ဖမ်းဆီးမှု

  • Aug- 2023 -
    22 August
    သတင်း

    ကားမိုင်းကျေးရွာဒေသခံ ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား

    ဖားကန့်မြို့နယ် ကားမိုင်းမြို့က ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်အထိ ဝင်ရောက်ဖမ်းဆီးသွားပြီး…

    Read More »
  • 21 August
    သတင်း

    ဖမ်းဆီးထားတဲ့ဆိုင်ကယ်တွေ တစ်စီးကို ငွေကျပ် ၁ သိန်းနဲ့ရွေးခွင့်ပြုနေ

    စစ်ကိုင်း– ကချင်အစပ်ဖြစ်တဲ့ ကသာမြို့ထဲမှာ စစ်တပ်က အခုရက်ပိုင်း ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို တစ်စီးမှာ  ငွေကျပ် ၁ သိန်းနဲ့ ရွေးခွင့်ပြုနေတယ်လို့ ကသာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၇ ရက်နေ့  မြို့ပြင်ဂိတ်ပစ်ခတ်ခံရပြီးနောက် ကသာမြို့တွင်း နေရာလမ်းတောင့်တစ်ချို့မှာ …

    Read More »
  • 21 August
    သတင်း

    စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရတဲ့ ဒွမ်ဘုံးရွာသား ၅ ဦးပြန်လွတ်လာ

    ကချင်ပြည်နယ် နမ္မတီးဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ လူသားအဖြစ် ဖမ်းဆီးသွားတဲ့ ဒွမ်ဘုံးကျေးရွာ (Dumbung)က ဒေသခံပြည်သူ ၅ ဦး မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီဒွမ်ဘုံဒေသခံ ၅ ဦးဟာ ဩဂုတ်လ ၁၉ ရက်နေ့က နမ္မတီးဘက်ကနေ ဖားကန့်လမ်းဘက် စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒွမ်ဘုံးကျေးရွာအရောက်မှာတော့ လယ်ယာလုပ်ငန်းနဲ့ ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသား ၅…

    Read More »
  • 15 August
    သတင်း

    အင်းတော်မြို့တွင်း စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး ၂ ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးဟာ ကသာဘက်ကို မွေးနေ့ပွဲသွားပြီးအပြန်  အင်းတော်အထွက်သံလမ်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အသက် ၂၀ ကျော်အရွယ်ကောင်မလေးတွေပဲဟုတ်တယ်သူတို့က ကသာကို မွေးနေ့ပွဲသွားတာကသာကနေအပြန်အင်းတော်မြို့ထဲက ပညာရေးမှူးရုံးရှေ့မှာဖမ်းခံလိုက်ရတာ”လို့ သူကပြောပါတယ်။…

    Read More »
  • 14 August
    သတင်း

    ကဇူးရွာက စစ်ရှောင်တွေအတွက် ဆန်အိတ်သယ်လာတဲ့ အမျိုးသားဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်လာခြင်းမရှိသေး

    ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက နေရပ်ပြန်စစ်ရှောင်တွေအတွက် ဆန်အိတ်သွားသယ်ရင်း စစ်တပ်ဖမ်းဆီးလိုက်တဲ့ ကဇူးရွာက စစ်ရှောင်အမျိုးသား ဒီကနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသားဟာ နေရပ်ပြန်စစ်ရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အတွက် အလှူရှင်တွေက လှူဒါန်းထားတဲ့ ဆန်အိတ် ၃၀ ကို ဝိုင်းမော်မြို့ကနေ ကဇူးရွာဘက်ကို သုံးဘီးနဲ့ သယ်ယူလာချိန် ဩဂုတ်လ ၁၁…

    Read More »
  • 12 August
    သတင်း

    အင်းတော်မှာ ၂ ရက်အတွင်း ၃ ဦးဖမ်းဆီးခံရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီက မြို့တွင်းမြို့ပြင်အစစ်အဆေးတင်းကြပ်နေပြီး ၂ ရက်အတွင်းမှာ အရပ်သား ၃ ဦးအထိဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲနှင့်စစ်သားတွေပူးပေါင်းပြီးအင်းတော်မြို့နယ်ပညာရေးမှူးရုံးရှေ့တစ်​နေရာနှင့် အင်းတော်မြို့အထွက် သံလမ်းအနီး တစ်နေရာစုစုပေါင်း ၂နေရာမှာ လွန်ခဲ့တဲ့ ၄ရက်လောက်ကတည်းက အရပ်သားတွေရဲ့ ကား၊ဆိုင်ကယ်အသွားအလာတွေကို စစ်ဆေးနေတာဖြစ်ပြီး…

    Read More »
  • Jul- 2023 -
    27 July
    သတင်း

    စစ်တပ်က ဖမ်းဆီးခံသွားရတဲ့ တီးမားရွာသား ၂ ဦး အဆက်သွယ်ပြတ်တောက်နေ

    ရှမ်းမြောက် မူဆယ် တီမားရွာနဲ့ နမ့်အွမ်ရွာကြား လမ်းခုလတ်တစ်နေရာမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ တီမားရွာသား ၂ ဦး ဒီကနေ့ထိ ပြန်လည်လွှတ်မြောက်လာတာမရှိသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ တီမားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီလူငယ် ၂ ဦးဟာ ဇူလိုင်လ ၂၅ ရက်နေ့ တီမားရွာကနေ နမ့်အွန်ရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်ကပစ္စည်းတွေကို ကားနဲ့သွားသယ်ယူပြီး တီးမားရွာကိုပြန်လာချိန် နမ်အွန်ရွာနားမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်TNLAနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ်အွန်းရွာကိုပြန်ခေါက်သွားရာမှ လမ်းခုလတ်တစ်နေရာယူကလစ်တောနားမှာ စစ်တပ် ဖမ်းဆီးလိုက်တာပါ။ “သူတို့  ၂ယောက် ပစ္စည်းတွေသယ်ပြီး နမ်အွန်ကနေပြန်လာတဲ့ချိန် လမ်းမှာတိုက်ပွဲဖြစ်နေလို့ နမ်အွန်ဘက်ပြန်ခေါက်သွားတာ တအောင့်လောက်ကြာတော့ တိုက်ပွဲငြိမ်သွားပြီဆိုပြီး ပြန်လာတဲ့ချိန်စစ်သားတွေ လမ်းမှာတားပြီးစစ်ဆေးရာကနေ ဒီကနေ့ထိအဆက်သွယ်မရတော့ဘူး”လို့ နမ့်အွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ လူငယ် ၂ ဦးအား စစ်တပ်ကဖမ်းဆီးတားဆီးစစ်ဆေးနေတာကို ရွာသားတွေ တွေ့ရှိခဲ့ပြီး ပြန်လွှတ်လာမယ်လို့ ယူဆခဲ့ကြပေမယ့် ဒီကနေ့ထိ ဆက်သွယ်မရဖြစ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါကြောင့် မနေ့ကလည်း နမ်အွန်ကျေးရွာကအုပ်ချုပ်ရေးမှူးအပါအဝင် ရပ်မိရပ်ဖတာဝန်ရှိသူတွေဟာ နမ့်အွန်တစ်လျှောက်စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းမှူးကို မေးမြန်းပေမယ့်  လူငယ် ၂ဦးကို မတွေ့ရှိခဲ့ကြောင်းသာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၂ဦးဟာ အသက်၂၅နှစ်အရွယ် ကိုတူးဂျာနဲ့ အသက်၂၇နှစ်အရွယ် ကိုဘရန်အောင်တို့ ဖြစ်ပြီး လူငယ် ၂ဦးနဲ့အတူ အသင်းတော်က SURE ကိုလည်း မတွေ့ရှိရသေးတဲ့အပြင် လူငယ် ၂ ဦးလုံးရဲ့ လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်လို့မရဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောကြားချက်အရ ဖမ်းဆီးခံသွားရတဲ့ လူငယ်နှစ်ဦးဟာ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းသူတွေဖြစ်ပြီး ရွာအတွင်းမှာ ရပ်ရေးရွာရေးတက်တက်ကြွကြွ ပါဝင်လှုပ်ရှားသူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့နှစ်ယောက် ယောက်ဖတော်သူတွေဟုတ်တယ် လိမ္မာရေးခြားရှိတဲ့ ကလေးတွေပါ လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကင်းရှင်းတယ်။အဲကြောင့် ဒီလူငယ် ၂ဦးနဲ့ပတ်သက်ပြီး အသင်းတော်က တာဝန်ရှိသူတွေ ဆက်ပြီးစုံစမ်းသွားမှာပါ” လို့ နမ့်အွန်ဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၅ ရက်နေ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ နမ့်အွန်ရွာက ဦးအိုက်လောရဲ့ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်က သိမ်းယူသွားပြီး TNLA ဝတ်စုံဝတ်ဆင်ပေးကာ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ TNLA တပ်သား ပစ်သတ်ခံရတဲ့အသွင်ဖန်တီးပြီး ပုံရိုက်တင်တာတွေရှိနေတယ်လို့ သိရပါတယ်။

    Read More »
  • 3 July
    ဖမ်းဆီးခံရမှုဖားကန့်မြို့တွင်းတစ်နေရာ

    ဖမ်းဆီးခံသွားရတဲ့ ဖားကန့်မော်ဝှမ်းရပ်ကွက်က မီးသတ်အရာရရှိပြန်မလွတ်လာသေး

    ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်က မီးသတ်အရာရှိတစ်ယောက်ကို အမည် မသိလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကဖမ်းဆီးသွားပြီး ဒီနေ့အထိပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်မှာနေတဲ့ ကိုတင်ထွန်းနိုင် အသက် ၃၀ ကျော်ကို အမည်မသိလက်နက်ကိုင်ထားတဲ့လူ ၄ဦး အိမ်စီးကားအဖြူတစ်စီးနဲ့ရောက်လာပြီး ဇူလိုင်လ ၁ ရက်နေ့က ညနေ ၄နာရီဝန်းကျင်မှာ နေအိမ်ကနေလာဖမ်းသွာတာလို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပါသွားတာဟုတ်တယ် အိမ်ထဲကနေကိုဝင်ခေါ်သွားတယ်တဲ့ ဘယ်အဖွဲ့က ဖမ်းခေါ်သွားတာလည်း တော့သိကျမသိရသေးဘူး သူက မီးသတ်အရာရှိ တစ်ပွင့်ဗိုလ်တဲ့”လို့ ပြောပါတယ်။ ဖမ်းဆီးခံသွားရတဲ့ မီးသတ်အရာရရှိဟာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ “ဖမ်းခံလိုက်ရတာဟုတ်တယ် သူက ဒလံစာရင်းပေါက်ထားတဲ့သူဗျ စောင့်ကြည့်နေတာကြာပြီဗျသူ့ကို သပိတ်အဖွဲ့တွေဖမ်းခံတာ ဒါတွေကသူ့ကြောင့်လည်းပါတယ်ဗျ”လို့ ပြောပါတယ်။ ဒေသခံ တွေပြောဆိုချက်အရ ကိုတင်ထွန်းနိုင်ဟာ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ဒလံသတင်းပေးလို့ဆိုပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တရားဝင်ဖြေဆိုထားတာ မရှိသေးပါဘူး။ ဖားကန့် မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရဲနှင့် ပျူစောထီးလို့ သတင်းထွက်နေတဲ့ အရပ်သားတွေဖမ်းဆီးခံရမှုမကြာခနရှိနေသလို KIA၊ PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်ကအရပ်သားတွေကိုလည်း ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဖားကန့်မြို့နယ်မှာပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီးအရာရှိဦးပြည့်ငြိမ်းဆိုသူကို အမည်မသိလက် နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်သွားပြီး ယခုဖမ်းဆီးခံရမှုဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်မှာမီးသတ်အရာရှိဖမ်းဆီးခံရမှု ဒုတိယအကြိမ် ဖြစ်ပါတယ်။

    Read More »
  • Jun- 2023 -
    29 June
    သတင်း

    အင်းတော်နယ်မှာ စစ်ကြောင်းထိုးလာတဲ့အတွက် အရပ်သားပြည်သူများ ထောင်ချီထွက်ပြေးနေရပြီး ဖမ်းဆီးခံရတဲ့သူတွေလည်းရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာတစ်ချို့က အရပ်သားပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ သူတွေများလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်အား ၁၈၀ နီးပါးလောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ဇွန်လ ၂၈ ရက်နေ့ ညပိုင်းက မိုးညှင်းဘက်ကနေ အင်းတော်အရှေ့မြောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာနေတာဖြစ်တယ်လို့…

    Read More »
  • 28 June
    သတင်း

    မိုးညှင်းမြို့အထွက် လမ်းဆုံနေရာများတွင် လိုင်စင်မဲ့ကားများဖမ်းဆီးပြီး ငွေကြေးတောင်းခံ

    ကချင်ပြည်နယ် မိုးညှင်းမြို့အထွက် လမ်းဆုံနေရာတွင် စစ်ကောင်စီတပ်ဖွဲ့က လိုင်စင်မဲ့ ကားများကို စစ်ဆေးဖမ်းဆီးနေပြီး ငွေကြေးတောင်းခံမှုများရှိနေကြောင်း သိရသည်။ ဇွန်လ ၂၇ ရက်နေ့မှစကာ မိုးညှင်းမြို့အထွက် မိုးညှင်း – နန်းမားလမ်းဆုံး၊ BOC စက်သုံးဆီအရောင်းဆိုင် ရှေ့နေရာများတွင် လိုင်စင်မဲ့ကားများ…

    Read More »
Back to top button