ဖားကန့်

  • Apr- 2024 -
    10 April
    သတင်း

    ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်စတင်တိုက်ခိုက်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF မဟာမိတ်ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းကနေစပြီး စတိုက်ခိုက်နေပြီလို့ KIA နဲ့နီးစပ်တဲ့ဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တို့အထိုင်ချထားတဲ့တပ်စခန်းကုန်းက စစ်သားတွေကိုလက်နက်ချအညံ့ခံဖို့ KIA ပူးပေါင်းတပ်တွေသတိပေးထားပေမယ့် လက်နက်ချအညံ့မခံတာမရှိတဲ့အတွက် ဒီနေ့ ၁၁ နာရီတိတိမှာစပြီး တိုက်ခိုက်နေပြီလို့ ဆယ်ဇင်းကျေးရွာအမှတ်  ၂ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဒီဘက် (KIA၊PDF)ဘက်က လက်နက်တွေချထားပြီးထွက်လာကြဖို့ပြော အဲ့တာမထွက်ဘူးလို့ပြောတာတဲ့ မထွက်လို့အခုတိုက်နေကြပြီ ခုနလေးတင်ပဲ ဗုံးသံတွေကောကြားနေရတယ် ခုထိပစ်နေကြတုန်း”လို့ ဖားကန့်KPDF နဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်းကုန်းထဲမှာ လက်ရှိစစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်ရှိတယ်လို့သိရပြီး ထိခိုက်သေဆုံးမှုမရှိချင်တာကြောင့် လက်နက်ချဖို့ KIA ပူးပေါင်းတပ်တွေမနေ့ကတည်းကပြောဆိုထားတာဖြစ်တယ်လို့  ဖားကန့်KPDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။ လက်ရှိထိုးစစ်ဆင်တိုက်နေတဲ့ဆယ်ဇင်းစစ်တပ်ကုန်းနဲ့ ဆယ်ဇင်းရဲစခန်းကို KIA ပူးပေါင်တပ်တွေ ဧပြီလ ၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်ကနေနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းက ရဲတပ်သား ၂၁ ဦးဟာ မနေ့ကလက်နက်ချအညံံ့ခံလိုက်တာကြောင့် ရဲစခန်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ “ရဲစခန်းကတော့မနေ့ကတည်းကပဲလက်နက်ချ အညံ့ခံဖို့ပြောတော့ ၂၀ ကျော် KIA ဘက်ကို လက်နက်ချသွားတယ်။ စစ်တပ်စခန်းကကျန်နေတာ ခုမနက်အစောပိုင်းထိကောဘာသံမှမကြားဘူး အခြေနေစောင့်နေတာနေမှာ ခုနမှစတိုက်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိူးသမီးတစ်ဦးကပြောပါတယ်။ ခုလိုဆယ်ဇင်းကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲတွေရှိနေတာကြောင့် စစ်တပ်ကုန်းနဲ့ရဲစခန်းနဲ့နီးတဲ့ ချမ်းသာကုန်းရပ်ကွက်၊ အမှတ် ၁ ရပ်ကွက် ၊အမှတ် ၂ ရပ်ကွက်စတဲ့ရပ်ကွက်နေပြည်သူတွေဟာ မနေ့ကအစောပိုင်းကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။ ဆယ်ဇင်းစစ်တပ်ကုန်းနဲ့အလားတူ နန့်ယားစစ်တပ်ကုန်းကိုလည်း မနေ့ကတစ်ရက်တည်းမှာပဲ KIA ၊KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KIAက တပ်ဆုတ်ဖို့သတိပေးထားပေမယ့်တပ်မဆုတ်သေးတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲလို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။ လက်ရှိတိုက်ခိုက်ခံနေတဲ့ဆယ်ဇင်းစစ်တပ်ကုန်းကို KIAက ၂၀၂၂ ခုနှစ်သြဂုတ်လ တုန်းကလည်းတစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်အထိနာခဲ့တာကြောင့် ဆယ်ဇင်းရွာထဲက အိမ်ခြေ ၁၀၀ ဂဏန်းခန့်ကိုစစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • 8 April
    သတင်း

    ဖားကန့်မှာ ရေတွင်းတူးရင်းမြေစာပြိုလို့ အမျိုးသားတစ်ယောက်သေဆုံး

    ဖားကန့်မြို့နယ် မှော်စီဇာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေး ရေတွင်းတူးရင်းမြေစာပြိုကျလို့ အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Myanmar Rescue Organization-Hpakant ဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်ဝန်းကျင် လုံးခင်းကိုသွားတဲ့အဓိကလမ်းမကြီးပေါ်မှာရှိတဲ့ မှော်စီစာရွာကျောက်စိမ်းလုပ်ကွက်ဟောင်းဘေးမှာ မော်စီဇာကျေးရွာအတွက်ရေဘုံဘိုင်တွင်းတူးရာကနေသေဆုံးခဲ့ရတာလို့ သွားရောက်ကူညီခဲ့တဲ့ MRO-Hpakant အဖွဲ့မှတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “မနေ့ကဖြစ်စဥ်မှာ ကျနော်တို့သိသိချင်းသွားတယ် အဲ့မှာ တစ်ယောက်ကတော့ပေါင်လောက်ထိမြေစာပိ တာ အပေါ်ပိုင်းကလွတ်သွားတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာ တစ်ယောက်ကတော့ ၈ပေနဲ့၁၀ပေကြား မှာ ပိသွားတာမလို့ သူကတော့အသက်ဆုံးသွားတယ်” လို့ပြောပါတယ်။ သေဆုံးသူဟာ အသက် ၂၉နှစ်အရွယ် ကိုရှိုင်းထက်နှိုင်ဆိုသူဖြစ်ပြီး ရေတွင်းတူးတဲ့အလုပ်သမားတွေဖြစ်ပြီး ခက်ခက်ခဲခဲကူညီဆောင်ရွက်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုရေတွင်းတူးရင်းမြေစာပြိုကျပြီးသေဆုံးတာဟာ ဖားကန့်မှာပထမဆုံးအကြိမ်ဖြစ်ပြီး ကျောက်စိမ်းလုပ်ကွက်ဟောင်းအနီးမှာ ရေတွင်းတူးတာဖြစ်တဲ့အတွက် ပိုပြီးသတိထားလုပ်ဆောင်သင့်တယ်လို့ MRO-Hpakant အဖွဲ့မှတာဝန်ရှိသူတစ်ယောက်က အကြံပြုပါတယ်။ “ ဒီလိုမျိုးမြေစာပုံနဲ့နီးတဲ့ရွာတွေမှာ နွံကန်တွေနားမှာရေတွင်းတူးတာ၊ ရေကန်တူးတာတွေကမလုပ် သင့်ဘူး လို့ တော့မှတ်ချက်ပေးချင်တယ် ဒီကိစ္စတွေကအန္တာရယ်များတယ် သာမန်မြေနေရာမှတူးတာမဟုတ်ဘူးလေ စိတ်မချရဘူးလေ”လို့ပြောပါတယ်။ ဖားကန့်ဒေသဟာ ကျောက်စိမ်းလုပ်ကွက်ဟောင်း၊လုပ်ကွက်သစ် စသဖြင့်များစွာရှိတဲ့ဒေသဖြစ်သလိုစည်းမဲ့ကမ်းမဲ့ကျောက်စိမ်းတူးဖော်တာတွေကြောင့် မြေစာပြိုကျတာ၊ နွံကန်ပေါက်တာတွေ မကြာခဏဖြစ်လေ့ရှိပြီး ထိခိုက်သေဆုံးမှုတွေဟာ နှစ်တိုင်းကြုံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ပထမအပတ်ကလည်း လုံးခင်းကျေးရွာအုပ်စု မှော်စီစာရွာအပိုင် သာယာကုန်းကျောက်ကမ်းပါးမြေစာပြိုကျလို့ပိမိရာကနေ ရေမဆေးကျောက်ရှာဖွေသတစ်ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ By – အမိုး

    Read More »
  • 3 April
    သတင်း

    ဖားကန့်မှာ KTV ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းတပ် စောင့်ကြိုတိုက်ခိုက်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မရှီကထောင်ကျေးရွာမှာရှိတဲ့ Happy  KTV ကနေ ထွက်လာတဲ့စစ်ကောင်စီစစ်သားတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တွက် စစ်တပ်ဘက်ထိခိုက်သေဆုံးသူတွေရှိသွားတယ်လို့  KPDF တာဝန်ရှိသူက ပြောပါတယ်။ ဧပြီလ ၃ ရက်နေ့ ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာ မရှီကထောင်နဲ့ ယူမာကျေးရွာကြားထဲရှိ မရှီကထောင်ကျေးရွာထဲက Happy KTV ထဲမှာပျော်ပါးစားသောက်ပြီး ထွက်လာတဲ့စစ်ကောင်စီစစ်သားတွေ  လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KPDF တာဝန်ခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့က KTV ထဲမှာပျော်ပါးနေတာ အဲ့တာကိုဒီဘက်က စောင့်ပြီးမှထွက်လာတဲ့ချိန်တိုက်ခိုက်တာ သူတို့စီးလာတဲ့ကား သုံး စီးတော့ပျက်စီးသွားတယ် လူထိခိုက်မှုအတိအကျတော့မသိရဘူး မိုးလည်းလင်းလာတော့ပြည်သူတွေထိခိုက်မှာဆိုးလို့ဒီဘက်ကပြောက်ကျားပေါ့ ပစ်ပြီးပြန်ဆုတ်လာခဲ့တာ”လို့ ပြောပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြာချိန် မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က မရှီကထောင်ကားလမ်း မပေါ်ထွက်ပြီးစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “အခုတော့ပုံမှန်ဖြစ်သွားပါပြီ မနက်ကတော့နေ့လည်ပိုင်းလောက်အထိ မရှီကထောင်ကလမ်းမပေါ်မှာအဖွဲ့လိုက်ထွက်လာပြီး လမ်းသွား လမ်းလာတွေကိုစစ်တာဆေးတွေတော့လုပ်သွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။  မရှိကထောင် ရပ်ကွက်ထဲက Happy KTV  မှာ ၂၀၂၃ ခုနှစ် ဧပြီ ၂၃ ရက်နေ့ မနက် ၄ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်ခံရမှုကြောင့် တပ်မ (၃၃) လက်အောက်ခံ၊ တပ်ရင်း (၁၃) က ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။ ဖားကန့်မြို့နယ်မှာ ယခုနှစ်ဆန်းပိုင်းကတည်း က KIA၊KPDF ပူးပေါင်းတပ်တွေကနေ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တာမခံစစ်တပ်ကုန်း၊ဝှေခါစစ်တပ်ကုန်းတွေအပါ စစ်ကောင်စီ တပ်စခန်းပေါင်း ၆ခုထက်မနည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 1 April
    သတင်း

    ဖားကန့်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်

    ကချင်ပြည်နယ် ဖားကန့်မြို့ နယ် မော်မောင်းလယန်ကျေးရွာထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိူးသမီးတစ်ဦးသေဆုံးပြီး  နောက်ထပ် ၇ ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၃၁ ရက်နေ့ မနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အေးမြသာယာအုပ်စု မော်မောင်းလယန်ကျေးရွာထဲက နတ်ကြီးစင်ကုန်းမှာ နတ်ကနားပွဲကျင်းပနေချိန်…

    Read More »
  • Mar- 2024 -
    28 March
    သတင်း

    နေရပ်ပြန်တာမခံပြည်သူများ ကောလဟာလသတင်းကြောင့် ထပ်ပြီးတိမ်းရှောင်သူတွေရှိနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ KIA၊ ကချင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF မဟာမိတ်ပူးပေါင်းတွေထိန်းချုပ်ထားတဲ့ တာမခံကျေးရွာထဲ နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်ပြည်သူအချို့ ကောလဟာလသတင်းတွေကြောင့် ထပ်မံတိမ်းရှောင်သွားကြတာတွေရှိနေကြတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်သွားကြတဲ့ တာမခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာမှနေရပ်ပြန်ဝင်လာခဲ့ကြပေမယ့် ကောလဟာလသတင်းတွေကြောင့် လွန်ခဲ့တဲ့ ၂ ရက်က စလို့ ထပ်မံစစ်ရှောင်သွားကြသူတွေရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “တချို့တွေလည်းသွားကြလာကြတာပါ့ တိမ်းရှောင်နေကြတာပါ့တချို့တွေလည်း တချို့လည်းပြန်ဝင်သွားကြပြီးတချို့လည်း ဘာသံကြားလည်းမသိဘူး မနေ့တုန်းက ၂၆ ရက်နေ့တုန်းကဆိုရင်တော့ သွားလာနေကြတာ အထုပ်အပိုးတွေနဲ့ ဘယ်သွားဘယ်လာကြလဲမသိတတ်တော့ဘူး”လို့ပြောပါတယ်။ တပ်မတော်နေ့မှာ တာမခံဘက်ကိုလေယာဥ်နဲ့ဗုံးလာကျဲမယ်ဆိုတဲ့သတင်းတွေနဲ့ တပ်မတော်နေ့ပြီးရင် တာမခံကိုစစ်ကောင်စီတပ်က ထိုးစစ်ပြန်လာမယ်ဆိုတဲ့ နှုတ်သတင်းတွေ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ပြည်သူတွေကြားပျံ့နှံ့နေခဲ့တာပါ။ ဒီ ကောလဟာလတွေကြောင့်ပဲ ပြည်သူအချို့တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး မတိမ်းရှောင်တဲ့ လူတွေလည်းပစ္စည်းရွေ့ပြောင်းတာမျိုးတွေလုပ်ဆောင်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “တချို့တွေလည်းပစ္စည်းတွေရွေ့ထားကြတာလည်းအဲ့လိုမျိုး လူကတော့ရှိတယ်အိမ်မှာတော့ အဲ့ဒီပစ္စည်းတွေပဲ နီးစပ်ရာဟိုဘက်ကမ်း တွေကိုရွေ့ထားကြတာ မထွက်တဲ့လူကများမယ်ထင်တယ် ပစ္စည်းရွေ့တဲ့လူများတယ် လူကတော့ အဲ့လောက်ကြီးမထွက်ဘူး”လို့ပြောပါတယ်။ တာမခန်ကျေးရွာမှာ လက်ရှိအရပ်ဘက်အုပ်ချုပ်ရေးစနစ်နဲ့စတင်လည်ပတ်နေပြီဖြစ် ပေမယ့် တာမခန် အိမ်ခြေ ၈၀၀ ကျော်ထဲက လက်ရှိ ထက်ဝက်လောက်သာနေရပ်ပြန်ဝင်ကြပြီး ထက်ဝက်လောက်က နေအိမ်တွေပျက်စီး သွားတာကြောင့်နေရပ်ပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ KIA၊KPDF တပ်တွေ တာမခံကိုထိုးစစ်ဆင်တိုက်ခိုက်လာစဥ် အထိနာခဲ့တာကြောင့် ကျေးရွာထဲကလူနေအိမ်တွေကိုမီးရှို့ဖျက်စီးတာ၊ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် အိမ်ခြေ ၅၀၀ ဝန်းကျင်ပျက်စီးခဲ့ပါတယ်။  ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်နဲ့ကချင်ပြည်နယ်နေရာအနှံ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေပြီး ဖားကန့်မြို့နယ်ထဲက တာမခံစခန်း၊နန့်တိန်းတပ်းစခန်း၊ဝှေခါတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဖားကန့်မြို့ကို ၇၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။ By – Zaw Zaw

    Read More »
  • 28 March
    သတင်းဆောင်းပါး

    စစ်ကောင်စီ ကင်းစင်နယ်မြေ

    ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် KIO ဌာနချုပ်နယ်မြေဟာ အရင်က မရရှိခဲ့ဖူးတဲ့ စစ်ကောင်စီ စကခ ကင်းစင်နယ်မြေ ဖြစ်သွားသလို လက်ရှိမှာတော့ သေနတ်သံတွေဟာ…

    Read More »
  • 15 March
    သတင်း

    တာမခံစစ်ရှောင်တွေကို နေရပ်ပြန်ဝင်ခွင့်ပြုတော့မယ်လိုဆို

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တာမခံစစ်ဘေးရှောင်ပြည်သူတွေ မတ်လ ၁၇ ရက်နေ့မှာ နေရပ်ပြန်ဝင်ခွင့်ရမှာဖြစ်ပေမယ့် စစ်ရှောင်အားလုံး‌ နေထိုင်ခွင့်တော့ပြုအုံးမှာမဟုတ်ဘူးလို့ သိရပါတယ်။ တာမခံကျေးရွာသိမ်းတိုက်ပွဲကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းကနေ ရွှေတောင်ကျော်၊ကွမ်းဟဲစတဲ့ကျေးရွာတွေဘက်ကို စစ်ဘေးရှောင်သွားကြတဲ့ တာမခံစစ်ရှောင်ပြည်သူတွေကို မတ်လ ၁၇ ရက်နေ့ကစပြီး တစ်အိမ် ၂ ယောက်နှုန်း…

    Read More »
  • 14 March
    သတင်း

    ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်

    ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀…

    Read More »
  • 12 March
    သတင်း

    မနမှော်နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရ ၄ ဦးတွေ့ရှိ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ထဲကနွံကန်တစ်ခုပေါက်ကျမှု ဖြစ်စဥ်မှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရရှိထားသူ ၄ ဦးသာတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့အနီး မနမှော်မှာရှိထဲက ပေ ၅၀၀ ဝန်းကျင်လောက် ကျယ်တဲ့ နွမ်ကန်တစ်ခု ဒီကနေ့မနက်  ၄နာရီအချိန်မှာပေါက်ကျခဲ့တာဖြစ်ပြီး အဲ့ဒီနွံကန်ပေါက်ကျမှုကြောင့် နွမ်ကန်ရဲ့အောက်မှာ…

    Read More »
  • 11 March
    သတင်း

    တာမခံကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိတိတိုက်ခိုက်ခံရ

    “တိုက်ပွဲ ဖြစ်တော့မနေ့ကလက်နက်ကြီးတွေအတော်ထုတယ် ဆိုင်းအောင်ရွာထဲက ဘုန်းကြီးကျောင်းမှာတစ်လုံးကျတယ်အဲ့မှာအလှူလုပ်ဖို့ထမင်းချက်နေတဲ့လူတွေရှိတဲ့ မီးဖိုချောင်ထဲကျတာတစ်ယောက်ကပွဲချင်းပြီး ၂ယောက်က ဒဏ်ရာရတယ် တစ်ယောက်ပါးစပ်ပြဲသွားတယ်”လို့ အထက်ဖော်ပြပါအရပ်သားတစ်ဦးကပြောပါတယ်။

    Read More »
Back to top button