နမ့်ဖတ်ကာ

  • Jan- 2024 -
    29 January
    တိုက်ပွဲ

    နမ့်ဖတ်ကာ ဒေသခံများအနေနဲ့ ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာဖို့  KIA ပြောဆို

    ရှမ်းမြောက် နမ်ဖတ်ကာမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ခွင့်ပြုချက်ရမှသာ ဒေသခံစစ်ရှောင်ပြည်သူတွေ နေအိမ်ပြန်လာကြဖို့ KIA ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။ KIA  တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ နမ့်ဖတ်ကာမှာ စစ်တပ်ဘက်ကတိုက်ပွဲမဖြစ်ခင်ကတည်းက တပ်စခန်းပတ်ပတ်လည်နဲ့နေရာတော်တော်များများမှာ မိုင်းထောင်ထားတာတွေရှိတာကြောင့် KIA ဘက်က ရွာသားတွေကို အဝင်အထွက်ခွင့်မပြုသေးတာဖြစ်တယ်လို့ သိရပါတယ်။ “ဘေးပတ်ဝန်းကျင် မိုင်းထောင်ထားတာတွေ အများကြီးရှိသေးတယ်။ KIA ဘက်က အဲ့ဒါတွေကို ရှင်းလင်းရေးပြုလုပ်ရအုံးမယ်လို့ပြောတယ်။ ပြီးတော့ ရွာသားတွေကိုလည်း လုံး၀အဝင်အထွက်ခွင့်မပြုသေးကြောင်းပြောတယ်။ ဒါကြောင့် ရွာသားတွေလည်း KIA ဘက်က ဝင်လာတော့ ဝင်လာလို့ရပြီဆိုမှ ဝင်လာကြရအောင်လို့ ပြောချင်တယ်။ အိမ်တွေ အများကြီး ပျက်စီးသွားတော့ KIA ဘက်က အဲ့လိုအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ဆောင်အုံးမယ်ပေါ့။ သူတို့ ခွင့်ပြုမှ ဝင်လာကြဖို့ ရွာသားတွေကို အကြောင်းကြားထားခိုင်းတာဖြစ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကမှ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လနီပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၂၄) ရက်နေ့မနက်မှာတော့ အပြီးစီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။  နမ်ဖတ်ကာ ခ.လ.ရ (၁၂၃) စစ်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့ပေမဲ့ တပ်ရင်းမှူးနဲ့ကျန်ရှိတဲ့တပ်သားတစ်ချို့တပ်ဆုတ်ခွာထွက်ပြေးသွားတာကြောင့် အပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲဟာ KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်သလို ရှမ်းမြောက် ကွတ်ခိုင်အထက်ဘက်အချက်အချာကြတဲ့ နေရာတစ်ခုကို KIA ဘက်က ရရှိလိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “ဒီရှမ်းမြောက်အထက်ဘက် မြို့အဆင့်ရှိ ရွာကြီးကို KIA ဘက်က ပထမဆုံးသိမ်းပိုက်ခြင်းတယ်။ ဒီနေရာဟာ အားလုံးအတွက် အရမ်းအရေးကြီးတဲ့နေရာတစ်ခုဖြစ်တာကြောင့် KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်တယ်။ တရုတ်နယ်စပ် မူဆယ် – ၁၀၅ မိုင် – နမ့်ခမ်း အားလုံးက နမ့်ဖတ်ကာမှာ လာဆုံတယ်။ ဆိုတော့ တရုတ်နယ်စပ်က ဖြတ်လာသမျှအားလုံး နမ့်ဖတ်ကာမှာ လာဆုံတာဖြစ်တာကြောင့် အဝင်–အထွက် အားလုံးအတွက် အလွန်အရေးပါတဲ့နေရာကို KIA သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ မြင်ပါတယ်”ဟုနမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သလို  KIA ဘက်ကလည်း ထိခိုက် သေဆုံးမှုများတယ်လို့ ဒေသခံတွေပြောပါတယ်။  ဒါ့အပြင် နမ်ဖတ်ကာတိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူတွေ ထိခိုက်မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုစုစုပေါင်း ၃၀ ခန့်ရှိတယ်လို့ သိရတယ်။  အခုချိန် နမ်ဖတ်ကာ ဒေသခံပြည်သူတွေက တောတောင်တွေထဲ၊ နီးစပ်ရာကျေးရွာတွေမှာ ဆက်လက်ရှောင်တိမ်းနေရဆဲဖြစ်ပြီး နမ်ဖတ်ကာတိုက်ပွဲပြီးစီးပြီ ဖြစ်ပေမယ့် စိတ်ချရတဲ့အခြေအနေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နမ့်ဖတ်ကာဒေသကို ထိန်းချူပ်ဖို့အတွက် ဒေသခံပြည်သူတွေနဲ့ KIA ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားပြီး အုပ်ချူပ်ရေးယန္တရားလည်ပတ်သွားဖို့ စီစဉ်နေဆဲဖြစ်သလို KIA ခွင့်ပြုမှသာ ဒေသခံပြည်သူတွေလည်း နေရပ်ပြန်လို့ရမဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 24 January
    တိုက်ပွဲ

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကို အပြီးသိမ်းပိုက်လိုက်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

    ရှမ်းမြောက် နမ့်ဖတ်ကာမှာရှိတဲ့ စစ်တပ်ရဲ့ ခလရ ၁၂၃ အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှုးကြီး အင်ဖန်နော်ဘူက အတည်ပြုပါတယ်။ အဲဒီတပ်စခန်းကို KIA ဘက်က ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကနေ…

    Read More »
  • 18 January
    သတင်း

    နမ့်ဖတ်ကာတိုက်ပွဲအတွင်း အရပ်သား  ၃၀ ဦးဝန်းကျင်ထိခိုက်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတိုက်ပွဲမှာ အရပ်သား ၃၀ ဦးဝန်းကျင်ထိခိုက်၊ သေဆုံးပြီး နေအိမ် ၁၀၀ ထက်မနည်း ထိခိုက်ပျက်စီး၊ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေတာ ရက်ပေါင်း…

    Read More »
  • 15 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်

    ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီမနက် ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ နမ့်ဖတ်ကာ တပ်ရင်းစခန်းထဲကို KIA က ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ ဆက်လက်ပစ်ခတ်နေတဲ့အတွက် နယ်မြေရှင်းလင်းဖို့ လိုအပ်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “သတင်းကတော့ မှန်ပါတယ်။ ဒီမနက် ၅ နာရီလောက်ကနေ အပြင်းအထန်ပြန်တိုက်ပြီး ဒီမနက် ၉နာရီ ၂၄ မိနစ်မှာ သိမ်းပိုက်နိုင်ပြီ။ အပြီးစီးတော့ မဟုတ်သေးဘူးပေါ့။ စစ်တပ်စခန်းထဲ ဝင်ရောက်စီးနင်းနိုင်ပြီ သိမ်းနေဆဲအခြေအနေပေါ့ ဒါပေမဲ့အခြေအနေက မပြီးစီးသေးဘူး”လို့ KIA တပ်မဟာ ၄ ၊ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကြီးကို KIA အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့“သိမ်းပိုက်ရရှိပြီလို့ သတင်းတော့ ကျနော်တို့ဆီမှာ မရောက်လာသေးဘူး။ ပြီးခဲ့တဲ့ ရက်ကတည်းက နမ့်ဖတ်ကာမှာ တိုက်ပွဲတော်တော်ပြင်းထန်နေဆဲအခြေအနေတော့ ဟုတ်တယ်။” လို့ ပြောပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ ၄ ၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၀ ပူးပေါင်းတပ်ဖွဲ့တွေက ရက်ပေါင်း ၂၀ ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ အပြင်းအထန်လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ  ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိပါတယ်။ လေယာဉ်ဗုံးကျဲမှုကြောင့် နမ့်ဖတ်ကာကျေးရွာထဲက…

    Read More »
  • Dec- 2023 -
    20 December
    သတင်း

    ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀…

    Read More »
  • 12 December
    သတင်း

    နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့  အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာဒေသခံတွေဟာ နီးစပ်ရာအသိဆွေမျိုးများအပြင် တောတွေမှာ စတင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး…

    Read More »
  • 8 December
    သတင်း

    KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ…

    Read More »
  • 8 December
    သတင်း

    နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက် မနေ့တစ်ညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်းထိဆိုရင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ “၆ ရက်နေ့ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေအများကြီးပျက်စီးသွားတယ်။ လူက ၂ ဦးထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီးထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက်ပစ်နေတုန်းပဲ။” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်း ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူကဆက်ပြောပါတယ်။ ခုလိုလေယာဉ်ဗုံးကျဲတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်း အဲ့ဒီည ၁၁ နာရီခန့်မှာဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ ထပ်မံရမ်း သမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်မှာကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ “တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကိုခေါ်သွားတယ်။ ၆ နာရီလောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာကိုလုံး ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားပြီ။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိနမ့်ခမ်းမြို့ဘက် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်စခန်ကုန်ကနေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော်ကာလအတွင်း နမ့်ဖတ်ကာစစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ By…

    Read More »
  • 6 December
    သတင်း

    နမ့်ဖတ်ကာကျေးရွာက ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်ရှောင်ခိုင်းနေ

    ရှမ်းမြောက်ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်က တိမ်းရှောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာထဲက ရီးယန်(Riyang ) ၊ဇီးဒဘန်(Zi dabang)၊ ဘန်ဂျရော့ပ်(Bang Jarawp)၊ မ နောယန်(ManauYang) စတဲ့ရက်ကွက် ၄ ခု ကို နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး တိမ်းရှောင်ခိုင်းတာကြောင့် လက်ရှိ နမ့်ဖတ်ကာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “အဓိက လက်နက်ကြီးအမြဲကျတဲ့ ရပ်ကွက်တွေပေါ့။ စစ်တပ်နဲ့ နီးတဲ့ရပ်ကွက် ၄ ခုရှောင်ခိုင်းတာဟုတ်တယ်။ အဓိက အဲ့ဒီရွာတွေဘက်က လက်နက်ကိုင်တော်လှန်ရေးတပ်မဖွဲ့တွေ လာလာပစ်လို့တဲ့ ရွာသားတွေ ထိခိုက်မှာစိုးလို့ဆိုပြီး ရှောင်ခိုင်းတာဟုတ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ရီးယန်ရပ်ကွက်က ပြည်သူတွေက ခိုမုန်း၊ ဇွပ်ရာ နဲ့ လုံစော်ယန်စတဲ့ကျေးရွာတွေရှိ မိမိအသိမိတ်ဆွေတွေဆီခိုလှုံတိမ်းရှောင်သွားကြပြီး ဇီးဒဘန်ရပ်ကွက်သားတွေကတော့ လုံဂျာယန်ကျေးရွာတွေဆီ ခိုလှုံတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ဘန်ဂျရောပ်ရပ်ကွက်နေ ပြည်သူတွေက နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား နမ့်မွေအနီးတဝိုက်တိမ်းရှောင်နေကြပြီး ခလရ ၁၂၃ တပ်စခန်းနဲ့ကပ်ရပ် မနောယန်ရပ်ကွက်နေပြည်သူတွေကတော့ ဟိုဖျက်ကျေးရွာသို့ အမြောက်အများ တိမ်းရှောင်ခိုလှုံနေကြကြောင်း သိရပါတယ်။ လက်ရှိ နမ့်ဖက်ကာကျေးရွာထဲက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နီးစပ်ရွာကျေးရွာတွေနဲ့ ဆွေမျိုးအိမ်တွေဆီ၊ တောင်ယာအခင်းတွေဆီ တိမ်းရှောင်နေကြရတဲ့အပြင် တိမ်းရှောင်ဖို့ခက်ခဲတဲ့ပြည်သူတစ်ချို့လည်း ရှိနေတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပါတယ်။ “သူတို့ရှောင်လို့မပြောတဲ့ ရပ်ကွက်တွေထဲက ရွာသားတွေလည်း အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဟို..လယ်တောတွေထဲ ပို့ထားတယ်။ တောထဲအခင်းတွေထဲ တိမ်းရှောင်နေတယ်။ အားလုံးက ကိုယ့်သိကျွမ်းရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တိမ်းရှောင်ကြရတာပေါ့။ ရွာထဲရှိနေသေးတဲ့အမြောက်အများလည်း ကတုန်းကျင်းနဲ့သတိနဲ့ နေနေတယ်။” လို့ နမ့်ဖတ်ကာ…

    Read More »
  • Nov- 2023 -
    30 November
    သတင်း

    နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနေအိမ်ထဲက တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်တွေထဲ ဝင်ရောက်မွေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများနဲ့ ရွှေ၊ငွေတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ခမ်းနဲ့ မူဆယ်တစ်ဝိုက် တိုက်ပွဲပြင်းထန်နေတဲ့အပြင် နမ့်ဖတ်ကာဘက်မှာလည်း စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားပြီး နေ့တိုင်းဆိုသလိုကျေးရွာတစ်ဝိုက် လုံခြုံရေးယူရင်း ပြည်သူနေအိမ်တွေဆီ…

    Read More »
Back to top button