သတင်း

လူသားဒိုင်းအဖြစ် အသုံးချခံနေကြရသည့် အရပ်သားပြည်သူ ၅၀ ခန့်အား မဇွပ်ယန်အချုပ်ထောင်ထပ်ပို့

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် မှော်ဘုံကျေးရွာသားအချို့ကို မဇွပ်ယန်ထောင်သို့ ထပ်ပို့မံဆောင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

စစ်ကောင်စီတပ်သည် အရပ်သားပြည်သူ ၅၀ ဦးအား ဧပြီလ ၂၅ ရက်နေ့ စစ်ယူနီဖောင်းများဝတ်ဆင်စေပြီး ကံဆီးဘက်မှ မှော်ဘုံကျေးရွာသို့ တဖန်ပြန်လည်ဝင်ရောက်လာချိန် လူသားဒိုင်းအဖြစ်အသုံးပြုလာပြီး ညနေပိုင်းတွင် မဇွပ်ယန်အကျဉ်းထောင်သို့ ထပ်ပို့လိုက်ပြီဟု ဒေသခံတစ်ဦးကပြောသည်။

အခုတော့မဇွပ်ယန်ထောင်ကိုရောက်လောက်ပြီဗျ။ ခုနက ဆန်ခါရောက်ပြီလို့ကြားတယ် ဆန်ခါနဲ့မဇွပ် ယန်နဲ့ ကနီးနီးလေးပဲဗျ ကျနော်တို့ဘက်က လူတွေတွေ့ လိုက်တာတော့ အရပ်သား ၅၀၊ ၆၀ လောက်ပါတယ်လို့ပြောတယ်။ စစ်သားတွေက အဲ့လောက် မများဘူးတဲ့ ။ဒါပေမယ့်အရပ်သားတွေပါနေတော့ဒီဘက်က ဘာမှလုပ်လို့မရလိုက်ဘူးဟု ဖားကန့် KIA PDF နဲ့နီးစပ်သည့်အမျိုးသားကပြောသည်။

ယမန်နေ့ ထပ်မံပို့လိုက်သည့် အရပ်သားပြည်သူ ၅၀ ဦးခန့်သည် ဧပြီ ၂၁ ရက်နေ့က မှော်ဘုံကျေးရွာသို့ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးသွားသည့် အရပ်သား ၂၀၀ ကျော်အနက် ၁၅၀ ဝန်းကျင်သည် မဇွပ်ယန်အချုပ်ထောင် ၁၅၀ ခန့်မှာ ဧပြီ ၁၂ ရက်နေ့ ည ၅ နာရီဝန်းကျင်တွင် ပို့ဆောင်လိုက်ပြီး ကျန်သည့် ၅၀ ဦးသည် ကံဆီးဘက်သို့ ခေါ်ဆောင်သွားခံရသူများဖြစ်သည်။

ထို့ပြင် ဧပြီ ၂၁ ရက်နေ့က မဇွပ်ယန်ထောင်ပို့ထားသည့်အရပ်သားများကိုလည်းယနေ့ထိတစ်ဦးမျှမလွတ်ပေးသေးပဲ ထိန်းသိမ်းထားကြောင်းလုံးခင်းကျေးရွာမှအမျိုးသားတစ်ဦးကပြောသည်။

အရင်တစ်ခေါက်ပို့ထားတဲ့သူတွေလည်းခုထိပြန်မလွတ် ပေးသေးဘူးဗျ။ ဖမ်းထားတုန်းပဲ အသိတွေလည်းပါသွားတယ် အခုသိရသ လောက်မိသားစု ဝင်တွေနဲ့တွေ့ခွင့်မပေးသေးဘူးတဲ့ စားစရာသောက်စရာတွေတော့ပို့လို့ရတယ်တဲ့ဟု ပြောသည်။

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလှုပ်ရှား၍ စပျစ်ခူးကျေးရွာနှင့် ရှရော်ခကျေးရွာများမှ ဒေသခံ ရာနှင့်ချီ၍ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဥ်များ ရှိခဲ့ပြီး၊ရက်အနည်းငယ်အကြာတွင် ပြန်လည်လွတ်မြောက်လာသည်။

Show More

Related Articles

Back to top button