သတင်း

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံသွားရသည့် အရပ်သားပြည်သူအများစု မဇွပ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရ

ဖားကန်မြို့လုံးခင်းကျေးရွာအုပ်စု မဒဲ့ယာန်(မှော်ပုံ) ကျေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်အနက် ၁၅၀ ဦးအား မဇွယ်ယန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရကြောင်း ဒေသခံများမှ သိရသည်။

ဧပြီလ၂၁ ရက်နေ့ စစ်ကောင်စီတပ်များသည် အင်အားအလုံးအရင်းသုံးပြီး မှော်ပုံကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်‌ရောက်လာပြီးနောက် စစ်ကြောင်းဆုတ်ခွာချိန် ကျေးရွာနေ အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွား‌ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ကံဆီးဘက်ကို ဆုတ်ခွာတဲ့ဘက်မှာ ငါးဆယ်လောက်ခေါ်သွားတယ်၊မဇွပ်ယာန်ထောင်မှာတော့ အများဆုံး တစ်ရာ့ငါးဆယ်နီးပါး ခေါ်သွားခဲ့တာပေါ့၊ဓါးစာခံ လူသားဒိုင်း လုပ်သွားခဲ့ကြတာပါဟု ဆန်ခါကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့်  ပြည်သူ ၂၀၀ ဝန်းကျင်တွင် အမျိုးသမီးများလည်း ပါဝင်ကြောင်းနှင့်  ယနေ့ ည ၅နာရီအချိန်အထိ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိသေးသိရသည်။

အဆိုပါ ကိစ္စနဲ့ပါတ်သတ်ပြီး အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်း ဓါးစာခံအဖြစ်ဖမ်းဆီးတာ ကျေးရွာအတွင်း မီးရှို့တာခြင်းများ မလုပ်ဆောင်သင့်ဘူးလို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောသည်။

အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းအဖြစ်၊ဖမ်းဆီးနှိပ်စက်တာ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်”ဖားကန့်ဒေသရှိ KIA ပြောခွင့်ရသူက KNG သတင်းဌာနကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်အနေဖြင့် ဖားကန့်မြို့နယ်အတွင်း အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

အလားတူ ဧပြီလ ၂၁ ရက်ညတွင်လည်း လုံးခင်းကျေးရွာရှိ ကျောက်အရောင်း၊အဝယ်ပြုလုပ်ရာ ကျောက်ဝိုင်းတွင်လည်း သေနတ်ပစ်ဖော်မှု ဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့တွင် ယခုနှစ်အတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးလှုပ်ရှား၍ စပျစ်ခူးကျေးရွာနှင့် ရှရော်ခကျေးရွာများမှ ဒေသခံ ရာနှင့်ချီ၍ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဥ်များ ရှိခဲ့ပြီး၊ရက်အနည်းငယ်အကြာတွင် ပြန်လည်လွတ်မြောက်လာသည်။

Show More

Related Articles

Back to top button