ဖားကန့်

  • Jan- 2024 -
    8 January
    သတင်း

    ဖားကန့် ဝှေခါမှာ စစ်တပ်ကလေယာဥ်နဲ့ဗုံးကျဲ၊ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီထွက်ပြေးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းလေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်ခတ်နေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ ဝှေခါရဲစခန်းနဲ့စစ်တပ်စခန်း ၂ခုကို KIA၊ KPDF တပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဝှေခါဘက်ကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းကတည်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့သလို ဒီကနေ့ဇန်နဝါရီလ ၈ရက်နေ့ မနက် ၁၁ နာရီမှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုအတည်ပြုပြောဆိုပါတယ်။ “ဖားကန့်လက်ရှိအခြေအနေက လက်ရှိကျန်နေတဲ့ကုန်းကိုကာတဲ့သဘော နဲ့လေယာဥ်နဲ့လာပစ်သွားတယ်ဗျ။ လာတာက…

    Read More »
  • 6 January
    သတင်း

    ဖားကန့် နမ့်တိန်နဲ့ ဝှေခါမှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက် စခန်းမှူးအရှင်ဖမ်းမိ

    ဖားကန့်မြို့နယ်မှာရှိတဲ့ နမ့်တိန်တပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီ တပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဝှေခါစခန်းမှူးတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ KPDF တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဇန်နဝါရီလ ၆ ရက် ဒီကနေ့…

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း

    ကချင်ပြည်နယ် ဖားကန်​မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။ ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပုံမှန်စစ်ဆေးနေကြနေရာတွေမှာအခုအစစ်အဆေးမရှိတာကြာပြီဗျ။သူတို့တွေငြိမ်နေတာကြာပြီ…

    Read More »
  • 26 December
    သတင်း

    ဖားကန့်မှာ စစ်တပ်ကဖမ်းထားတဲ့ ပြည်သူ ၂ ဦး ရဟတ်ယာဉ် နဲ့ နေရာပြောင်းရွှေ့

    ဖားကန့်မှာ စစ်‌ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ  ၂၆ ရက် ဒီကနေ့ ညနေပိုင်းမှာ စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ “ကိုသိန်းနဲ့ ဦးမြင့်လွင်တို့ပေါ့၊သူတို့နှစ်ဦးကို မိုးညှင်းထောင်ကို…

    Read More »
  • 26 December
    သတင်း

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနားက တံတားတစ်စင်းမိုင်းခွဲခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအထွက်က ဘေလီတံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ဘေလီတံတား(ဒေသအခေါ် ဘေလီတံတားသစ်) ကိုမနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၁၂နာရီအချိန်မှ အမည်မသိလူတစ်စုက မိုင်းထောင် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုင်းတောင်ကျေးရွာအမှတ် ၃ ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ််။ “ညကအုန်းခနဲ့ တစ်ချက်တော့ကြားလိုက်တယ် မနက်ကြမှတံတားခွဲခံရတယ်ဆိုတာ သိလိုက်တာအရမ်းကြီးတော်မပျက်စီးသွားဘူး။ လူတွေသွားလာ နေကြတယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဖောက်ခွဲခံလိုက်ရတဲ့တံတားဟာ ဆိုင်းတောင်ကနေဖားကန့်ဘက်ကိုသွားတဲ့ လမ်းပေါ်မှာရှိပြီး ကျောက်သွေးတောင်နဲ့ဆိုင်းတောင်ကြားမှာရှိတာဖြစ်ပါတယ်။ “ဘာကြောင့်ခွဲတာလည်းတော့မသိတတ်ဘူး ညက ခရစ္စမတ်ညဆိုတော့ လူသွားလူလာတော့များတယ်လေး လူတွေထူထပ်နေတော့ ခြောက်တဲ့သဘောနဲ့ခွဲတာလား မပြောတတ်ဘူး”လို့ နောက်ထပ်ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားရဲ့ကြမ်းခင်းအနည်းငယ်အက်ကွဲတာ၊ တံတားဘေးဘောင်ပွန်းပဲ့ တာတွေရှိပြီး အသွားအလာတော့ပုံမှန်အတိုင်းရှိနေတယ်လို့သိရပါတယ်။ အဲ့ဒီတံတားဟာ ဒီနှစ်အစောပိုင်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်ပြီး ဖားကန့်–ဆိုင်းတောင်လမ်းပိုင်းအတွက်အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 22 December
    သတင်း

    မြေစာစွန့်ပစ်မှုကြောင့် နွံကန် ရေများလျှံကျနေ

    ဖားကန့်မြို့ဆိပ်မူကျေးရွာအုပ်စု ၊ မမုံကျေးရွာမှာမြေစာစွန့်ပစ်ရာက‌နေ နွံကန်အောက်ခြေမှာရှိတဲ့ ရေနဲ့နွံများလျှံကျနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။ “မနေ့ညကစပြီး ရေတွေရွာထဲဝင်လာခဲ့တာပေါ့၊နွံတွေလည်း လျှံတက်လာခဲ့တယ်”လို့ မမုံကျေးရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိ မမုံကျေးရွာလမ်းမကြီးတစ်လျှောက် ရေလျှံတာ‌တွေ ဖြစ်ပေါ်နေပြီး၊ ကချင်နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းဝင်းနဲ့ ကိုယ်ထူကိုယ်ထကျောင်းဝင်းအတွင်းမှာ…

    Read More »
  • Nov- 2023 -
    1 November
    သတင်း

    ဖားကန်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဘွမ်ရာယန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဖားကန့်လမ်း နန့်ယား၊ နမ်တိန့် ဘက်ကနေ စစ်အင်အား ၈၀ ဝန်းကျင်လောက်…

    Read More »
  • Oct- 2023 -
    31 October
    သတင်းHpakant

    လုံးခင်းမှာ ငွေလွဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဂျာနူး ဆေးဆိုင်ဓားပြတိုက်ခံရ ကျပ်သိန်း ၁၀၀၀ ကျော်ပါသွား

    ဖားကန့် လုံးခင်းကျေးရွာ ရပ်ကွက်(၂)ရှိ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဂျာနူး‌ဆေးဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ကျပ်သိန်း ၁၀၀ ကျော်ပါသွားတယ်လို့ လုံးခင်းဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ နှာခေါင်းစည်း mask တပ်ထားတဲ့…

    Read More »
  • 26 October
    သတင်း

    မြန်မာသူရကုမ္မဏီထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေတိုက်ခိုက်ခံရပြီးနောက် ကုမ္မဏီဝန်းထဲကကျောက်စိမ်းတွေကို ရေမဆေးသမားနဲ့ပြည်သူတစ်ချို့သယ်ယူ

    ဖားကန့်မြို့နမ္မဖြစ်ကျေးရွာ အပိုင်း ဖားကန့်–လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA/KPDF ဘက်က မနေ့ညသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် လူသူမရှိချိန် ရေမဆေးသမား‌တွေ နဲ့ဖားကန့်ပြည်သူတစ်ချို့ ကုမ္ပဏီဝန်းထဲဝင်ရောက်ပြီး ကျောက်စိမ်းတွေသယ်ယူနေကြတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့ မနေ့ည…

    Read More »
  • 20 October
    သတင်း

    တာမခံစစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် ရွာ ၃  ရွာက ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာမှာရှိတဲ့ စစ်ကောင်စီစစ်တပ်ကုန်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် တာမခံအနီးက ရွာ ၃ ရွာမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၁၈ရက်နေ့ကတည်းကနေ တာမခံကျေးရွာစစ်တပ်ကုန်းကနေ ဟောင်ပါး၊ နန့်ရေတောင်စတဲ့ကျေးရွာတွေဘက်ကို နေ့ည မပြတ် လက်နက်ကြီးတွေရံဖန်ရံခါပစ်ခတ်နေတာ ကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲနိုင်တဲ့ ဧရိယာအတွင်းက ကျေးရွာ ၃ ရွာဟာ ရွာလုံးကျွတ်တိမ်းရှောင်နေရတယ်လို့ ဟောင်ပါးကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “အခုလောလောဆယ် မနေ့ကထိတော့ နန့်ရေတောင်ရွာရယ် စကားဝါရွာရယ်ပြီးတော့…

    Read More »
Back to top button