တိုက်ပွဲသတင်း

အင်းတော်မြို့တွင်း စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး  ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးဟာ ကသာဘက်ကို မွေးနေ့ပွဲသွားပြီးအပြန်  အင်းတော်အထွက်သံလမ်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

အသက် ၂၀ ကျော်အရွယ်ကောင်မလေးတွေပဲဟုတ်တယ်သူတို့က ကသာကို မွေးနေ့ပွဲသွားတာကသာကနေအပြန်အင်းတော်မြို့ထဲက ပညာရေးမှူးရုံးရှေ့မှာဖမ်းခံလိုက်ရတာလို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ  အရင်က အင်းတော်မြို့အဝင်ထွက်မှာသာ စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်ကနေစပြီး မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့်အင်းတော်မြို့အထွက်သံလမ်းနားမှာ ထပ်ပြီးစစ်ဆေးနေတာဖြစ်ပြီးလမ်းသွားလမ်းလာပြည်သူတွေရဲ့ လက်ကိုင်ဖုန်းအပြင်၊ ကား၊ဆိုင်ကယ်တွေကိုလည်း စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီအမျိုးသမီးငယ်၂ ဦးဟာ အင်းတော်မြို့ထဲကဖြစ်ပြီး လက်ကိုင်ဖုန်းထဲမှာ နိုင်ငံရေးနဲ့ မလွတ်ကင်းတဲ့အချက်အလက်တွေ စစ်ဆေး တွေ့ရှိ တာကြောင့်ဖမ်းမိသွားတာလို့ ဒေသခံတွေကဆိုပါတယ်။

နိုင်ငံရေးနဲ့မလွတ်ကင်းတဲ့အချက်လက်တွေကို ပါတယ် ပြီးတော့ နိုင်ငံရေးပို့စ်တွေ လူမှုကွန်ယက်မှာပြန်လည်မျှဝေတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဖမ်းတာ ဟုတ်တယ်လို့ပြောပါတယ်။

စစ်ကောင်စီက အခုလိုစစ်ဆေးဖမ်းဆီးမှုတွေကို မနက် ၆ နာရီကနေ ည ၆နာရီအထိ ပြုလုပ်နေတာဖြစ်ပြီး ညဘက်မှာလည်း မြို့တွင်းမြို့တွင်းကားတွေနဲ့လည့်လှည်ပြီး စစ်ရေးလှုပ်ရှားတာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အင်းတော်မြို့နယ်ပညာရေးမှူးရုံးရှေ့စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၉ ရက်နေ့ကလည်း အမျိုးသားတစ်ဦး ၊သြဂုတ် ၁၁ ရက်နေ့က အမျိုးသား တစ်ဦးနဲ့အမျိုးသမီးတစ်ဦး ၊သြဂုတ်လ ၁၂ ရက်နေ့က အမျိုးသားတစ်ဦးတို့ဖမ်းတို့ဖမ်းဆီးခံရပြီး မနေ့က ဖမ်းခံရတဲ့အမျိုးသမီး ၂ဦးဟာ ၆ယောက်မြောက်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့အရပ်သားအားလုံးကို လက်ရှိ အင်းတော်မြို့နယ်ရဲအချုပ်ခန်းထဲမှာ ဖမ်းဆီးဖားပြီး မိသားစုဝင်တွေ နဲ့ဆက်သွယ်ခွင့်မပေးသေးဘူးလို့သိရပါတယ်။

Show More

Related Articles

Back to top button