သတင်း

မြစ်ကြီးနား- ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာ

မြစ်ကြီးနားပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာနေတယ်လို့ ကားသမားတွေက ပြောပါတယ်။

ခုလို ခရီးသည်တင်ယာဉ်တွေ ရပ်နားလာရတာဟာ စက်သုံးဆီမြင့်တက်မှုတွေနဲ့အတူ လမ်းတစ်လျှောက်‌ ကောက်ခံတဲ့ ဂိတ်တွေကြောင့်ဖြစ်ပြီး ဝင်ငွေ ထွက်ငွေနဲ့ မမျှတာ‌တွေများလာတဲ့အတွက် ဖြစ်တယ်လို့ မြစ်ကြီးနားပူတာအို ကားလမ်းပြေးဆွဲတဲ့ ကားသမား တစ်ယောက်က ပြောပါတယ်။

ဒီမြစ်ကြီးနားကနေ ပူတာအိုတက်တော့မယ်ဆို ဆီဖိုးက ၃ သိန်းဝန်းကျင်တော့ ကုန်တယ်။ ကားတစ်စီးမှာ ၆ သိန်းလောက်ပါသွားတယ်ဆိုရင် လမ်းခဂိတ်ကြေးက ၁ သိန်းလောက်ထိကျတော့ ကားသမားတွေအတွက် မကျန်တော့ဘူး။ တိတိကျကျ ပြောရမယ်ဆိုရင် အဲ့လောက်ပမာဏက သူတို့အတွက် မကိုက်တော့လေ နားထားကြရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ခရီးသည်လိုက်ပါ စီးနှင်းတာတွေလည်း ပျှမ်းမျှအနေနဲ့ လေးပုံတစ်ပုံလောက်သာရှိပြီး ပစ္စည်း ပါးတာတွေဘဲပိုများလာတယ်လို့ သူကဆက်ပြောပါတယ်။

အရင်နှစ်တွေထက် ခရီးသည် လျော့နည်းလာတာဟာ မြစ်ကြီးနားပူတာအို သွားတဲ့လမ်းမှာ လက်နက်ကိုင်အဖွဲ့တွေ လူသစ်စုစောင်းခေါ်တာတွေရှိတဲ့အတွက်ဖြစ်တယ်လို့ နောက်ထပ် ကားသမား တစ်ယောက်က ပြောပါတယ်။

လမ်းမှာ လူတွေကို ဆွဲခေါ်တာတွေရှိနေလို့ သိပ်ပြီး လိုက်မစီးကြတော့ဘူး၊ အဲ့တာတွေကြောင့် ခရီးသည်တွေ ပိုနည်းလာတယ်၊ သူတို့ကြိုက်တဲ့ သူပါရင် ခေါ်သွားကြတာ၊ ပြောရမယ်ဆိုရင် ဒီမူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို ပိုခေါ်သွားတတ်ကြတယ်၊ လမ်းမှာ ရပ်ပြီး စစ်ဆေးတာတွေ လုပ်ပြီး ခေါ်သွားကြတာပေါ့ လို့ ပြောပါတယ်။

အခုလို စက်သုံးဆီဈေးတွေ၊ ဂိတ်ကြေးတွေကြောင့် ရေရှည်မှာ ကားသမားတွေအနေနဲ့ ကားပြေးဆွဲတာတွေ အပြီးရပ်နားလိုက်ရပြီး စားဝတ်နေရေး ပြဿာနာတွေ ကြုံလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ကားသမားတွေအနေနဲ့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေတဲ့အချိန်၊ သက်တောင့်သက်သာ လုပ်စားကိုင်စားရတဲ့ အချိန်တွေ ပြန်ရောက်ချင်ပြီလို့လည်း ကားသမားတွေ ဆိုကြပါတယ်။

မြစ်ကြီးနားပူတာအို ကားလမ်းတစ်လျှောက် စုပေါင်းဂိတ်၊ စစ်ကောင်စီဂိတ်၊ ပြည်သူ့စစ်ဂိတ် စုစုပေါင်း ၆ ခုလောက်ရှိပြီးတော့ ကားတစ်စီးကို ၂၀၀၀ ကနေ ၈၀၀၀  နှုန်းကောက်ပြီး ပစ္စည်းခွန်ကိုတော့ ပစ္စည်းပေါ်မူတည်ပြီး ပေးဆောင်ရတယ်လို့ သိရပါတယ်။

By – BU BU

Show More

Related Articles

Back to top button