သတင်း

ဖားကန့်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် မော်မောင်းလယန်ကျေးရွာထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိူးသမီးတစ်ဦးသေဆုံးပြီး  နောက်ထပ် ၇ ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ မနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အေးမြသာယာအုပ်စု မော်မောင်းလယန်ကျေးရွာထဲက နတ်ကြီးစင်ကုန်းမှာ နတ်ကနားပွဲကျင်းပနေချိန် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ အသက် ၃၈ နှစ်အရွယ်ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကအများကြီးကျတာမဟုတ်ဘူး တစ်လုံးပဲကျတာဗျ အဲ့မှာ မော်မောင်းလယန်ကျေးရွာနတ်စင်ကုန်းမှာ နတ်ကနားပွဲလုပ်နေတဲ့ချိန်ကျတာကျပြီးမှထိတဲ့လူကောအမျိုးသမီး တစ်ယောက်ကတော့ပွဲချင်းပြီးပဲလို့ ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးဟာ ဒေါ်ခင်ကြည် အသက် ၅၇ နှစ်ဆိုသူဖြစ်ပြီး နောက်ထပ် ကလေးငယ် ၂ ဦး၊ အသက် ၃၀ ကျော်အမျိုးသမီး ၁ ဦးနဲ့ အမျိူးသား ၄ ဦးစုစုပေါင်း ၇ ဦးက ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အဲ့မှာကလေးတွေ မောင်နှမ ၂ ယောက်ပါတယ် ဒဏ်ရာရတဲ့ထဲမှာ သူတို့အားလုံးကို မနေ့က လူမှုကူညီရေးအသင်းကား တွေနဲ့ ဖားကန့်ကိုပို့ထားလိုက်တာ ဘယ်ကနေဘယ်လို့ပေါက်ကွဲလဲဆိုတာဘယ်သူမှမသိလိုက်ဘူး အုန်းကနဲဆိုပြီးပေါက်ကွဲမှ သိရတာ အဲ့ကျမှလဲတဲ့သူကလဲဖြစ်နေပြီလို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီလက်နက်ကြီးဟာ မည်သည့်အဖွဲ့စည်းက ပစ်ခတ်လိုက်လဲဆိုတာကိုမသိရတဲ့အပြင်  မော်မောင်းလယန်ကျေးနဲ့ အနီးဝန်းကျင်နေရာတွေမှာလည်း တိုက်ပွဲဖြစ်ပွားတာလည်းမရှိခဲ့ဘူးလို့ဒေသခံတွေကဆိုပါတယ်။

ဒေသခံတွေပြောပြချက်အရ မော်မောင်းလယန်ကျေးရွာအနီးဝန်းကျင်မှာ ပြိီးခဲ့တဲ့ မတ်လ လကုန်ပိုင်းကတည်းက အင်အား ၄၀ ကျော်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာဖြစ်ပြီး မော်မောင်းလယန်အနီးမှာတပ်စွဲဖို့လည်း ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

ဖားကန့်ဒေသမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျောင်း ထိခိုက်သေဆုံးခဲ့သူ KNG ကစုစည်းထားတဲ့အချက်လက်အရ ဒီကနေ့အထိ ၅၀ ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်ကစပြီး ဖားကန့်မြို့နယ်မှာရှိတဲ့ နန့်တိန်းစခန်း၊ဝှေခါတပ်စခန်း၊တာမခံတပ်စခန်းအပြင် ရှေ့တန်းစခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button