီးပတ်ရှို့‌နေခြင်းဖြစ်သည်ဟု ဒေသခံများ ပြောသည်။ ထို့ကြောင့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆောင်နှင့် ဆေးဝါးအကူညီများလိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ “ရှောင်နေရတာက ရွာပေါင်း ၂၀ လောက်ရှိတယ်၊ အခုကျနော်တို့က တစ်ခြား

တိုက်ပွဲ
အင်းတော် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၂၀ ကျော်သေဆုံး

အင်းတော် ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား ၂၀ ကျော်သေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြား ဖြစ်ပွားခဲ့သည့် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်မှ သိရသည်။ စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့သည် အင်းတော်မြို့နယ် နန်းမကြိုင်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ်၊ နိုဝင်ဘာလ ၁၄ရက်နေ့ ည ၄နာရီအချိန်တွင် ကမ်းနီကျေးရွာထိပ်၌တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးခဲ့ကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ ''၁၃ရက်နေ့မှာက နန်းမကြိုင်ကနေ အင်းတော်ဘက်ကိုဆင်းလာတာ အင်အား ၁၀၀လောက် ပထမဦးဆုံးသူတို့က မိုင်းကွင်းထဲကိုဝင်ခဲ့တာဝင်ခဲ့တော့ မိုင်းဆွဲလိုက်တာ အဲ့မှာသူတို့ဟန်ပျက်သွားတော့မှ

တိုက်ပွဲ
ဖားကန့် နယ်အစပ်ရှိ ညောင်ထောက်ကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများပြား

ဖားကန့် နယ်အစပ်ရှိ ညောင်ထောက်ကုန်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများပြား

မိုးညှင်း နှင့် ဖားကန့် မြို့နယ် ၂ခုစပ်ကြားတွင်ရှိ ညောင်ထောက်ကုန်းအနီးတဝိုက်တွင် ယနေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က စ်ကောင်စီတပ်နှင့် KIA၊ PDF တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ စစ်အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် အင်းတော်ဘက်မှ ဖားကန့်ဝှေခါဘက်သို့ တက်လာခဲ့ရာတွင် KIA နှင့် PDF အဖွဲ့ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် ၃ နာရီခန့်အကြာ

သတင်း
ရွှေကူနယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၂ခု ဝင်ရောက်စီးနင်းခံရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၂ခု ဝင်ရောက်စီးနင်းခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် နန့်လင်း နှင့် နောင်လတ်ကြည် ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လူနေအိမ်များကို ဝင်ရောက်စီးနင်း နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယနေ့ အောက်တိုဘာလ ၁၁ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်မှ ရွှေကူမြို့ဘက်မှ စစ်အင်အား ၃၀၀ ကျော်ခန့်  နန့်လန်နှင့် နောင်လတ်ကြည်ရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး KIA ၊ PDF တို့ကြား

တိုက်ပွဲ
KIA ဆုတ်ခွာသွားသည့် ဝခါးစခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် ဖျက်ဆီး၊ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

KIA ဆုတ်ခွာသွားသည့် ဝခါးစခန်းကို စစ်ကောင်စီနှင့် ပြည်သူ့စစ် ဖျက်ဆီး၊ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေ

တနိုင်းလီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာဖြင့် ၆ မိုင်ခန့်အကွာတွင်ရှိသော ဝခါး (Wa Hka) KIA တပ်စခန်းအနီးတွင် လက်ရှိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောသည်။ ယနေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃စီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင်လည်း ပြည်သူ့စစ်အပါ စစ်အင်အား ၃၀၀ ဝန်းကျင်ခန့်သည် KIA ၏ ဝခါး စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “မီးခိုးတွေတောင် ဒီကလှမ်းမြင်နေရတယ်။ မနေ့ညကတည်းက ပြည်သူ့စစ်နဲ့ စစ်သားတွေက