,
ဒီပဲယင်းမြို့နယ်ရှိ ကြည်ကျေးရွာနှင့် ဘုရားထွက်ကျေးရွာ ၂ ရွာကို စစ်ကောင်စီက ယမန်နေ့ညနေပိုင်းမှ စ၍ ယနေ့ မနက်ပိုင်းအထိ နေအိမ်များကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၇၀၀ ခန့် မီးထဲပါသွားခဲ့ပြီး မီးရှို့သဂြိုလ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ယမန်နေ့ညနေ ၄ နာရီဝန်းကျင်တွင် အင်အား ၆၀ ဝန်းကျင်ဖြင့် စစ်ကြောင်း နှစ်ဖွဲ့ခွဲကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “မနေ့က သူတို့က နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာတွင် အိမ်ခြေထက်ဝက်ခန့် နှင့် စပါးကျီတိုက် ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။ အင်းတော်မြို့နယ် တောင်ပိုင်းတွင် တစ်ရွာဝင်တစ်ရွာထွက် ပြည်သူပိုင်နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့က စက်တောကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲခဲ့ပြီး ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ နေအိမ်များမီးရှို့ဖျက်ဆီးသွားကြောင်း အင်းတော် PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စက်တောကုန်းရွာက
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းကျေးရွာတွင် ဒေသခံပြည်သူများ၏ လူနေအိမ်များ ၄၄ လုံးနှင့် စပါးကျီ ၃ ခုကို စစ်ကောင်စီအဖွဲ့ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်နေ့ ပုဏ္ဏာကြီးကျေးရွာမှ ဝက်သအင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် ယခုလို လူနေအိမ်များ မီးရှို့ဖျက်စီးခဲ့သည်ဟု ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပင်သာကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ယနေ့ နံနက် ၇ နာရီဝန်းကျင်မှ စတင်ကာ မီးရှို့ခဲ့သည်ဟု ဒေသခံများပြောသည်။ စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပင်သာရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာကို မီးရှို့ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ “ဒီမနက် ၇ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဝင်ပြီး မီးရှို့နေတာပါ။ ဒီနေ့က ရာသီဥတု လေက အရမ်းတိုက်နေတာ မီးကတော်တော်လေးကိုများပါတယ်။ သူတို့ပတ်ချာလည်ကို လှည့်ပတ်ပြီး အကြောင်းမဲ့ မီးရှို့နေတာပါ“ ဟု
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဒီနေ့ မေလ ၃၀ ရက် ၅ရက်အတွင်းမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးထံ မှ သိရသည်။ "မေလ ၂၀ ရက်နေ့မှာ ထန်းတောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စပြီးစစ်ကြောင်းထိုးတာက ၂၅ရက်နေ့ကစဝင်တယ်။ ၂၆ မှာ ရွှေတွင်းကုန်းကို မီးဝင်ရှို့တယ် အရှို့ခံရတဲ့အိမ်ခြေက တစ်ရာကျော်လောက်ရှိပြီ တစ်ချို့ရွာတွေကို ၆အိမ်၇အိမ်ပဲရှို့တာ တော်လှန်ရေးလုပ်တဲ့အိမ်တွေပေါ့ ဆိုကြပါစို့ ပြည်သူတွေကမပြေးနိုင် အဲ့ပြည်သူတွေကို
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ လည်ခြားကျေးရွာ ဒုတိယအကြိမ်ဝင်ရောက်မီးရှို့ခံလိုက်ရာ တစ်ရွာလုံးနီးပါး ပြာကျသွားပြီး လည်ခြားကျေးရွာနှင့်တစ်ဆက်တည်းတည်ရှိသည့် ရေရှင်ရွာအထက် တန်းကျောင်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်အားတစ်ရာကျော်သည် မေလ ၁၈ ရက်နေ့ နံနက် ၃နာရီခန့်မှ စတင်ကာ လည်ခြားကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးနီးပါးပြာကျ ခဲ့ပြီး ယင်းလည်ခြားကျေးရွာနဲ့ တစ်ဆက်တည်းတည်ရှိသည့် ရေရှင်ရွာ အထက်တန်းစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြောင်း ကလေးဒေသခံတစ်ဦးက KNGသတင်းဌာနသို့ပြောသည်။ “ဒီမနက်ရွာကလူတွေဖုန်းခေါ်လာတာကတော့ တစ်ရွာလုံးနီးပါးပြာကျသွားပြီတဲ့