မဇွပ်ယန်

  • Feb- 2026 -
    26 February
    သတင်း

    ဖားကန့်မှာကျောင်းသားတစ်ဦးဖမ်းဆီးခံရတာ ၅ ရက်မြောက်ရှိလာ

    ဖားကန့်မှာ စစ်တပ်က ၉ တန်းကျောင်းသား ကလေးငယ်တစ်ဦး ဖမ်းဆီးထားတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်တဲ့အတွက် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မဇွပ်ယန်ကျေးရွာ စစ်ဘေးရှောင်နေတဲ့ ၉ တန်းကျောင်းသားဖြစ်သူက မိဘတွေခိုင်းစေမှုကြောင့် ဖားကန့်မြို့ပေါ်ဘက်ကို သွားလာခဲ့ရာ ဖားကန့် ရဲစခန်းနဲ့ တပ်မကုန်း ၊ စာသင်ကျောင်းအနီးမှာ စစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူ့ရဲ့မိဘတွေ ငွေသွားလွှဲခိုင်းရင်း ဖားကန့်လမ်းဘက်ကို သူ့သူငယ်ချင်းတစ်ယောက်နဲ့ သွားလိုက်ကြတယ်တဲ့။ အဲ့မှာ ရဲစခန်းနဲ့ တပ်မကုန်းနားမှာ ရောက်တော့ မျက်နှာမှာ မတ်တပ်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတယ်။ စစ်သားတွေက အမျိုးမျိုးပြောတော့ ကလေးတွေဆိုတော့ မပြောတတ် မဖြေတတ်ဖြစ်မှာပေါ့။ နော်ဆိုင်းလားလို့မေးတော့ဟုတ်တယ်လို့ဖြေတော့ ဖမ်းသွားတယ်တဲ့”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ၉ တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ် မောင်မဒိန် နော်ဆိုင်းဆိုသူဖြစ်တယ်လို့သိရပါတယ်။ “ဖမ်းထားတာ အခုဆို ၅ ရက်လောက်ရှိလာပြီ သူ့မိသားစုတွေက ရောက်လာမလားဆိုပြီးစောင့်နေကြတာ မနေ့ညအထိ မရောက်လာသေးဘူးဆိုပြီး ကျနော့်ဆီကို အကြောင်းကြားလာတယ်။ မိသားစုတွေအရမ်းစိတ်ပူနေကြတယ်”လို့ဆိုပါတယ်။ ဖမ်းဆီးခံထားရတဲ့ ၉ တန်းကျောင်းသား မောင်မဒိန်နော်ဆိုင်းကို စစ်တပ်က နာမည်တူ မှားယွင်းပြီး ဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ၉ တန်းကျောင်းသား မဒိန်နော်ဆိုင်း မိသားစုတွေဟာ မော်ဝမ်းကလေးကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပေမယ့် တိုက်ပွဲကြောင့် လက်ရှိမှာ မဇွပ်ယန်ကျေးရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက် ၅ နေရာလောက်မှာ စစ်ဆေးရေးတင်းကြပ်ထားပြီးတော့ သွားလာတဲ့ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jan- 2025 -
    13 January
    သတင်း

    ဖားကန့် ဆန်ခါနဲ့ မဇွပ်ယန် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားသေဆုံးမှု များပြား

    ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာ နှစ်ခုကြားကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားသေဆုံးမှု အများအပြားရှိနေတယ်လို့ ကနဦး သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင် မန္တလေး တံတားဦးကနေ တက်လာတဲ့ ဂျက်လေယာဥ်တစ်စီးမှာ ဆန်ခါနဲ့ မဇွပ်ကျေးရွာ နှစ်ခုကြားရှိ…

    Read More »
  • Jul- 2024 -
    8 July
    သတင်း

    ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ

    “မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။

    Read More »
  • Jun- 2024 -
    20 June
    သတင်း

    နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ

    “မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။

    Read More »
  • Aug- 2023 -
    1 August
    သတင်း

    ဖားကန့်၊မဇွပ်ယန် အချုပ်ထောင်မှ အကျဉ်းသား/သူ ၁၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရ

    စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ ဖားကန့်မြို့ မဇွပ်ယန်အချုပ်ထောင်မှ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၁၇ ဦးလွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။ “အမျိုးသမီး ရှစ်ဦး၊အမျိုးသား ကိုးဦး ဒီနေ့ လွတ်‌မြောက်ပါတယ်“ဟု မဇွပ်ယန်အချုပ်ထောင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယနေ့လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ကျဉ်းသား ၁၁ ဦး၊တစ်ခြားသော ပုဒ်မတွေနဲ့ထောင်ကျခံသူ ‌၆ ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။ ဖားကန့်မှာ အာဏာသိမ်းပြီးနောက်…

    Read More »
  • Apr- 2023 -
    29 April
    စစ်ပြေးဒုက္ခသည်များ

    ဖားကန့်တွင် စစ်တပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုကြောင့် ကျေးရွာ ၃ခုမှ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲ

    ဖားကန့်မြို့နယ်အတွင်းရှိသော မှော်ဘုံ၊ ဆန်ခါနှင့် မဇွပ်ယန် ကျေးရွာနေပြည်သူများသည် ယခုရက်ပိုင်း စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများ ကြုံတွေ့နေရသည့်အတွက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်းနေကြရသည်ဟု ဒေသခံများထံမှသိရသည်။ ဧပြီ ၂၁ ရက်နေ့ စစ်ကောင်စီတပ် မှော်ဘုံကျေးရွာမှ…

    Read More »
  • 28 April
    သတင်း

    မဇွပ်ယန်ကျေးရွာ နေအိမ်အချို့ စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်စီးသွား 

    ဖားကန့်မြို့နယ် မဇွပ်ယန်ကျေးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၇ ရက်နေ့ စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက် ခလရ ၇၆ မှ ဗိုလ်မှုးဇော်မောင် ဦးဆောင်သည့်တပ်ဖွဲ့သည် မဇွပ်ယန်ကျေးရွာရှိ…

    Read More »
  • 27 April
    သတင်း

    မဇွပ်ယန်နှင့်ဆန်ခါ ကျေးရွာကို စစ်ကောင်စီ ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ၁၀၀ ကျော်ထပ်မံဖမ်းဆီးခံရ

    ဖားကန့်မြို့နယ်တွင် မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ခု ကို စစ်ကောင်စီတပ်ဖွဲ့ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန် ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား ၁၀၀ နီးပါးခန့် ထပ်မံ ဖမ်းဆီးခံထားရကြောင်း ဒေသခံများပြောသည်။ စစ်အင်အား ၇၀ ဝန်းကျင်ရှိသော…

    Read More »
  • 26 April
    သတင်း

    လူသားဒိုင်းအဖြစ် အသုံးချခံနေကြရသည့် အရပ်သားပြည်သူ ၅၀ ခန့်အား မဇွပ်ယန်အချုပ်ထောင်ထပ်ပို့

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် မှော်ဘုံကျေးရွာသားအချို့ကို မဇွပ်ယန်ထောင်သို့ ထပ်ပို့မံဆောင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူ ၅၀ ဦးအား ဧပြီလ ၂၅ ရက်နေ့ စစ်ယူနီဖောင်းများဝတ်ဆင်စေပြီး ကံဆီးဘက်မှ မှော်ဘုံကျေးရွာသို့…

    Read More »
  • 22 April
    သတင်း

    လူသားဒိုင်းအဖြစ် ဖမ်းဆီးခံသွားရသည့် အရပ်သားပြည်သူအများစု မဇွပ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရ

    ဖားကန်မြို့လုံးခင်းကျေးရွာအုပ်စု မဒဲ့ယာန်(မှော်ပုံ) ကျေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်အနက် ၁၅၀ ဦးအား မဇွယ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်း ဒေသခံများမှ သိရသည်။ ဧပြီလ ‌၂၁ ရက်နေ့ စစ်ကောင်စီတပ်များသည် အင်အားအလုံးအရင်းသုံးပြီး မှော်ပုံကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်‌ရောက်လာပြီးနောက်…

    Read More »
Back to top button