ဖမ်းဆီးမှု

  • Sep- 2023 -
    18 September
    သတင်း

    ဗန်းမော်မှာ လူငယ် ၁၀ ယောက်ကျော် ဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က လူသာဒိုင်းအသုံးပြုဖို့ရန်အတွက် လမ်းမပေါ်မှာ သွားလာတဲ့ လူငယ်အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက် ဒီနေ့ ညပိုင်းလောက်ကနေ ဗန်းမော်မြို့အဝင်ပေါက် ဂေါက်ကွင်းလမ်းတောင့်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လမ်းသွားလာတဲ့…

    Read More »
  • 15 September
    သတင်း

    ချောင်းဦးမှာ သိုးကျောင်းနေတဲ့အရပ်သားတစ်ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကံကြီးကုန်းရွာအရှေ့ဘက်တောထဲမှာ သိုးကျောင်းနေတဲ့ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်သားနဲ့ပျူစောထီးပူပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်း ၂နာရီလောက်မှာ ကံကြီးကုန်းပျူရွာက အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတပ်ဖွဲ့တွေက သူတို့တပ်စွဲထားတဲ့ရွာရဲ့အရှေ့ဘက် တောထဲသိုးကျာင်းနေတဲ့ အရပ်သားကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာလို့…

    Read More »
  • 15 September
    သတင်း

    ကသာနယ်မှာ  အရပ်သား  ၉ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့ အရပ်သား ၄၀ ကျော်ထဲက ၈ ဦးသတ်ဖြတ်ခံရတဲ့အပြင် နောက်ထပ် အင်းရွာနားမှာလည်း တစ်ဦးသတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ ကသာနယ် ငအိုးတပ်ထဲကနေ ကျောက်ထုံးကြီးရွာ ၊အင်းဒရန့်ရွာနှင့်ပျဥ်းလေးပင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ ငအိုး ၁၂၁…

    Read More »
  • 12 September
    သတင်း

    မိုးကောင်း ဇင်ယော်ဆီဆိုင်ပိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရပြီးတဲ့နောက် အချုပ်ထဲမှာသေဆုံး

    ကချင်ပြည်နယ် မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယား ဖမ်းဆီးခံသွားပြီးတဲ့နောက် အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာရွှေ အချုပ်ထဲမှာသေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ညမှာ ဇင်ယော်စက်သုံးဆီဆိုင်ကို စစ်ကောင်စီတပ်ကPDFတွေကိုထောက်ပံ့တယ်လို့ဆိုပြီး စက်သုံးဆီဆိုင်ကိုလည်းဖြိုချခဲ့သလို ဆိုင်ဖြိုချခံရပြီးရက်ပိုင်းမှာပဲ ပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်ခင်မာရွှေ နဲ့…

    Read More »
  • Aug- 2023 -
    31 August
    သတင်း

    မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု ၂၀ကျော်ရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးတော့ ဒီကနေ့ ဩဂုတ်လ၃၁ရက်နေ့အထိဆိုရင် ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ကျော်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့နယ်အတွင်းက ဈေးဆိုင်၊ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေကို ကာကွယ် ရေးတပ်တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးတော့ မနေ့က…

    Read More »
  • 28 August
    သတင်း

    ၅ ရက်ကြာပိတ်ခံထားတဲ့ ဖားကန့်လမ်းဖွင့်ပေးပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်တာမရှိသေး

    စစ်ရေးတင်းမာခဲ့တဲ့ ကားမိုင်း- ဖားကန့်လမ်းကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့အကြား  ၅ ရက်အကြာ သွားလာခွင့်ပိတ်ဆို့ထားရာကနေ ဒီမနက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖားကန့်သွားလမ်းမကြီးကို ဩဂုတ်လ၂၂ ရက်နေ့ ကားမိုင်းကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာနားမှာ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ နေ့ကတည်းကပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်…

    Read More »
  • 27 August
    သတင်း

    စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသား မိုးကောင်းဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံး

    မိုးကောင်းမြို့နယ် နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက် ( Pyaw Len lawk)က ဖမ်းဆီးခံသွားရတဲ့ ဝဘော်တန်ဂွန်းမိသားစု ၃ ယောက်ထဲက ဖခင်ဖြစ်တဲ့ ဝဘော်တန်ဂွန်းစစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ “မိန်းမနဲ့ကလေးရှေ့မှာတင် စစ်ဆေးမေးမြန်းတာတဲ့ အဲမှာလက်လွန်သွားလို့ သေသွားပြီဆိုပြီးတော့ ဒီနေ့…

    Read More »
  • 26 August
    သတင်း

    မိုးကောင်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ဒေသခံ ၅ ယောက်ထပ်ဖမ်းခံရ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ဒေသခံ ၅ယောက်ကို စစ်ကောင်စီတပ်က ထပ်ပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖမ်းဆီးခံသွားရသူတွေဟာ မိုးကောင်းမြို့နယ် ကားဂိတ်အနီးကကချင်ရိုးရာစားသောက်ဆိုင်က ကလေးငယ်နဲ့ ဒေသခံ ၄ ယောက်အပါအဝင် ဆိုင်ကိုလာတဲ့…

    Read More »
  • 26 August
    သတင်း

    မိုးကောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ အရပ်သား ၁၇ ဦးထိရှိလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းလာကြိုတဲ့စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေရာကနေ ဒီကနေ့ မနက်ပိုင်းအထိ အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံလိုက်ရပြီလို့ မိုးကောင်း‌ ဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းအထက်တန်းကျောင်းမှာ…

    Read More »
  • 25 August
    သတင်း

    နန့်ယားဒေသခံအပါအဝင် ခရီးသည်နဲ့ကားသမား ၃၀ ကျော်ကို စစ်တပ်ကလူသားဒိုင်း အနေနဲ့ဖမ်းဆီးသွား

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မနေ့ည နန့်ယားရွာက ဒေသခံတွေအပါအဝင် ရွာမှာတည်းခိုနေတဲ့ ခရီးသည်၊ကားသမား စုစုပေါင်း ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွားတယ်လို့ နန့်ယားဒေသခံတွေဆီကနေ သိရပါတယ်။ “မနေ့ည ၈ နာရီလောက်ကနေ ၁၁ လောက်အထိရွာထဲမှာ လိုက်ဖမ်းနေတာ။…

    Read More »
Back to top button