တိုက်ပွဲ

  • Aug- 2023 -
    17 August
    သတင်း

    ရွှေကူနယ် ဇင်းဘုံမှာတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အထက် ဇင်းဘုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၉ ဦးထက်မနည်းသေဆုံးပြီး အထိနာနေတာကြောင့်ဇင်းဘုံရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ် ၁၆ရက်နေ့ မနက်ပိုင်း ရွှေကူဘက်နေ ဗန်းမော်ဘက်ကိုဆန်တက်သွားတဲ့ စစ်သဘော် ၉ စီးကိုရေကြောင်းလုံခြုံရေးပေးဖို့ အင်အား ၁၀၀ လောက်နဲ့ သြဂုတ် ၁၁ ရက်နေ့ကတည်းက ဇင်းဘုံကျေးရွာမှာဝင်ရောက်တပ်စွဲနေတဲ့စစ်ကောင်စီတပ်နဲ့ KIA ၊ PDF တို့ကြား…

    Read More »
  • 15 August
    သတင်း

    ဒေါ့ဖုန်းယန်ကျေးရွာ တိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူတွေ သွားလာရေးကန့်သတ်ခံထားရပြီး စစ်ရှောင်အကူအညီလိုအပ်နေ

    မြစ်ကြီးနား – ဗန်းမော်လမ်မကြီးတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေခဲ့တာကြောင့် ဒေါ့ဖုန်းယန်မှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျေးရွာ ၄ ခုက စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ချင်ပေမယ့် သွားလာရေးကန့်သတ်ခံရထားရတယ်လို့သိရပါတယ်။ ဒေါ့ဖုန်းယန်အထက်မှာရှိတဲ့ ဒင်ဂါ၊ နောင်ဝမ့်၊ ခလားနဲ့ တိန်ဂျန် စတဲ့ ကျေးရွာနေ စစ်ရှောင်ပြည်သူများက နေရပ်စွန့်ခွာထားတဲ့…

    Read More »
  • 8 August
    သတင်း

    ယင်းမာပင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ စစ်တပ်ဘက်က ၅ ဦးသေဆုံ

    စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်ကတော့ ၂ ဦးကျဆုံးခဲ့တယ်လို့ အာဠာဝကဒေသကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့မနက်ပိုင်းမှာ အကျိုးကုန်းလို့ခေါ်တဲ့ရွှေတောင်ဦးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပြင်နယ် ပတိန်ပြင်ရွာအနားမှာရှိတဲ့ ပတိန်ပြင်သစ်ကွင်းက သစ်တွေကို လာသယ်ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာဖြစ်တယ်လို့ အာဠာဝကတပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ပြောပါတယ်။ “နေ့လည် ၁နာရီ လောက်မှာဖြစ်တာ ကျနော်တို့ထမင်းစားစားပြီးချင်း…

    Read More »
  • 8 August
    သတင်း

    ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စအရ ၉၀၉နဲ့ ခမရ ၇၀၄တပ်က အင်အား ၈၀ကျော်နဲ့ ကာကွယ်ရေးတပ်တို့ ကျေးနင်း နဲ့…

    Read More »
  • Jul- 2023 -
    25 July
    သတင်း

    မူဆယ်မြို့ပေါ်  နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်

    ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊…

    Read More »
  • 22 July
    သတင်း

    ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲထပ်မံဖြစ်လာမှာကို စိုးရိမ်တဲ့ ဒေသခံများ ကြိုတင်တိမ်းရှောင်နေဆဲ

    တနိုင်းလီဒိုလမ်း ဝါရာဇွပ်တိုက်နယ် ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကြား တိုက်ပွဲထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်းနေတဲ့အတွက် ကျေးရွာနေပြည်သူများတစ်ချို့က ကျေးရွာအတွင်းကနေ ကြိုတင် ရွှေ့ပြောင်းတိမ်းရှောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာ ၂ ပတ်လောက်ကြာမြင့်သွားပြီ ဖြစ်ပေမယ့် KIA နဲ့…

    Read More »
  • 13 July
    သတင်းphoto- ယင်းမာပင်နယ်မှ စစ်ဘေးရှောင်များ

    ယင်းမာပင်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ဦးကျဆုံးပြီး ဒေသခံအဘွားအို တစ်ဦးမီးထဲပါသွား

    စစ်ကိုင်တိုင်း ယင်းမာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး အဘွားအိုတစ်ဦး မီးထဲပါသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြားမနေ့ကဇူလိုင်လ၁၂ရက်နေ့ နေ့လည်ပိုင်းကစပြီး ယင်းမာပင်မြို့နယ် ရွာထောင်ရွာနဲ့ မြေကြက်ဆူကျေးရွာ အနီးတစ်ဝှိုက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီက မြေပြင်မှာစစ်ကြောင်းထိုးတာ လွန်ခဲ့တဲ့၅ရက် လောက်တည်း ကဦးတည်လှုပ်ရှားနေတာ မနေ့ကကျတော့ လေယာဥ် ပစ်ကူတောင်းပြီးတော့…

    Read More »
  • 11 July
    သတင်းဓာတ်ပုံ-အရာတော်အခြေစိုက် Danger Force LPDF တပ်ဖွဲ့ဝင်များ

    အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ

    စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ ဇူလိုင် ၁၀ရက်နေ့ မနေ့ကမနက်ပိုင်း၄နာရီလောက်မှာ မြင်းမူကနေအင်အား၁၀၀ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နယ်ထဲကကျေးရွာတွေကိုဝင်ရောက်တပ်စွဲခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ Danger Force LPDFမှတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “မြင်းမူနဲ့အရာတော်နဲ့အစပ်မှာဖြစ်နေတာ မနေ့ကမနက်ခင်းအစောကြီးရောက်တာ မနေ့ကတော့ထိတွေ့ မူ၄ကြိမ်ဖြစ်တယ်။ သူတို့ကရွာ ၃ရွာမှာဖြန့်ပြီးအထိုင်ချထားတာတိုက်ပွဲကဒီနေ့လည်းဖြစ်နေတာ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်အခြေနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး”လို့ပြောပါတယ်။…

    Read More »
  • 6 July
    သတင်းယမန်နေ့ ဇူလိုင်၅ရက်နေ့က မီးရှို့ခံနေရသည့် ဝယာကျေးရွာ

    ချောင်းဦးမြို့နယ်က ပျူစခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ

    စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်က ပျူစောထီးအထိုင်စခန်းလေးခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက်သေဆုံးမှု များနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။ ဇူလိုင်လ ၅ရက်နေ့ မနက်၄နာရီဝန်းကျင်လောက်မှာ ကံကြီးကုန်း၊ကင်မွန်းတော်၊တောပု၊ကံဇီး စတဲ့ကျေးရွာတွေမှာရှိတဲ့ ပျူစောထီးစခန်းတွေကို ကာကွယ်ရေးတပ်တွေ စုပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောပါတယ်။ “ပျူရွာတွေအားလုံးကို တပြိုင်နက်တိုက်ခိုက်တာပါ ရဲဘော် ၅ဦးကျဆုံးတာပေါ့ ဒါကတော့အတည်ပြုနိုင်ပါတယ်။ ရန်သူ့ဘက်အကျအဆုံးစာရင်းရယ် သိမ်းဆည်းရမိတဲ့…

    Read More »
  • 3 July
    တိုက်ပွဲ

    ဆဒုံး- ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ

    ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ်လက်အောက်ခံပြည်သူ့စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ဝန်းကျင်ရှိလာပြီလို့ KIA နဲ့နီးစပ်သူတွေက ပြောပါတယ်။ ဇွန်လ ၂၆ရက်နေ့ကနေ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တို့ဟာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ဆဒုံးဗျူဟာကုန်းကနေ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအထိ လုပ်ဆောင်နေတယ်လို့ KIO ဗဟိုဌာနချုပ်…

    Read More »
Back to top button