သတင်း

မိုးကောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ အရပ်သား ၁၇ ဦးထိရှိလာ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းလာကြိုတဲ့စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေရာကနေ ဒီကနေ့ မနက်ပိုင်းအထိ အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံလိုက်ရပြီလို့ မိုးကောင်း‌ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းအထက်တန်းကျောင်းမှာ ညကျောင်းဆင်းချိန် ကျောင်းလာကြိုတဲ့ကားကို မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ဦးသေဆုံးပြီး အထိနာသွားတဲ့အတွက် စစ်ကောင်စီဟာသြဂုတ် ၁၉ ရက်နေ့ ညပိုင်းကနေ ဒီမနက်ပိုင်းအထိ မြို့တွင်းဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးစုစုပေါင်း ၁၇ ဦးအထိ ဖမ်းဆီးခံလိုက်ရပြီလို့ မိုးကောင်းPDF တာဝန်ရှိသူတစ်ဦးက KNGကိုအခုလိုပြောပါတယ်။

ဟုတ်တယ်ဗျ ဒီနေ့မနက် ၅နာရီခွဲမှာ မြရည်နန္ဒာရုပ်ရှင်ရုံနားက အမျိုးသမီး ၄ ယောက် ထပ်ဖမ်းခံလိုက်ရတယ်။ သူတို့အားလုံးက အသက် ၂၀ ကျော်အရွယ်လေးတွေပဲဗျ။ အတူတူနေတာတော့မဟုတ်ဘူး သူ့မိသားစုကိုယ့်မိသားစုနဲ့နေနေတာဝင်ဖမ်းခံရတာလို့ သူကပြောပါတယ်။

အလားတူ မနေ့က သြဂုတ် ၂၅ရက်နေ့ မနက် ၅နာရီခွဲ အချိန်မှာလည်း မိုးကောင်းမြို့ ကျွန်းတော ရပ်ကွက် ကျွန်းတောတံတားထိပ်က အကင်နှင့် ကချင်ရိုးရာအစားအစာတွေရောင်းတဲ့ဆိုင်တန်းကိုစစ်ကောင်စီဝင်ဖမ်းရာ အသက် ၁၂ အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ဦးအပါ မနေ့က စုစုပေါင်း ၅ဦးဖမ်းခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့ကမနက်လည်း ကျွန်းတောတံတားထိပ်က ဆိုင်တွေဝင်ဖမ်းတယ် မနက် ၆နာရီ မထိုးခင်းပေါ့ အဲ့မှာ ၄ယောက်ပါသွားတယ် အဲ့ ဆိုင်တွေကိုဝင်မဖမ်းခင် သူတို့ မှာ ဘယ်ကဖမ်းလာတဲ့ဟာလည်းမသိဘူး အမျိုးသား ၁ယောက် ဖမ်းလာတယ်စုစုပေါင်း မနေ့က ၅ယောက်လို့အထက်မှာဖော်ပြခဲ့တဲ့ မိုးကောင်း PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

မနေ့ကမနက် ဖမ်းခံရတဲ့ အထဲမှာ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးနဲ့ အသက် ၂၀ ကျော်နဲ့ ၃၀ ဝန်းကျင်အမျိုးသမီးတွေပါဝင်တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ကျောင်းကြိုတဲ့ကားတိုက်ခိုက်ခံရတဲ့ ညပိုင်းကတည်းကနေ အခုလိုဖမ်းဆီးမှုတွေပြုလုပ်လာတာဖြစ်ပြီးသြဂုတ် ၁၉ ရက်နေ့ကည ၂ဦး၊ သြဂုတ် ၂၀ ရက်နေ့ မနက်ပိုင်း က ၂ ဦး၊ သြဂုတ် ၂၁ ရက်နေ့ညက ၄ဦးနှင့် မနေ့က ၅ဦး၊ ဒီနေ့ ၄ ဦး စုစုပေါင်း ၁၇ ဦးအထိရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီဟာ အခုလိုလိုက်လံဖမ်းဆီးရာမှာ သြဂုတ် ၁၉ ရက်နေ့က ကျောင်းကြိုတဲ့ကားတိုက်ခိုက်ခံရမှုဖြစ်စဥ်နဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်လို့ယူဆသူတွေနဲ့ NLD ပါတီဝင်တွေရဲ့ကလေးတွေကိုဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

အခုဖမ်းခံနေရတဲ့လူတွေက သာမာန်အရပ်သားတွေပဲဗျကျနော့်အထင် သူတို့ကျောင်းကြိုတဲ့ကား တိုက်ခိုက်ခံရတဲဖြစ်စဥ်တဲ့ဆက်နွယ်တယ်ဆိုပြီးလျှောက်ဖမ်းနေတာ တချို့ကလေးတွေဆိုဘာမှ မသိနားမလည်တဲ့ကလေးတွေ ၂၀ ရက်နေ့မနက်ဖမ်းခံရတဲ့ဟာဆို သူ့အမေက NLD ပါတီဝင်ကလေးတွေက အသက် ၂၀ ကျော်ဝရိန်ဆိုင်မှာလုပ်နေတဲ့ကလေးတွေလိုက်ဖမ်းနေတာလို့ ဒေသခံတစ်ဦးကအခုလိုပြောပါတယ်။

ဖမ်းဆီးထားတဲ့ အရပ်သားတွေကို မိုးကောင်းမြို့မှာရှိတဲ့ ဧည့်တပ်မှာ ဖမ်းထားပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်မပေးဘူးလို့ သိရပါတယ်။

မိုးကောင်းမှာစစ်ကောင်စီက ခုရက်ပိုင်းအဖမ်းအဆီးတွေများနေသလို မြို့တွင်းရှောင်သခင်စစ်ဆေးတာ၊ ညဘက်လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်းပစ်ခတ် တာတွေကိုလည်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button