မြစ်ကြီးနား

  • Feb- 2024 -
    7 February
    သတင်း

    ဂိတ်ကြေးလျော့ကောက်ပေးဖို့ ကားသမားတွေတောင်းဆို

    မြစ်ကြီးနား – ကန်ပိုက်တည် လမ်းတစ်လျှောက် ဂိတ်ကြေးကောက်ခံတဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ‌အခွန်အခကောက်ခံတာလျော့ပေးဖို့ ကားသမားတွေက တောင်းဆိုနေပါတယ်။ လက်ရှိ မြစ်ကြီးနားကနေ ကန်ပိုက်တည်ထိ စည်ပင်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ သီးနှံပြည်သူ့စစ်ဂိတ်၊ စုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ် စတဲ့…

    Read More »
  • 2 February
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်ပေါင်းအကြိမ် ၅၀ ကျော်ဖြစ်ပွားပြီး ၄ ဦးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်းအကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၄ ကြိမ်ထိရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခုလို ယာဉ်မတော်တဆမှုတွေဖြစ်လာတာဟာ  ယာဉ်မောင်းသူတစ်ဦးနဲ့တစ်ဦး လမ်းလုတာ၊ အရက်သေစာစားသောက်ပြီးမောင်းနှင်တာကြောင့် ဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလို သုံးသပ်ပါတယ်။ “အဓိကတော့ တစ်ဦးနဲ့ တစ်ဦးလမ်း ဦးစားမပေးဘဲ လမ်းဆုံတွေမှာ လမ်းလုနေကြတာပေါ့ ပြီးတော့ လမ်းတွေပြောင်းပြန်မောင်းတယ် ကိုယ်လမ်းမဟုတ်ဘဲမောင်းကြတာပေါ့။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်တွေလည်းပြန်မဆောင်းတာတွေကြောင့် ခုလိုဖြစ်ကြတာပေါ့”လို့ သူကဆိုပါတယ်။  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊မြစ်ကြီးနားမြိုဲ့) ရဲ့ ကောက်ယူရရှိထားတဲ့ယာဉ်တိုက်မှုကတော့ ၁၃ ကြိမ်အနက် သေဆုံးမှုနှစ်ကြိမ်၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှု အကြိမ်၂၀ ဝန်းကျင်ဖြစ်ပွားခဲ့တဲ့ထဲမှာ ပြင်းထန်တဲ့ယာဉ်တိုက်မှုကတော့ ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတစ်ကြိမ်နဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကောက်ယူရရှိထားတာကတော့ အကြိမ်၂၀ ဝန်းကျင်နဲ့ သေဆုံးမှုတစ်ကြိမ်၊ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းရဲ့ ဖော်ပြချက်မှာ တော့ ယာဉ်တိုက်မှု ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေရဲ့ တာဝန်ရှိသူတွေက KNGကိုပြောပါတယ်။ အလားတူဒီယာဉ်တိုက်မှုတွေ မကြာခနဖြစ်နေတဲ့အပေါ် ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ခုလိုပြောပါတယ်။ “ယာဉ်တိုက်မှုတွေကတော့ ညဘက်ပိုင်းပိုဖြစ်တယ် အမျိုးသား တွေပိုဖြစ်တယ် ၂၅ ဝန်းကျင်အရွယ်တွေပေါ့ သောက်စားထားတာတွေလည်းပါတယ် တချို့ဆိုကားတိုက်ပြီးမောင်းပြေးသွားကြတာ”လို့ သူကဆိုပါတယ်။ အခုလိုလို ယာဉ်တိုက်မှုတွေမကြာခန ဖြစ်နေတဲ့ အပေါ် ကချင်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းရဲ့အဖွဲ့ ဝင်တွေက ပြည်သူတွေအနေ နဲ့ ယာဉ်မောင်းနေတဲ့ချိန် အရက်သေစာသောက်စားထားခြင်းကိုလည်း ရှောင်ကြဉ်ပြီး လမ်းစည်းကမ်းကို သေချာလိုက်နာကြမယ်ဆိုရင် ယာဉ်တိုက်မှုတွေလျှော့နည်းလာနိုင်တယ်လို့ အကြံပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာလည်း ယာဉ်တိုက်မှုပေါင်း ၆၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၃ ကြိမ်ထိရှိခဲ့တာဖြစ်ပါတယ်။ By – Hope

    Read More »
  • Jan- 2024 -
    31 January
    သတင်း

    မြစ်ကြီးနားမြို့‌ပေါ် ရပ်ကွက်တစ်ချို့ စည်းမဲ့ကမ်းမဲ့အမှိုက်များစွန့်ပစ်တာပိုများလာ

    “ကျွန်မ အဲ့လမ်းကို ဖြတ်လာတဲ့အချိန်ဆို မီးရှို့နေတာတွေ့တယ်၊ မီးခိုးအရမ်းထွက်လို့ သွားလို့တောင်မရဘူး လမ်းလည်း ဘာမှမတွေ့ရဘူး”လို့ ပြောပါတယ်။

    Read More »
  • 15 January
    သတင်း

    မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ

    မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့  အမှတ် (၂) နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်း အနီးတစ်ဝိုက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ညနေ ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်ဆက်တည်း သေနတ်ပစ်ခတ်သံများလည်း ကြားရတယ်လို့…

    Read More »
  • 15 January
    သတင်း

    ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်

    မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ စီတာပူရပ်ကွက် နယ်မြေ ၃ မှာရှိတဲ့နေအိမ်တစ်လုံးဟာ  အိမ်ရဲ့အောက်ထပ်မှာတွဲရပ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ရာကနေ မီးလောင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဆိုပါတယ်။ မီးစလောင်တဲ့ချိန်ဟာ ၄ နာရီ ၄၈ မိနစ်ဝန်းကျင်ကနေ စလောင်တာဖြစ်ပေမယ့် မီးသတ်ကားကတော့ ၅နာရီ ၂၀ မိနစ်ရောက်လာပြီး မနက် ၆ နာရီလောက်မှာ အပြီးသတ်မီးငြိမ်းနိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်နေအိမ်တွေမှာ ကူးစက်လောင်ကျွမ်းတာတွေမရှိဘူးလို့ သိရပါတယ်။ ကုန်စုံဆိုင်တွဲရပ်ဖွင့်ထားတဲ့ နေအိမ်မီးလောင်သွားပေမယ့် မိသားစုဝင်တွေကတော့ အချိန်မှီထွက်ခွာနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူကတော့မရှိဘူးလို့ သူကခုလိုဆိုပါတယ်။ “လူတွေကတော့ အချိန်မှီရှောင်ခဲ့နိုင်လို့ ဘာမဖြစ်ဘူး အိမ်ကတော့ အကုန်ပါသွားတယ် တိုင်ဘဲကျန်တော့တယ်”လို့ သူကဆိုပါတယ်။ မြစ်ကြီးနား မြို့ ရပ်ဘူရပ်ကွက်မှာ ၂၀၂၃ ဒီဇင်ဘာလ ၂၀ရက်နေ့ကလည်း မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄လုံးမီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ By – Hope

    Read More »
  • Dec- 2023 -
    25 December
    သတင်း

    မြစ်ကြီးနား- ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာ

    မြစ်ကြီးနား – ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာနေတယ်လို့ ကားသမားတွေက ပြောပါတယ်။ ခုလို ခရီးသည်တင်ယာဉ်တွေ ရပ်နားလာရတာဟာ စက်သုံးဆီမြင့်တက်မှုတွေနဲ့အတူ လမ်းတစ်လျှောက်‌ ကောက်ခံတဲ့ ဂိတ်တွေကြောင့်ဖြစ်ပြီး ဝင်ငွေ ထွက်ငွေနဲ့ မမျှတာ‌တွေများလာတဲ့အတွက် ဖြစ်တယ်လို့ မြစ်ကြီးနား– ပူတာအို…

    Read More »
  • 18 December
    သတင်း

    KIA ဌာနချုပ်အနီး စစ်ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား

    မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယန်အထက်မှာ စစ်ရိက္ခာသယ်ပို့ပြီး ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ တွေက ပြောပါတယ်။ ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်းကနေ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ့် (Hka Ya Bum)၊ ဖွန်းပရန်ဘွမ့် (Hpun…

    Read More »
  • 15 December
    သတင်း

    မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းပြတ်တောက်ခဲ့တဲ့ တစ်ပတ်အတွင်း လူသေမှု ၄ ခု ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေရာအနှံ့ မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တွေပြတ်တောက်သွားတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၄ ကြိမ်နဲ့ ယာဉ်တိုက်မှုပေါင်း အကြိမ်  ၂၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ “တစ်ပတ်အတွင်းမှာဘဲ သေတာ သုံးလောင်းတောင်မှ ကားကြိတ်သတ်ခံရပြီး သေတဲ့ မိန်းကလေးတစ်ယောက် နဲ့ မူးယစ်ဆေးဝါးသုံးပြီးသေတာက…

    Read More »
  • 13 December
    သတင်း

    မြစ်ကြီးနားမြို့မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းစွန့်ပစ်ထား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်ခုတွေ့ခဲ့ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီ ပိုင်ရှင်မဲ့အလောင်းကို ဒီဇင်ဘာ ၁၂ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ကြက်ပေါင်ခြံရပ်ကွက် မြစ်ဆိပ်အနီးကားတွေဖြတ်တဲ့လမ်းမှာ  လာရောက်စွန့်ပစ်ထား တာဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ သေဆုံးနေတဲ့ အမျိုးသမီးဟာ အသက် ၂၀ ကျော်အရွယ်လို့ခန့်မှန်းလို့ရပေမယ့် မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာ ရရှိထားတဲ့ဒဏ်ရာကြောင့် ဘယ်သူဘယ်ဝါဘာလူမျိုးဖြစ်ကြောင်းကိုတော့ သေချာမသိလိုက်ရဘူးလို့ သူကခုလိုပြောပါတယ်။ “ဒီမနက်လောက်ကပေါ့ ကြက်ပေါင်ခြံလမ်းမှာ ဒီအတိုင်းဘဲ လာပစ်ထားတာ ကားနဲ့ ကြိတ်သတ်ထားပြီးမှ…

    Read More »
  • 11 December
    သတင်း

    မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းပါပြတ်တောက်နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတစ်ချို့ ပြတ်တောက်နေတာ ၅ ရက်ဝန်းကျင်လောက်ရှိနေပြီလို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကနေ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တစ်ချို့ ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံလိုက်ရပေမယ့် တစ်ပတ်အကြာမှာ မြစ်ကြီးနားမြို့ကလွှဲပြီး ကျန်တဲ့မြို့နယ်တွေမှာ ဖုန်းအင်တာနက်လိုင်း ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနားမြို့မှာတော့ ဒီဇင်ဘာ ၇ရက်နေ့ ညနေပိုင်း ၃နာရီ ဝန်းကျင်လောက်ကနေ စပြီးတော့ အင်တာနက်လိုင်းများ ပြတ်တောက်တဲ့အပြင် ဖုန်းလိုင်းများလည်း MPT ဖုန်းလိုင်းတစ်ခုသာ ဖုန်းဆက်လို့ရတယ်လို့ မြစ်ကြီးနားနေ ဒေသခံတစ်ဦးဆီက သိရပါတယ်။ “ခုကလေ MPT ကလွှဲပြီး ကျန်တာဘယ်ကဒ်မှ ဆက်မရတော့ဘူး သိလား။ အင်တာနက်လိုင်းဆိုမပြောနဲ့တော့ ကြာပြီပြတ်နေတာ”လို့ ပြောပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ လကုန်းပိုင်းအထိတော့ Telenor ဖုန်းလိုင်းကနေ အင်တာနက်အသင့်သင့် အသုံးပြုလို့ရနေပေမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းလောက်ကနေ Telenor အင်တာနက်လိုင်း ပြတ်တောက်သွားတဲ့အတွက် အွန်လိုင်းကနေ လေ့လာသင်ယူနေတာတွေကို ရပ်တန့်လိုက်ရပြီး အားလုံးနဲ့လည်း အဆက်အသွယ်ပြတ်နေတယ် နောက်ထပ် မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။ “ဘာဖြစ်နေမှန်းမသိဘူး…

    Read More »
Back to top button