ဗန်းမော်

  • May- 2024 -
    21 May
    သတင်း

    ဗန်းမော်မြို့မှာ လျှပ်စစ်မီးကြိုးနဲ့သံထည်ပစ္စည်းခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်လာ

    ကချင်ပြည်နယ် ဗန်းမော်မြို့ မှာ လျှပ်စစ်မီး (ဆားဗစ်ကြိုး) ဖြတ်ခိုးတာ၊ ရေမော်တာ၊ လူနေအိမ်တွင်း သံထည်ပစ္စည်းခိုးခံရတာ ခပ်စိပ်စိပ်ဖြစ်လာ‌နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးကြိုးဖြတ်ရောင်းတဲ့သူတွေဟာ လူနေအိမ်၊ လမ်း‌‌ဘေးမီးရှိတဲ့နေရာ၊ အဆောက်အဦးတွေမှာ နေ့ခင်းလိုက်ကြည့်ထားပြီး ညနက်ချိန်၊ အာရုံတက်ချိန်တွေမှာ ခိုးယူလေ့ရှိကြတယ်လို့…

    Read More »
  • 20 May
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး

    တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊  ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။ 

    Read More »
  • 15 May
    သတင်း

    ဟဲလုံသစ်ရွာမှာနေ့တိုင်းလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံများ ရွာကနေထွက်ပြေးတိမ်းရှောင်နေရ

    ဗန်းမော်မြို့နယ် ဟဲလုံသစ်ရွာမှာ လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံပြည်သူများ နီးစပ်ရာကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဟဲလုံသစ်ရွာ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ မေလ ၁၃ ရက်နေ့ထိ ဗန်းမော်ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ရွာထဲဆက်တိုက်ကျရောက်ပေါက်ကွဲနေတဲ့အတွက် နေအိမ်၊ အဆောက်အအုံအများအပြား ပျက်စီးသွားပြီးဖြစ်တယ်လို့ ဟဲလုံဒေသခံ အမျိုးသားတစ်ယောက်က ကိုပြောပါတယ်။ “အိမ်းအမိုးတွေ ပျက်စီး၊ အုပ်နံရံတွေ ကွဲ၊ တံခါးတွေ အကုန်ပျက်စီး ခေါင်းမိုးတွေဆိုရင်လည်း ဇကာပေါက်တွေလို ဖြစ်နေပြီ၊ မီးဖိုချောင်တွေဆိုရင် ရစရာကိုမရှိတော့ဘူး၊ ခုံတွေဆိုရင် အပေါ်ထိ လွင့်သွားတာ၊ မီးလောင်သွားတဲ့ အိမ်လည်းရှိတယ်”လို့ပြောပါတယ်။ မေလ ၁၁ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင် လက်နက်ကြီးတစ်လုံး လူနေအိမ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတစ်ဦးထိခိုက်သေဆုံးခဲ့သလို နောက်ထပ်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂ ဦးကို လိုင်ဇာဆေးရုံးမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ ရွာထဲလှည့်လည်တာမျိုးတွေရှိနေပြီး စစ်ဆေးမေးမြန်တာတွေလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့အပြင် လက်နက်ကြီးတွေကြောင့် ကျေးရွာအတွင်း နေထိုင်လို့ အဆင်မပြေတော့ဘူးလို့ သူကဆက်ပြောဆိုပါတယ်။ “ကျွန်တော်တို့လည်း ပြောတာဘဲ တောင်းပန်တာဘဲ ဒါပေမဲ့ပစ်တာဘဲ၊ ပစ်ချင်ရင် ဘယ်ရက်မှာဖြစ်ဖြစ်ပစ်တယ်၊ သူတို့က ဘယ်နားကျတာလဲဆိုပြီးမေးလာတော့ ရွာထဲမှာဘဲပြန်ကျတယ်၊ လူသေတယ် ပြောတော့ ဝမ်းနည်းပါတယ်ပြောပြီး ပစ်တာဘဲ အဲ့ညမှာဘဲ၊ မေးရင်လည်း မဖြေရင်အခက် ဖြေရင်လည်း ပစ်နေတာဘဲ ဘာမှမထူးဘူးလေ”လို့ပြောပါတယ်။ ဟဲလုံသစ်ကျေးရွာမှာ လူဦးရေ ၁၀၀၀ကျော်၊ အိမ်ထောင်စု ၂၂၇ စုရှိတာဖြစ်ပြီး  ဒေသခံတွေဟာစားဝတ်နေရေးအတွက် လယ်ယာကိုအဓိကလုပ်ကိုင်စားသောက်နေကြတာဖြစ်ပေမဲ့ ဒီရက်ပိုင်းလယ်ကွင်းထဲထိ လက်နက်ကြီးကျရောက်ပေါက်ကွဲနေတာကြောင့် လယ်ဝင်ဖို့လည်း ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။ ခုလို ရွာထဲနေ့ည ဆက်တိုက် လက်နက်ကြီးတွေကျရောက်နေတာကြောင့် ဟဲလုံသစ် ဒေသခံတွေဟာ ရွာနဲ့ ၆ မိုင်အကွာမှာရှိတဲ့ တိမ်းသော်ရွာမှာ သွားရောက်ခိုလှုံနေကြပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဗန်းမော်မြို့ ၅မိုင် နမ့်ဖားဂိတ်မှာ စစ်ဆေးမေးမြန်းတာတွေ အတင်းအကြပ်လုပ်ဆောင်နေတဲ့အပြင် ရိုက်နှက်တာတွေလည်းရှိတဲ့အတွက် ဟဲလုံသစ် ဒေသခံတွေအနေနဲ့ ဗန်းမော်မြို့ဘက်ဝင်ရောက်ဖို့အတွက်လည်း အခက်အခဲတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 15 May
    သတင်း

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့မှာ စစ်တပ်က လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေအိမ်အများအပြားထိခိုက်ပျက်စီး

    ဆယ်ရက်ခန့်အကြာ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့  ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ စစ်တပ်ကအဆက်မပြတ် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးနေပြီး တိုက်ပွဲလည်းဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမြို့တွေမှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က Y -12 ဂျက်လေယာဉ်အမျိုးအစား ၂ စီးနဲ့ တစ်ရက်မှာ ၉ ကြိမ်ထက်မနည်း  ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့အထိ မြို့တွင်းရပ်ကွက်တွေမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA တပ်က ရှင်းလင်းလိုက်နိုင်ပေမယ့် မြို့တွင်းတပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်စခန်းကို KIA က ထပ်မံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တာကြောင့် မေလ ၁၅ ရက်နေ့ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအဖြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့အထိ မြို့တစ်ခုလုံးကို သိမ်းဆည်းနိုင်တာမရှိသေးဘူး။ တိုက်ပွဲကဆက်ဖြစ်နေတုန်း မနေ့ကတော့ ခဏနားတယ်။ မြို့နေရာတွေကိုတော့ KIA သိမ်းထားနိုင်ပြီလို့ပြောလို့ရတယ်။ ဒါပေမယ့် တပ်စခန်းတွေကျန်နေသေးတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်မြို့လက်မလွတ်ရေးအတွက် နေ့စဉ်အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် KIA က စစ်တပ်စခန်းအပါ မြို့တစ်ခုလုံးကို အပြီးသတ် ထိန်းချုပ်နိုင်ဖို့အတွက်ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မိုးမောက်မြို့ပေါ်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိုးမောက်မြို့ပေါ် စျေးရပ်ကွက် ကားလမ်းမတစ်လျှောက် လူနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေ နေ့တိုင်းရှိနေတယ်လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ယောက်က အခုလို ပြောဆိုပါတယ်။ “မိုးမောက်မြို့က ရွာတန်းရှည်လိုရှိနေတာ ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီး ဟိုဘက် ဒီဘက် မှာရှိတဲ့ နေအိမ်တွေက အရမ်းပျက်စီးသွားပြီလို့သိရတယ်။ စျေးရှိတဲ့ စားသောက်ဆိုင် တဝိုက်တွေမှာ မီးလောင်ပျက်စီးသွားတာပိုများတယ်။ ပြီးရင် လွယ်ဂျယ်သွားလမ်း ကျောက်တိုင်ရှိတဲ့ တစ်ကြောဖက်မှာလည်း အိမ်တွေ ဒီတိုင်းလောင်နေတာ။ မိုးမောက်မြို့ဆိုလို့ အဲဒီတစ်ကြောပဲရှိတာ အခုက မြို့တွင်းတစ်ကြောအကုန်လောင်နေတယ်လို့ ပြောလို့ရတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်က ဒေသခံပြည်သူတွေဟာ မေလ ၇ ရက်နေ့ကတည်းကနေ တစ်မြို့လုံးထွက်ပြေးတိမ်းရှောင်နေကြရသလို တိုက်ပွဲတွင်းလေကြောင်းပစ်ခတ်တာတွေကြောင့် မြို့တွင်းစျေးနေရာ ပတ်ပတ်လည်မှာရှိတဲ့ နေအိမ်တွေကတော့ မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ဆိုကြပေမယ့် အရေအတွက်အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မံစီနဲ့ မိုးမောက်မြို့တွင်း ပြည်သူပိုင်နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးမှုဟာ တစ်နေ့တစ်ခြားပိုများလာတဲ့အတွက် တစ်ခြားမြို့ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုထက် ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ မိုးမောက်မြို့တစ်ခုထဲမှာတင် အိမ်ခြေ ၃ ထောင်ဝန်းကျင်အထိရှိပြီး မိုးမောက်ဒေသခံပြည်သူ လူဦးရေ သောင်းချီရှိကြကြီး လူဦးရ တစ်ဝက်လောက်က ပြီးခဲ့တဲ့ မတ်လ လောက်မှာ KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဒေါ့ဖုန်းယန်နဲ့၊ မြို့သစ်၊ ကုန်းလော စတဲ့ ကျေးရွာတွေနဲ့ နီးတဲ့ တောတွင်းနေရာတွေခက်ခက်ခဲခဲ တိမ်းရှောင်နေကြပြီး တစ်ချို့ကတော့ ဗန်းမော်မြို့ပေါ်ဘက်ကို တိမ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်ကာလ ကြာမြင့်လာသလို တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေက အကူအညီ ရရှိဖို့ ခက်ခဲတာတွေ၊ ဖုန်းအင်တာနက်တွေပြတ်တောက်ထားတာကြောင့် ပြည်သူတွေအချင်းချင်း အဆက်အသွယ်ရဖို့ ခက်ခဲနေတာတွေကြုံတွေနေရတယ်လို့ မိုးမောက်စစ်ရှောင်တွေကပြောပါတယ်။ အလားတူ မိုးမောက်မြို့နဲ့ တစ်ပြိုင်နက် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မံစီမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား မရပ်မနား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး KIA ဘက်ကလည်း မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ မံစီမြို့မှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ နေ့စဉ်လုပ်ဆောင်နေတာကြောင့် နေအိမ်ထိခိုက်ပျက်စီးတာတွေ ဖြစ်နေတယ်လို့ သိရပေမယ့် အသေးစိတ်သိရှိဖို့အတွက် ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ လက်ရှိ KIA မြို့တွင်းနေရာနဲ့ ရဲစခန်းတစ်ချို့နေရာကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့်ကျန်ရှိနေသေးတဲ့ တပ်စခန်းနေရာတွေကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မံစီမြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 13 May
    သတင်း

    စီအင်ရွာမှာ  လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ နှစ်အရွယ်အဘိုးတစ်ဦးနဲ့ ရွာသားတစ်ဦးသေဆုံး

    ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ အရွယ်အဘိုးတစ်ဦးနဲ့ အမည်မသိအမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် စီအင်ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာ တော၊တောင်နဲ့ ဗန်းမော်ဘက်ကို ထွက်ပြးတိမ်းရှောင်နိုင်ခဲ့ကြပေမဲ့ အသက်ကြီးတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတစ်ချို့ ရွာမှာကျန်နေခဲ့တာဖြစ်ပါတယ်။ ရွာမှာကျန်ခဲ့တဲ့သူတွေထဲမှာ လေဖြတ်နေတဲ့ အသက် ၈၀ အရွယ် ဦးငွားချီးလည်းပါဝင်တယ်လို့ သိရပြီး မေလ ၁၀ ရက်နေ့  မိသားစုဝင်တွေက ဦးငွါးချီးကို ကယ်ထုတ်ဖို့သွားခဲ့ချိန်မှာတော့ လက်နက်ကြီးကျည်ထိမှန်ထားတဲ့ဒဏ်ရာနဲ့ နေအိမ်အတွင်း သေဆုံးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဘယ်အချိန်မှာသေတာလည်းတော့ ရက်အတိအကျမသိဘူး ၁၀ ရက်နေ့ဆိုတာကလည်း သူ့သားတွေ သွားကယ်ထုတ်တဲ့နေ့မှာတွေ့လို့ ရက်သတ်မှတ်လိုက်တာဘဲရှိတာ အလောင်းကလည်း ပုပ်ပွနေပြီတဲ့၊ ရွာထဲမှာ မြုပ်ခဲ့ဖို့လည်းအချိန်မရခဲ့ဘူး၊ မြင်ဘဲမြင်ခဲ့ရပြီး ချက်ချင်းပြန်ထွက်ခဲ့ရတာတဲ့”လို့ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် အမည်အသိယောကျ်ား အလောင်းတစ်ခုလည်း ရွာလမ်းမကြီးမှာ ရှိနေတယ်လို့ သိရပါတယ်။လက်နက်ကြီးကျည်ထိမှန်သေဆုံးနေတဲ့ ဦးငွါးချီးနဲ့ အမည်မသိအမျိုးသားကို ဒေသခံတစ်ချို့နဲ့ မိသားစုဝင်တွေက မြေမြုပ်သဂြိုလ်ဖို့ပြင်ဆင်ခဲ့ကြပေမယ့် တိုက်ပွဲပြင်းထန်နေတာကြောင့် သဂြိုလ်ချိန်မရဘဲနေအိမ်ထဲမှာဘဲ ပစ်ထားခဲ့ရတယ်လို့ သိရပါတယ်။   လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ကျန်နေခဲ့တဲ့ဒေသခံပြည်သူအားလုံးကို မေလ ၁၀ ရက်နေ့ သွားရောက်ကယ်ထုတ် နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ “အဲ့ဒီနေ့မှာဘဲ အကုန်လုံးကို ကယ်ထုတ်လာနိုင်ခဲ့တာ၊ အခုရွာမှာ ဘယ်သူ့မှ မရှိတော့ဘူး၊ ဒါပေမဲ့ အလောင်းတော့ သယ်လာလို့မရလိုက်ဘူးပေါ့၊ တစ်ခြား မိုးမောက်မြို့ပေါ်တွေမှာတော့ ဘယ်လိုလဲမပြောတတ်ပေမဲ့ စီအင်မှာတော့ မရဘူး”လို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်ည ၉ နာရီ ဝန်းကျင် စီအင်ကျေးရွာအတွင်း လက်နက်ကြီးအဆက်မပြတ် ကျရောက်ခဲ့တဲ့အတွက် အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီးတော့ နောက်ထပ်အမျိုးသားတစ်ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ လီဆူစစ်ရှောင်စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေကြတဲ့ စီအင်ကျေးရွာဒေသခံတွေဟာ လက်နက်ပစ်သံတွေမကြာခဏကြားနေရတဲ့အတွက် ထပ်မံတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။ “သူတို့က လေယာဉ်ကွင်းနဲ့ ကပ်တော့ ပစ်သံတွေ မခံနိုင်လောက်အောင်ပစ်နေကြတဲ့အတွက်  မံစီမြို့နယ် မံသာရွာဘက်ကို အများကြီးထွက်ပြေးသွားကြပြီ၊ လမ်းကြောင်းတွေ ကလည်းထပ်ပိတ်လိုက်တော့ ကျန်နေတဲ့ ၈၀ လောက် ဘယ်မှထွက်လို့မရဘူး ဖြစ်နေတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဗန်းမော်မြို့တွင်းမှာလက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက်  ထပ်မံထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။  By – Bu Bu

    Read More »
  • 13 May
    သတင်း

    စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ ကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဥ် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အထဲက အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို မေလ ၁၂ ရက်နေ့မွန်းလွှဲ ၁ နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းတာက ဒီဘက်ကျွန်တော်တို့ LPDF တွေကဖမ်းမိလိုက်တာ သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ထွက်လာတာဟုတ်တယ် ရွာထဲမှာဖမ်းလိုက်မိတာ အရာခံဗိုလ်တစ်ယောက်၊တပ်သားတစ်ယောက်ပါတယ် ခုတော့စစ်ဆေးနေတုန်း”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့တွေက စိစစ်နေဆဲဖြစ်တယ်လို့သိရပြီး စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဝင်ရောက်သိမ်းပိုက်စဥ် ရဲစခန်း၊ ကာကင်းဂိတ်နေရာတွေက စစ်ကောင်စီတပ်သားများ၊စင်းခန်းချောင်းကူးတံတားတွေမှာ အထိုင်ချထားတဲ့စစ်ကောင်စီစစ်သားတွေဟာ ရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းတပ်စခန်းထဲကို ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့် တာဝါတိုင်းကုန်းတပ်စခန်းကိုလည်း KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ ညနေပိုင်းမှာ ဆက်လက်တိုက်ခိုက်ခဲ့တာကြောင့် တာဝါတိုင်ကုန်းမှာရှိနေတဲ့ စစ်ကောင်စီစစ်သား၊ရဲနဲ့ပျူစောထီးတွေ စုပေါင်းအင်အား ၈၀ ဝန်းကျင်ဟာ ညတွင်းချင်း ရွှေကူနယ် တောတောင်တွေထဲကို ထွက်ပြေးသွားပြီး KIA ပူးပေါင်းတပ်ကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ပထမကတော့ထွက်ပြေးသွားတဲ့အဲ့အဖွဲ့က ရွှေကူတပ်ထဲကိုရောက်နေပြီဆိုပြီး ဆိုက်ဝါးသတင်းဖြန့်တာတကယ်တော့မရောက်သွားဘူး ဥဒေါင်းတောင်ခြေတစ်ဝိုက်မှာပဲပျောက်နေတယ်။ ဘယ်နေရာမှာပျောက်နေလဲတော့မသိဘူးအဲ့တစ်ဝိုက်မှာက လှိုင်ဂူတွေလည်းပေါတယ်။ လှိုင်ဂူတွေထဲအောင်းနေတာဖြစ်မယ် မနေ့ကဒီကနေ့စစ်ကြောင်းတစ်ကြောင်းတော့တက်သွားတယ် သူတို့ရှာဖို့ဆိုပြီး”လို့ ရွှေကူ KPDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ မေလ ၁၂ ရက်နေ့ စစ်ကောင်စီစစ်သားနှစ်ဦးကို ဖမ်းဆီးရမိတဲ့ ဇင်းဘုံကျေးရွာဟာ ဥဒေါင်းတောင်ခေါ် တာဝါတိုင်ကုန်းရဲ့တောင်ခြေမှာရှိတာဖြစ်ပြီး ကျန်ရှိနေတဲ့စစ်သားတွေလည်း အဲ့ဒီတောင်ခြေ တစ်ဝိုက်မှာပဲပျောက်ဆုံးနေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဒေသခံပြည်သူတွေထဲက အများပိုင်းဟာ မေလ ၁၀ ရက်နေ့လောက်ကတည်းက နေရပ်ပြန်ဝင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဗန်းမော်ခရိုင်ထဲက ဗန်းမော်မြို့အပါ မံစီ၊မိုးမောက်မြို့တွင်းထဲက စစ်ကောင်စီအထိုင်တပ်တွေနဲ့ရဲစခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူ ထောင်ချီလည်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw

    Read More »
  • 10 May
    သတင်း

    စီအင်ရွာလက်နက်ကြီးကျပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိ

    ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ကစပြီး မိုးမောက်၊ မံစီ မြို့နယ်တွေမှာ ပြင်းထန်လာတဲ့တိုက်ပွဲကြောင့်  ဒေသခံပြည်သူအများပိုင်း ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမယ့်  တစ်ချို့ အိမ်စောင့်အဖြစ်ကျန်နေခဲ့ကြရာ မေလ ၈ ရက်ညနေ ၉ နာရီဝန်းကျင် စီအင်ရွာဘက် လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာအပြင် သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ကျွန်မတို့ အိမ်လည်းလောင်၊ ဆိုင်တွေလည်း လောင်သွားပြီ၊ ဘာမှမကျန်တော့ဘူး၊ ရွာမှာကျန်ခဲ့တဲ့သူတွေပြောတာ လက်နက်ကြီးတွေ ဒရုန်းတွေက မိုးရွာချသလို ကျတာတဲ့၊ လက်နက်ကြီးထိပြီးတော့ တစ်ယောက်ဆုံးပြီး တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ရသွားတယ်”လို့ပြောပါတယ်။ ကျည်ထိမှန်သေဆုံးတဲ့သူကို ရွာမှာသဂြိုလ်ခဲ့ကြပြီး ဒဏ်ရာရရှိခဲ့တဲ့သူကိုတော့ မေလ ၉ ရက်နေ့ မနက် ၆ နာရီခန့်လောက်မှာ သွားခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ဒေသခံပြည်သူအားလုံးနီးပါး ထွက်လာခဲ့ကြပေမဲ့ အသက်ကြီးသူတစ်ချို့နဲ့မသန်စွမ်းတစ်ချို့ ကျန်နေခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။ “အခုထိရွာထဲမှာ ကျန်နေတဲ့သူတွေရှိတယ်၊ အသက်ကြီးပြီး သေမထူးနေမထူးဆိုပြီး နေခဲ့ကြတယ်၊ ခန့်မှန်းခြေ ကျွန်မတို့ရွာအပိုင်းမှာ ဆိုရင် ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်”လို့ စီအင်ရွာကနေ ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ ဒ့ါအပြင် မေလ ၈ ရက်နေ့ မှာလည်း စီအင် ၅မိုင် ဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ညောင်ပင်အောက်မှာရှိနေတဲ့ နွား ၁၀ ကောင်ထက်မနည်း သေဆုံးသွားတဲ့အပြင် စီဟဲကျေးရွာမှာလည်း လက်နက်ကြီးကျရောာက်ပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ မေလ ၇ ရက်နေ့ မြို့သစ်ဆေးရုံ၊ မံစီ ဆေးရုံတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သူနာပြုဆရာမတစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲနေရာယူတပ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 9 May
    သတင်း

    ဗန်းမော်မှာထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးမောက် နဲ့ မံစီ စစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုလိုအပ်နေ

    ဗန်းမော်ခရိုင် မိုးမောက်၊ မံစီနဲ့ ဗန်းမော် မြို့နယ် ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဗန်းမော်မြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အရေးအပေါ်ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA ၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူတွေ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့တွင်း ယာယီစစ်ရှောင်စခန်းတွေမှာခိုလှုံနေကြရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။ “အကုန်လုံးက ကစဉ့်ကလျား ထွက်ပြေးလာခဲ့ရတဲ့ အတွက် သူတို့မှာ ဘာမှ မယူလာခဲ့ရဘူး၊ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား တွေကအစ၊ သောက်ရေတွေ၊ အိုးခွက် ပန်းကန်တွေ လူတွေလည်း အရမ်းများလာတော့လေ၊ ဖျားနာတဲ့သူတွေလည်း ရှိတော့ ဆေးတွေလည်း လိုအပ်နေတယ်၊ အမျိုးသမီးအသုံးအဆောင်က အစပေါ့နော်” လို့ပြောပါတယ်။ မိုးမောက်၊မံစီဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်စခန်းသာမက ဗန်းမော်မြို့တွင်း ရပ်ကွက်မှာရှိတဲ့ ဆွေမျိုး၊ အသိမိတ်ဆွေတွေမှာ လာရောက်ခိုလှုံနေတဲ့သူတွေ ရှိသလို နီးစပ်ရာတောတွေမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူလည်း ရှိတယ်လို့ ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ချိန် မိုးမောက်မြို့အထွက်မှာ စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် တောလမ်းဘက်ကနေ ထွက်ပြေးခဲ့ရတာကြောင့် ကိုယ်လွတ်ရုန်းထွက်ခဲ့ကြရတာဖြစ်ပြီး လမ်းပိုင်းမှာကားပျက်သွားတဲ့အတွက်ရောက်မလာသေးတဲ့သူတွေလည်း ရှိတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က အခုလိုပြောပါတယ်။ “တိုက်ပွဲက ၅ နာရီလောက်မှာ စဖြစ်တော့ ကျွန်မတို့လည်း နည်းနည်းပါးပါးပြင်ဆင်ပြီး ထွက်ပြေးခဲ့ရတာပေါ့၊ မိုးမောက်မြို့ အထွက်မှာ ပိတ်ထားတော့ ကျွန်မတို့ တောလမ်းဘက်ကနေ ထော်လာဂျီလာခဲ့ကြတာ၊ ကားတစ်စီးက လမ်းမှာ ပျက်သွားတော့ ကျန်ခဲ့ရတယ်၊ တောလမ်းဆိုတော့ လမ်းမှာလည်း ရွံ့တွေနဲ့ လေယာဉ်တွေလည်း ကြောက်ရတာနဲ့ ကျွန်မတို့ လမ်းမှာ ၅ နာရီလောက်တော့ ကြာခဲ့တာပေါ့”လို့ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့တွင်း စစ်ရှောင် အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်၊ လူဦးရေ ၃၀၀၀ ကျော်ရှိပြီးတော့ အဲ့ဒီစစ်ရှောင်တွေဟာ မိုးမောက်မြို့ ၊ အလင်းကောင် ၊ခါနန် ၊ကြေးနန်း ၊မံပုံ၊ ကျောက်စခန်း ၊ပီမိုးညှင်း ၊လုံဂျာ ၊မာ့ ခွိုင် ၊မင်းကျမ်း ၊စီဟက်၊ကုန်းလော ၊နောင်ပေါင်း ၊မံခွန် နှင့် ဗန်းမော်မြို့ စင်းခန်း ၊ကေါင်းတုံ ၊စီဟဲ ကမ္ဘားနီ စတဲ့ ရပ်ကွက်/ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။  ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ မေလ ၇ ရက်နေ့မှာ စင်းခန်းရွာထဲမှာ အထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို သိမ်းပိုက်ထားပြီဖြစ်ပြီး လက်ရှိ မိုးမောက်၊မံစီမြိုတို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ တိုက်ပွဲဟာ ဗန်းမော်မြို့နဲ့ ၄ မိုင်အကွာလောက်မှာရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်တွေ စိုးရိမ်စိတ်နဲ့ဒုက္ခရောက်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်တွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာထောက်ပံ့ပေးကြဖို့ကိုလည်း စစ်ဘေးရှောင်ကူညီနေသူတွေက တောင်းဆိုနေကြပါတယ်။ By – Bu Bu

    Read More »
  • 7 May
    သတင်း

    စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ စင်းခန်းကျေးရွာထဲက စစ်ကောင်စီရဲစခန်းနဲ့ ကာဂင်းဂိတ်တွေကို KIA၊KPDF နဲ့ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဒီနေ့မနက် ၅…

    Read More »
  • 7 May
    သတင်း

    မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ ဗျူဟာမြောက်တပ်စခန်းအားလုံးနီးပါး KIA တိုက်ခိုက်နေ

    ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့အပါ မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ၁၀ နေရာလောက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မေလ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ မြို့နယ် ၃ ခုက ဗန်းမော်မြို့နယ် ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာ၊ မိုးမောက်မြို့တွင်းတပ်နဲ့ မံစီမြို့တဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မြို့နယ် ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်း ဒုတိယမြစ်ကျဉ်းနားမှာရှိတဲ့ စင်းခန်းရွာကို KIA က သိမ်းပိုက်လိုက်ပြီးတော့ ကျန်ရှိတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မိုးမောက်နဲ့ မံစီက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ မိုးမောက်မှာဆိုရင် မြို့တွင်းထဲမှာကို တိုက်ပွဲဖြစ်ပွားနေတာ။ စင်းခန်းက ရွာတစ်ခုလုံးကို သိမ်းထားပြီ။ တံတား ဟိုဘက်ခြမ်း ဒီဘက်ခြမ်း စစ်တပ်စခန်းအားလုံးကို သိမ်းထားပြီ။ အခုက ရွာအပြင်မှာရှိတဲ့ တာဝါတိုင်စခန်းအနည်းငယ်ကျန်သေးတယ်”လို့ပြောပါတယ်။ စင်းခန်းရွာထဲမှာအထိုင်ချထားတဲ့ ရဲစခန်းအပါ၊ တပ်စခန်းနေရာတွေကို KIA သိမ်းပိုက်ထားပြီ လက်ရှိ ၁၀ နာရီဝန်းကျင်အထိ ရွာအပြင် တာဝါတိုင်တပ်စခန်းနေရာကို အပြီးသတ်ရှင်းလင်းဖို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ မိုးမောက်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အားလုံးနီးပါးခန့်က မြို့တွင်းရပ်ကွက်တွေမှာ နေရာယူပုန်းရှောင်သွားတဲ့အတွက် မြို့တွင်းမှာတင် ၂ ဖက်တပ် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ KIA တပ်တွေက မိုးမောက်မြို့တွင်းတပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ မြို့တွင်း ၂ နေရာမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ် တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တာကြောင့် မြို့တွင်းထိခိုက်ပျက်စီးတာတွေရှိသလို ဒေသခံတွေလည်း ကိုယ်လွတ်ထွက်ပြေးနေကြဆဲဖြစ်တယ်လို့ မိုးမောက်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဒီကမနက် ၆ နာရီလောက်ကဖြစ်ပြီ။ ပြည်သူတစ်ချို့က ထွက်ကြပြီလို့ ပြောတယ်။ တစ်ချို့က မြို့ထဲမှာ ကျန်နေသေးတယ်လို့လည်းကြားတယ်။ အားလုံးက တစ်ကွဲတပြားဖြစ်ကုန်ပြီ။ စစ်သားတွေအကုန်လုံးက မြို့ထဲကို ဝင်ပြေးသွားပြီဖြစ်တဲ့အတွက် မြို့ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပြီ”လို့ပြောပါတယ်။ မံစီမြို့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ မံစီ ခမရ ၆၀၁ တပ်ရင်းအနောက်မှာရှိတဲ့ ကာကင်းတပ်စခန်းကြီးနေရာမှာ ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့မံစီဒေသခံတွေကပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ် ၃ နေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်သေဆုံးမှုအသေးစိတ်ကို သိရှိဖို့ရန် ခက်ခဲနေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button