သတင်း

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာနားက တံတားတစ်စင်းမိုင်းခွဲခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအထွက်က ဘေလီတံတားတစ်စင်းမိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာ အမှတ်  ရပ်ကွက်မှာရှိတဲ့ ဘေလီတံတား(ဒေသအခေါ် ဘေလီတံတားသစ်ကိုမနေ့က ဒီဇင်ဘာ ၂၅ ရက်နေ့  ၁၂နာရီအချိန်မှ အမည်မသိလူတစ်စုက မိုင်းထောင် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုင်းတောင်ကျေးရွာအမှတ်  ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ််။

ညကအုန်းခနဲ့ တစ်ချက်တော့ကြားလိုက်တယ် မနက်ကြမှတံတားခွဲခံရတယ်ဆိုတာ သိလိုက်တာအရမ်းကြီးတော်မပျက်စီးသွားဘူး။ လူတွေသွားလာ နေကြတယ်လို့အထက်ပါအမျိုးသားကပြောပါတယ်။

ဖောက်ခွဲခံလိုက်ရတဲ့တံတားဟာ ဆိုင်းတောင်ကနေဖားကန့်ဘက်ကိုသွားတဲ့ လမ်းပေါ်မှာရှိပြီး ကျောက်သွေးတောင်နဲ့ဆိုင်းတောင်ကြားမှာရှိတာဖြစ်ပါတယ်။

ဘာကြောင့်ခွဲတာလည်းတော့မသိတတ်ဘူး ညက ခရစ္စမတ်ညဆိုတော့ လူသွားလူလာတော့များတယ်လေး လူတွေထူထပ်နေတော့ ခြောက်တဲ့သဘောနဲ့ခွဲတာလား မပြောတတ်ဘူးလို့ နောက်ထပ်ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားရဲ့ကြမ်းခင်းအနည်းငယ်အက်ကွဲတာ၊ တံတားဘေးဘောင်ပွန်းပဲ့ တာတွေရှိပြီး အသွားအလာတော့ပုံမှန်အတိုင်းရှိနေတယ်လို့သိရပါတယ်။

အဲ့ဒီတံတားဟာ ဒီနှစ်အစောပိုင်းက ဆောက်လုပ်ပြီးစီးထားတာဖြစ်ပြီး ဖားကန့်ဆိုင်းတောင်လမ်းပိုင်းအတွက်အရေးပါတဲ့တံတားတစ်စင်းလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button