မုံးကိုး

  • Jun- 2024 -
    3 June
    သတင်း

    ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA  တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ

    ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေကပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာအနီး ခိုမုန်းကျေးရွာအခြေခံပညာရေးကျောင်းမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တပ်ချနေရာယူထားတာ ၅ လကျော်ကြာမြင့်နေပြီး ဒီကနေ့ထိ ပြောင်းရွှေ့ပေးတာမရှိတဲ့အတွက်  ၂၀၂၄–၂၀၂၅ စာသင်နှစ်အတွက်ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “ကျနော်တို့ ကျောင်းဖွင့်ဖို့လုပ်နေပေမဲ့ ကိုးကန့် MNDAA က ကျောင်းမှာ နေရာယူနေတယ်။ သူတို့ကျောင်းမှာနေလိုက်တော့ ကျနော်တို့ဘယ်လိုမှ လှုပ်ရှားလို့မရနေဘူး။ ကျောင်းဖွင့်နိုင်ဖို့တော်တော်ခက်နေတယ်။ သတင်းကြားရတာတော့ သူတို့က တရုတ်ကျောင်းအဖြစ် ပြောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့သတင်းထွက်နေတယ် သူတို့က လုံး၀မရွှေ့ပေးဘူး။ ရွာသားတွေရဲ့ ဆန္ဒက ကိုးကန့်တွေကို ကျောင်းကနေ ရွှေ့ပေးပါ။ အဲဒီကျောင်းကို NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ ပူးတွဲပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် အခုသူတို့က လုံး၀မရွှေ့ပေးဘူး။ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းကို သူတို့နေရာယူလိုက်တာ။ ဆေးရုံမှာက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးနေရာယူနေတယ်။”လို့ ကွတ်ခိုင် ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။  လက်ရှိ ကိုးကန့်တပ်တွေတပ်စွဲနေရာယူထားတဲ့ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ပူးတွဲပြီး စာသင်ကျောင်းဖွင့်ဖို့ရွာသားတွေ ပြင်ဆင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ MNDAA တပ်ဖွဲ့နေရာယူလိုက်တဲ့အပြင် နောက်ထပ် TNLA တပ်နှစ်ဖွဲ့လုံးဟာ ခိုးမုန်းရွာရဲ့ဆေးရုံ၊ဆေးပေးခန်းမှာလည်း   ပူးပေါင်းတပ်ချနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျေးရွာဒေသခံတွေက MNDAA နဲ့ TNLA တပ်တွေကို ဆေးပေးခန်းကနေနေရာဖယ်ပေးဖို့ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် လုံး၀ဖယ်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလားတူ ခိုမုန်းကျေးရွာအပြင် ကွတ်ခိုင်၊ ကာလိုင်ကျေးရွာမှာလည်း KIO အစိုးရအောက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာကျောင်းသား၊သူများ ကျောင်းနာမည်အပ်နှံနေချိန် မေလ ၂၉ ရက်နေ့မှာတော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်က ကျောင်းတံခါး၀မှာ ပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ကျောင်းနာမည်ထည့်ခွင့် ပိတ်ပင်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ မူဆယ်နဲ့ မုံးကိုးမြို့ကြား ကြူကုတ်ပန်ဆိုင်းမြို့ထဲက ဖိုင်ကောင်းကျေးရွာဆိုတဲ့ ကချင်အများစုနေတဲ့ကျေးရွာက စာသင်ကျောင်းမှာ ကိုးကန့်  MNDAA လက်နက်ကိုင်တပ်ဖွဲ့က နေရာယူထားလိုက်တာကြောင့် ဒေသခံပြည်သူတွေ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်အခဲ၊ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆက်လက်သိရပါတယ်။ “ကျမတို့ ကိုးကန့်ကိုပြောတယ် မနှစ်ကတည်းက ကျောင်းလည်းမပိတ်သေးဘူး ကျောင်းမှာမနေပေးပါနဲ့ ရွှေ့ပေးပါ စစ်တပ်နေတုန်းကလည်း ဒီလိုစာသင်ကျောင်းတွေမှာ မနေဘူး ဒါကြောင့် ဘယ်လက်နက်ကိုင်ကိုမှ ဒီလိုနေတာ ခွင့်မပြုဘူး မလိုလားဘူး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါပေမဲ့သူတို့က နေဖို့နေရာမရှိလို့ ကြည့်ကြည့်အုံးမယ်ဆိုပြီး ဒီနေ့ထိ မရွှေ့ပေးဘူး။ ကျောင်းဆောင်တစ်ခုမှာ သူတို့နေနေဆဲဖြစ်တယ်။ အရင်အစိုးရနဲ့ဆိုင်တဲ့နေရာအားလုံးဟာ သူတို့ရဲ့နေရာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အဲလိုနေရာယူလိုက်တာပေါ့။  အခုတော့ ဘာမဆိုသူတို့ပိုင်ဆိုင်တဲ့အရာဆိုတော့ စိုးရိမ်နေရတဲ့အခြေအနေလည်းဖြစ်နေတယ်။” လို့ ပန်ဆိုင်းမြို့ ဖိုင်ကောင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တပ်စွဲလိုက်တာကြောင့် ပြသနာအကြိမ်အကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်တဲ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း ထပ်မံပြီး ကျောင်းရှေ့မှာလွင့်ထူထားတဲ့ KIO ရဲ့ အမျိုးသားအလံကို ကိုးကန့်တပ်ဖွဲ့က ဖြုတ်သိမ်းပေးလိုက်ရာကနေ အငြင်းအခုံ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  အခုချိန် ကိုးကန့် MNDAA က ဒီစာသင်ကျောင်းမှာ ကျောင်းဆရာ၊ဆရာမ စာရင်း၊ ကျောင်းသားစာရင်းအားလုံး မုံးကိုး ကိုးကန့်ဌာနချူပ်ထံ တင်ပြခိုင်းထားတာတွေအပြင်  ဒေသခံရွာသားတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးစားတာတွေလည်း ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။  “ကျမတို့ဒေသမှာ ကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အခုလိုမျိုး စိတ်ကျဉ်းကြပ်အောင် လက်နက်ကိုင်အဖွဲ့တွေ အဘက်ဘက်ကဆိုတော့ ဒီလိုအဖွဲ့များတဲ့ကြားမှာ ကျမတို့ရွာသားတွေက ဘယ်သူ့စကားပဲနားထောင်ရမယ်လဲမသိ အရမ်းနေရခက်တယ်။ ဖြစ်နိုင်ရင် ရှင်းရှင်းလင်းလင်းပဲ နေချင်တယ်။ တရားမျှတမှုနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတယ်လို့ပြောချင်တယ်။” ဟု ဖိုင်းကောင်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။ ခုလို ကိုးကန့် MNDAA နဲ့TNLA က စာသင်ကျောင်းတွေကို အတားအဆီးပိတ်ပင်မှုတွေလိုက်လံပြုလုပ်နေတဲ့ နေရာတွေကတော့ ကွတ်ခိုင်၊ မူဆယ်နဲ့ မုံးကိုး စတဲ့ဒေသတွင်းက ကချင်လူမျိုးစုအများပိုင်းနေထိုင်တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုပဲဖြစ်ပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကိုမေးမြန်းနိုင်ဖို့  KNG အနေနဲ့ကြိုးစားနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Apr- 2024 -
    26 April
    သတင်း

    MNDAA က မုံးကိုး KIO ရုံးကို ချိတ်ပိတ် ၊ ကချင် မနောင်ကွင်း ခန်းမဆောင် ဆောက်လုပ်မှုကိုလည်း တားမြစ်

    “အခု KIA က ကချင်ရိုးရာယဉ်ကျေးမှုဝင်းနဲ့ ရုံးမှာ နေကြတာ။ အဲတာကို ကိုးကန့်တွေက ချိတ်ပိတ်လိုက်တယ်။ တရုတ်စာအကြီးအကြီးနဲ့ ကြက်ခြေခတ်ပုံစံကပ်လိုက်တယ်။ မနေနဲ့ထွက်လို့တော့မပြောဘူး အဲလိုမျိုးစာလိုက်ကပ်လိုက်တာပေါ့။ ဒါက ကျနော်တို့ ကိုးကန့်နဲ့ပဲဆိုင်တယ် သိမ်းလိုက်ပြီဆိုတဲ့ သဘောပေါ့။“

    Read More »
  • Mar- 2024 -
    19 March
    သတင်း

    မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအပြင် နေရာတိုင်းမှာ…

    Read More »
  • Feb- 2024 -
    16 February
    ဖမ်းဆီးခံရမှု

    မုံးကိုးမှာ MNDAA ကတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးနေ

    ရှမ်းမြောက် မုံးကိုးမြို့အတွင်း ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားတွေရဲ့နေအိမ် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ က်ိုးကန့်တပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး မုံးကိုးရွာထဲမှာရှိတဲ့ အရပ်သားတွေရဲ့ နေအိမ်ထဲထိ လက်နက်လိုက်စစ်ဆေးတာဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ဆေးနေတာဖြစ်တယ်လို့…

    Read More »
  • Nov- 2023 -
    17 November
    သတင်း

    တိုက်ပွဲကျန် လက်နက်ကြီးကျည်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၃ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် ရပ်ကွက် ၆ မှာ လက်နက်ကြီးကျည်ဆော့ကစားရင်း ပေါက်ကွဲလို့ ကလေးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီလောက်မှာ…

    Read More »
  • 7 November
    သတင်း

    မုံးကိုး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အကူညီတွေလိုအပ်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့ ဘေးလွှတ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အဖြစ် မုံးကိုးဒေသတွင်း ဖြစ်ပွားလာတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အကူညီတစ်စုံ တစ်ရာမရကြဘူးလို့ TWO တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “အခုလောလောဆယ်က သူတို့က…

    Read More »
  • Oct- 2023 -
    30 October
    သတင်း

    ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ

    ရှမ်းမြောက် မုံးကိုးမြို့နယ်  ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေရာကနေ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ မုံးကိုး ၊ ဖောင်ဆိုင်း…

    Read More »
  • 19 October
    သတင်း

    ဝိန်းလားတောင် စစ်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် မုံးပေါ် နဲ့ မုံးကိုးတရုတ်နယ်စပ်ကြား အချက်အချာကျတဲ့ ဝိန်းလားတောင်က စစ်တပ်စခန်းကို KIA ဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအရှင်ဖမ်းဆီးရမိတာလည်း ရှိတယ်လို့ KIA ရှေ့တန်းရင်းမြစ်ကနေ သိရပါတယ်။ မူဆယ်မြို့နယ် မုံးပေါ် – ဝိန်းဆိုင်ကျေးရွာအထက် မုံးယားသွားလမ်းပေါ်က ဝိန်းလားတောင်ကုန်းမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်း တပ်မ…

    Read More »
  • Aug- 2022 -
    3 August
    စစ်ပြေးဒုက္ခသည်များ

    မုံးကိုး စစ်ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာကူညီမှု လိုအပ်နေဆဲ

    ရှမ်းမြောက် မုံးကိုးမြို့ရှိ စစ်ရှောင်ပြည်သူများသည် စစ်ရှောင်ကာလ ၁နှစ်ခန့် ကြာလာချိန် နေရာထိုင်ခင်း ခက်ခဲမှု နှင့် အစားအသောက်ခက်ခဲမှု စသည့်ပြဿနာများဖြင့် ကြုံတွေ့နေရသဖြင့် ကူညီဖြေရှင်းပေးစေလိုသည်ဟု ဆိုသည်။ မုံးကိုးမြို့ရှိ စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်နှင့် လူဦးရေ ၈၀၀…

    Read More »
  • May- 2022 -
    2 May
    သတင်း

    မြန်မာ တရုတ်ဘက် တင်ပို့မည့် ကြံကား ရာချီ ပိတ်မိနေ

    မုံးကိုး- မန်ဟိုင်း မြန်မာ- တရုတ်နယ်စပ်၊ မုံးကိုးမြို့ပေါ်တွင် တရုတ်ပြည်ဘက်သို့ တင်ပို့မည့် ကြံကားများ ရာချီ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံဘက်မှ ကိုဗစ်ပိုးတွေ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၂၀ရက်နေ့မှစတင်ပြီး ၁၀ရက်ခန့် ဂိတ်ပိတ်ခဲ့သည့်အတွက် ပန်ဆိုင်း…

    Read More »
Back to top button